တည်ဆောက်ရေးလုပ်ငန်းများ ငွေထုတ်ရာတွင် ရပ်ကျေးတည်ကော် လက်မှတ်မလိုတော့
diz_admin
February 5, 2020တိုင်းအစိုးရဘတ်ဂျက်ဖြင့် ဆောက် လုပ်သည့် တည်ဆောက်ရေး လုပ်ငန်းများ ရာခိုင်နှုန်းအလိုက်ငွေထုတ်ရာတွင် ရပ်ကျေးတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ် ရေးအဖွဲ့၏ လက်မှတ်မလို အပ်တော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။ ထိုသို့ သတ်မှတ်ခြင်းကို လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး (တိုင်းဒေသကြီး တည်/ကော်ဥက္ကဋ္ဌ) ဦးအောင် သူရက ဆိုသည်။ တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက် တွင် ရပ်ကျေးတည်/ကော်များကို စောင့်ကြည့်ရေးအဖွဲ့ အနေဖြင့် ဆက်ထားမည် ဖြစ်သော်လည်း QC နှင့် Work Done လက်မှတ်ထိုးရန် မလိုတော့ဘဲ ဖြေလျော့ လိုက်သည်ဟု ဖော်ပြထားသည်။ တည်ဆောက်ရေးကုမ္ပဏီများက တောင်းဆိုသည့်အတွက် ယင်းကဲ့သို့ ဖြေလျော့ပေးလိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ […]