ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပဝတ်ကုန်းရွာသား လေးဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွတ်သေး

diz_admin

December 20, 2021

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ဒေသခံ လေးဦးကိုမူ နှစ်ပတ်ကျော်ကြာသည်အထိ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်ညက ရွာသား ၂၇ ဦးကို စစ်တပ်နှင့် ရဲများက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရှစ်ဦးနှင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နောက်ထပ် ၁၅ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ပဝတ်ကုန်းကျေးရွာဒေသခံများက ပြောသည်။ “တစ်ပတ်နီးပါးလောက်တော့ ရှိပြီပေါ့။ (၁၅ဦး) ပြန်လွတ်လာတာ” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ဆိုသည်။ သို့သော် အသက်သုံးဆယ်ကျော်ဝန်းကျင်ရှိကြသည့် ကိုငြိမ်းချမ်း၊ ကိုဇော်ထိုက်၊ မဇင်သီမာနှင့် နောက်ထပ် အမျိုးသားတစ်ဦးတို့မှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း အဖမ်းဆီးခံ […]

သထုံ နေရာခြောက်ခုတွင် ဗုံးဆက်တိုက်ပေါက်ကွဲ၊ လူတစ်ဦး ဒဏ်ရာရ

diz_admin

December 20, 2021

မွန်ပြည်နယ် သထုံမြို့ပေါ် နေရာခြောက်ခု၌ ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်အစောပိုင်းတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီးတွင် သထုံမြို့ပေါ်ရှိ စိုးမိုး Mobile ဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်အဖျော် ယမကာ အရောင်းဆိုင်နှင့် ပြည်တော်သာ အဖျော်ယမကာအရောင်းဆိုင်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းအပြင် သထုံမြို့ပေါ်ရှိ လဝကရုံးနှင့် ကညနရုံးနေရာတို့တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသည့်အပြင် သွားလာနေသည့် ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သထုံမြို့ခံတစ်ဦးက ပြောသည်။ “ဒီမနက် ပေါက်ကွဲမှုဖြစ်တာက အဓိက ဆိုင်တွေမှာ ဖြစ်တယ်။ ဆိုင်တချို့ ပျက်စီးသွားတာရှိတယ်။ […]

ဝေဒီရွာသားတစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

December 19, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားသည့် ဒေသခံတစ်ဦး၏ နေအိမ် ဒီဇင်ဘာလ ၁၇ ရက်တွင် ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဝေဒီကျေးရွာ မြောက်ပိုင်းတွင် နေထိုင်သည့် ကိုစိုးပိုင်ဆိုသူသည် ဒီဇင်ဘာလ ၁၆ ရက် ညဘက် အပြင်ထွက်ရာ ယင်းရွာဈေးအနီးရှိ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဝေဒီကျေးရွာ ဈေးအနီးရှိ ဘုန်းကြီးကျောင်း၌ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကိုစိုးပိုင်၏ နေအိမ်ကို ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မနက်ကျတော့ သူ့(ကိုစိုးပိုင်) ကို အိမ်မှာ […]

မြန်မာလုပ်သား ခြောက်ဦးပါသည့် တရားမဝင်ငါးဖမ်းလှေ ထိုင်းတွင် အဖမ်းခံရ

diz_admin

December 19, 2021

မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး လိုက်ပါသည့် တရားမဝင် ငါးဖမ်းလှေတစ်စီးကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ထိုင်းပင်လယ်ပြင်တွင် ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ ပြောသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တစ်ဖက်ရှိ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကမောက်ကျွန်းအနီးတွင် ဖမ်းမိခြင်းဖြစ်ကြာင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းအာဏာပိုင်များက ပြောဆိုခဲ့သည်။ Sathaphon အမည်ရှိ အဆိုပါ ထိုင်းငါးဖမ်းလှေပေါ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာ ခြောက်ဦးတို့ ပါရှိပြီး တရားမဝင် ငါးဖမ်းနေ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထိုင်းနိုင်ငံ၏ ရေကြောင်းအမျိုးသားအကျိုးစီးပွားဗဟိုဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ တရားမဝင် ငါးဖမ်း စောင့်ကြည့်ရေးစင်တာ (FMC) က တွေ့ရှိပြီး သက်ဆိုင်ရာဌာနတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ ဖမ်းဆီးမိသည့် […]

တနင်္သာရီတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ၊ ပစ်သတ်ခံရသူ သုံးရက်အတွင်း ငါးဦးအထိ ရှိလာ

diz_admin

December 18, 2021

တနင်္သာရီမြို့နယ်တွင် အမျိုးသားနှစ်ဦး ယနေ့ (ဒီဇင်ဘာ ၁၈) ပစ်သတ်ခံရပြီး အဆိုပါမြို့နယ်တွင် ပစ်သတ်ခံရသူ သုံးရက်အတွင်း ငါးဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်က လယ်သစ်ကျေးရွာ ရွာလမ်းတွင် ဒလန်ဟု သတင်းထွက်နေသူ တစ်ဦးကို လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားကြောင်း အဆိုပါကျေးရွာက ဒေသခံများက ပြောသည်။ အပစ်သတ်ခံရသူသည် အသက် ၄၀ နီးပါးရှိသူ ဦးဆန်းဝင်းဟုသိရှိရပြီး ယမန်နေ့က အသတ်ခံရသူ ဒေါ်လှဝင်း၏ အစ်ကိုဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။ ဒလန်ဟု သတင်းထွက်နေသည့် ၎င်း၏ ညီမ ဇနီးမောင်နှံနှင့် ၎င်းတို့၏ အပေါင်းအပါ အမျိုးသားတစ်ဦး ဒီဇင်ဘာလ ၁၆ ရက်နေ့ ညတွင် ပစ်သတ်ခံရဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ညီမဖြစ်သူ […]

ပိတ်ဆို့မှုကြောင့် ဒုက္ခတွေ့နေသည့် တောင်ပျောက်တိုက်နယ်

diz_admin

December 18, 2021

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီက လမ်းကြောင်းများတွင် ပိတ်ဆို့ စစ်ဆေးနေသဖြင့် ဒေသခံများ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရန်ပင် အခက်တွေ့နေပြီး သတ်ဖြတ်မှု၊ မီးရှို့မှု၊ ဖမ်းဆီးမှုများလည်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ပျောက်တိုက်နယ် အဝင်အထွက်လမ်းတစ်ခုဖြစ်သည့် သဲချောင်းကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က စစ်ဆေးရေးဂိတ်ချ တားဆီးစစ်ဆေးနေသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဆန်အိတ်နှင့် အခြားရိက္ခာ၊ ကွမ်းသီးအိတ်များ စသည်တို့ကို မည်သူမည်ဝါ၏ ပစ္စည်းဖြစ်ကြောင်း နာမည် ရေးထိုးပြီး မြို့တက်သည့် ကားဖြင့် တင်ပို့ရောင်းချခြင်း၊ ပစ္စည်းဝယ်ခြင်းတို့ ပြုလုပ်ကြကြောင်း ဒေသခံများက ဆိုသည်။ ၎င်းတို့ သင်္ကာမကင်းသည့် နာမည်များပါပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံရွာသားများ၏ စားနပ်ရိက္ခာများကို သိမ်းခြင်း၊ ကွမ်းသီးအိတ်များကို သိမ်းခြင်း၊ ငွေကြေးများကို သိမ်းသည့်အပြင် လူကိုလည်း မသင်္ကာပါက ဖမ်းဆီးသည်ဟု […]

သရက်ချောင်း သဲချောင်းကြီးရွာက NLD အမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

December 18, 2021

သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာက NLD ပါတီအမာခံ ဦးဆန်းထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်လိုက်ကြောင်း အိမ်ပိုင်ရှင်နှင့် ဒေသခံရွာသားအချို့က ပြောသည်။ အသက် ၄၃ နှစ်အရွယ် ဦးဆန်းထွန်း (ခေါ်) ကိုရန်ကုန် ၏ နေအိမ်မှာ ယခင်က NLD ပါတီဆိုင်းဘုတ် တင်ထားသည့် နေအိမ်ဖြစ်ပြီး ၎င်းတို့မိသားစုမှာလည်း NLD ပါတီထောက်ခံသူများဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းသည် PDF အဖွဲ့နှင့်ဆက်နွယ်သည်၊ ထောက်ခံအားပေးသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၉ ရက်တွင် ယင်းအိမ်ကို ဝိုင်းခဲ့ကြပြီး လူကိုမတွေ့သဖြင့် ဖုန်းငါးလုံးကို သိမ်းယူသွား ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးဆန်းထွန်း အပါအဝင် မိသားစုဝင်များအားလုံး ရှောင်တိမ်းနေရပြီး ဦးဆန်းထွန်းကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ကာ […]

မြိတ်တွင် မြကန်သာရွာက ပြောင်းရွှေ့ခံရသည့် လူရှစ်ရာကျော် အကူအညီလို

diz_admin

December 18, 2021

မြိတ်မြို့တွင် မြကန်သာကျေးရွာဟု ခေါ်ဝေါ်ကြသည့်နေရာမှ ပြောင်းရွှေ့ခံရသည့် အိမ်ထောင်စု ၁၆၀ နီးပါး လူဦးရေအားဖြင့် ရှစ်ရာကျော်အတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စု၊ MFD အိမ်ရာအနီးရှိ မြကန်သာကျေးရွာဟု အမည်တပ်ထားသည့် မြေပေါ်တွင် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင် အိမ် ၁၅၂ ဆောင် အိမ်ထောင်စုအားဖြင့် ၁၆၀ နီးပါးကို မြိတ်အနာဂတ်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MDF) က ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ ယင်းနေရာတွင် ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့သည့် အဆိုပါ လူရှစ်ရာကျော်သည် ကုမ္ပဏီက အစားထိုး နေရာချပေးသည့် မြကန်သာရွာနှင့် မိုင်ဝက်ခန့် ဝေးကွာသည့် တောင်ခြေရင်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းတို့အတွက် လတ်တလောတွင် စားသောက်ရန် အခြေခံစားသောက်ကုန်များ […]