ထားဝယ်အရှေ့တောနယ်မှ စစ်ရှောင်ကလေးများအတွက် အစားအစာနှင့် ဆေးဝါးများလိုအပ်နေ
diz_admin
August 3, 2022စစ်ဘေးရှောင်နေရသည့် ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာအလင်း မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာမှ ကလေးများအတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်နေကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ မေတ္တာအလင်းဂေဟာကို ယခင်က အရှေ့တောနယ် ဝကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့ပြီး ဧပြီလနောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ခမောင်းသွယ်တိုက်နယ် မြေးခံဘော်ရွာသို့ပြောင်းရွှေ့ဖွင့်လှစ်ကာ စစ်ဘေးရှောင်နေရကြောင်း ဂေဟာဆရာမတစ်ဦးက ပြောသည်။ လက်ရှိတွင် ဂေဟာရှိ ကလေး ၂၈ ဦးအတွက် အစားအသောက် အခက်အခဲဖြစ်ပေါ်နေပြီး ကလေး ၈ ဦးမှာလည်း ဖျားနာနေကြောင်း ၎င်းက ဆိုသည်။ “စားသုံးဆီဆိုရင် မဝယ်နိုင်တာ တစ်လလောက်တောင်ရှိနေပြီ။ ဈေးကြီးတယ်ဆိုတော့လေ။ ဆန်ကြတော့လည်း တစ်ခါတလေ ထမင်းနှစ်နပ်ပဲကျွေးရတာတွေရှိတယ်။ နေမကောင်းတဲ့သူတွေကိုလည်း ဆေးဝါးမရှိတော့ ကျန်းမာရေးဆရာမနဲ့ပြပေးရတယ်။ ဆရာမက ဆေးဖိုးလျှော့ယူတာတောင်မှ တစ်ခါပြရင် တစ်သောင်းလောက် ကုန်တာဆိုတော့ အခုအကြွေးတွေတင်နေတယ်” ဟု ၎င်းဆရာမ ပြောဆိုသည်။ ယင်းအတွက်ကြောင့် […]


