ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် မြန်မာလုပ်သားလူငယ်တစ်ဦး စက္ကူစက်တွင်ညှပ်ပါပြီးသေဆုံး

diz_admin

August 16, 2022

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ စက္ကူစက်ရုံတစ်ခုတွင် လုပ်ကိုင်နေသော အသက် ၁၈နှစ်အရွယ် မြန်မာအလုပ်သမား တစ်ဦးသည် ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် အလုပ်လုပ်ကိုင်နေရင်း စက်တွင်ညှပ်ပါပြီး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ ဖန်းထောဒေသရှိ စက္ကူပါကင်ပိတ်စက်ရုံ (Print and Pack Co., Ltd.) တွင် စက္ကူဖြတ်စက်ကြီးအထဲသို့ ဦးခေါင်းနှင့် ခန္ဓာကိုယ်ထက်ဝက်ခန့် ညှပ်လျက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ သေဆုံးသွားသော မြန်မာအလုပ်သမားမှာ အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး မောင်ထွန်းမြတ် (ထိုင်းဘာသာဖြင့် ဖော်ပြချက်ဖြစ်သဖြင့် အမည်လွဲနိုင်) ဆိုသူဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။ အတူတူလုပ်ကိုင်နေသူ မြန်မာအလုပ်သမားတစ်ဦး၏ ပြောကြားချက်အရ ၎င်းအပြင်သို့ ထွက်ချိန်တွင် မောင်ထွန်းမြတ်သည် စက်ကြီးအထဲသို့ စက္ကူပြားများကို ပုံမှန်အတိုင်းထည့်သွင်းနေခဲ့သည်ဟု သိရကြောင်း သတင်းတွင် […]

မွန် မြို့နယ်ငါးခုတွင် ရေကြီးပြီး ပြည်သူအချို့ ဘေးလွတ်ရာရွှေ့ပြောင်း

diz_admin

August 16, 2022

မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ် ၁၆) နံနက်ပိုင်းကစပြီး ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ရေကြီးနစ်မြုပ်မှုနေကြောင်း ၎င်းတို့ထံမှ သိရသည်။ မော်လမြိုင်မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇေယျာမြိုင်၊ သီရိမြိုင်၊ လှိုင်၊ သာယာအေး၊ ရွှေပြည်အေး ဇေယျာသီရိတို့တွင် ရေကြီးနစ်မြုပ်နေပြီး ပြည်သူအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း အကူအညီပေးနေသူတို့ထံမှ သိရသည်။ “မိုးများပြီး ရေကြီးရေလျှံမှုဖြစ်လို့ နေအိမ်တွေမြုပ်ကုန်ပြီ။ တချို့က ဘေးလွတ်ရာ ပြောင်းနေရပြီ။ မိုးကလည်း ကောင်းတုန်းပဲ” ဟု ရေဘေးအကူအညီပေးနေသူ မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ရေဘေးသင့်ပြည်သူများကို လူမှုကယ်ရေးအဖွဲ့များနှင့် အလှူရှင်တို့က အစားအသောက်များ ကူညီပေးနေသည်ဟု ရေဘေးသင့်သူတို့ထံမှ သိရသည်။ ကျိုက်မရောမြို့နယ်တွင် […]

ရေဖြူ ဘဝါရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

August 16, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ဘဝါကမ်းခြေရွာတွင် ဩဂုတ်လ ၁၅ ရက်က အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူမှာ ယင်းကျေးရွာသား အသက် ၆၀ ဝန်းကျင်အရွယ် ဦးသံချောင်းဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက် ည ၈ နာရီဝန်းကျင်က လက်နက်ကိုင်အမျိုးသားလေးဦးက ဦးသံချောင်းဆိုသူကို နေအိမ်ပါ်မှ ခေါ်ချပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လေးချက်လောက်ပစ်သံကြားတယ်။ ဒဏ်ရာက ရင်ဘက်မှာ တစ်ချက်၊ နံကိုင်းမှာ တစ်ချက် တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ဦးသံချောင်းဆိုသူမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစုသား (ခေါ်) ဦးစိုးမြင့်၏ သူငယ်ချင်းဖြစ်ပြီး အမြဲအတူသွားလာလေ့ရှိကာ ဦးစိုးမြင့်မှာ ပြီးခဲ့သည်လပိုင်းက သေနတ်ပစ်ခတ်ခံရမှုမှ လွတ်မြောက်ပြီး ထွက်ပြေး […]

မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်းနေရာအချို့ ရေကျော်

diz_admin

August 16, 2022

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံမြို့နယ် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းရွာကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်းနေရာတွင် ရေကြီးရေလျှံနေကြောင်း ဒေသခံများထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာသည့်အတွက် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းရွာကြား မိုင်တိုင်အမှတ် (၃၄/၁) နှင့် (၃၄/၂) အကြားတွင် ယနေ့ (ဩဂုတ် ၁၆) နံနက်ပိုင်းမှစကာ ကားလမ်း ရေကျော် နေကြောင်း ၎င်းတို့ထံမှ သိရသည်။ “မိုးက မနေ့ညနေကတည်းက ဆက်တိုက်ရွာနေတာ။ ကားလမ်းမှာ မနက်ကတည်းက ရေစကျော်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရေကြီးရေလျှံနေသည့် ကားလမ်းပိုင်းနေရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့က ကားများ၊ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်ရှိအနေအထားတွင် ကားများ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနေကြသော်လည်း ရေပိုများလာပါက အန္တရာယ်ရှိနိုင်ကြောင်း […]

မြိတ်လေယာဉ်ကွင်းအနီး ပြည်သူ့စစ်ကား မိုင်းခွဲတိုက်ခိုက်ခံရ

diz_admin

August 16, 2022

မြိတ်မြို့ လေယာဉ်ကွင်းအနီးတွင် ယနေ့ (ဩဂုတ် ၁၆) နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ကားဖြင့် သွားလာနေစဉ် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်လေယာဉ်ကွင်းအနီး ကန်ဖျားမြေနီလမ်း လမ်းဆုံတွင် ယနေ့ နံနက် ၆နာရီဝန်းကျင်က ပေါက်ကွဲသံ အကျယ်ကြီး ကြားရကြောင်း ယင်းအနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောသည်။ “ဗုံးပေါက်ကွဲသံက အကျယ်ကြီးကြားရတယ်။ လူတွေထိခိုက်သွားတယ်လို့လည်း ပြောနေကြတယ်။ အတိအကျတော့ မသိသေးဘူး” ဟု လေယာဉ်ကွင်းအနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ “စားသောက်ဆိုင်ရှေ့လမ်းဆုံမှာ မြစ်ပင်တွေ ဖွာလန်ကြဲနေတာ တွေ့ရတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ မြိတ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ‘နန်းထိုက်အောင်စစ်ဆင်ရေး’ အမည်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် […]

လောင်းလုံး သဘော့ဆိပ်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

August 16, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ အောင်ချမ်းသာရပ်ကွက်တွင် ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူမှာ ယင်းကျေးရွာသား အသက် ၅၀ ကျော်အရွယ်ရှိ ဦးမောင်ထွေးဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသားမှာ ကားအငှားလိုက်သူဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီက ကားဖြင့် ထားဝယ်မှအပြန် နေအိမ်သို့ ရောက်လာစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မျက်နှာချည်း ပစ်သွားတယ်။ ဒဏ်ရာက ခြောက်ချက်လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။ ဦးမောင်ထွေးကို လောင်းလုံးမြိုနယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Launglone people defence force (LLPDF) အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ ဦးမောင်ထွေးသည် […]

မလေးရှားတွင် မြန်မာနိုင်ငံကဒုက္ခသည်များကို ပြည်ပရန်ပုံငွေဖြင့် ကျွမ်းကျင်လုပ်သားသင်တန်းပေးမည်

diz_admin

August 15, 2022

မြန်မာနိုင်ငံက ဒုက္ခသည်များကို ပြည်ပက လှူဒါန်းသည့် ရန်ပုံငွေဖြင့်သာ မလေးရှားအစိုးရက အလုပ်အကိုင်ကျွမ်းကျင် သင်တန်းပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပသော ဖိုရမ်တစ်ခုတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာရီ ဆိုင်ဖူဒင် အက်ဘ်ဒူလက်ရှ်က နေပြောကြားသည်။ ဒုက္ခသည်များအနေဖြင့် လုပ်ငန်းခွင်ဝင်ရန် လိုအပ်သော အရည်အချင်းများ မရှိသည့်အတွက် အလုပ်မရနိုင် ဖြစ်နေကာ ၎င်းတို့ကို ကျွမ်းကျင်သင်တန်းပို့ချရာတွင်လည်း ပြည်ပရန်ပုံငွေကိုသာ အသုံးပြုမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ ယင်းသို့ သင်တန်းပေးရာတွင် ပြည်သူများ၏ အခွန်ငွေများ မပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။ “စားသောက်ဆိုင်တွေ၊ စက်ရုံတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သမား လိုအပ်ချက်တွေရှိနေပေမယ့် မြန်မာဒုက္ခသည်တွေအနေနဲ့က လုပ်ငန်းကျွမ်းကျင်မှု မရှိနေသေးလို့ အလုပ်ရှင်တွေက အလုပ်မခန့်ချင်ကြဘူး” ဟု ဝန်ကြီးက ပြောဆိုကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။ […]

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆ နှစ်ထပ်မံချမှတ်ခံရ

diz_admin

August 15, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိလိုက်စားမှု လေးမှုအတွက် ယနေ့ (ဩဂုတ် ၁၅) တွင် ထောင်ဒဏ် ခြောက်နှစ် ထပ်မံချမှတ်လိုက်သည်။ ရန်ကုန်မြို့တော်ရှိ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းရုံးချုပ်အတွက် မြေငှားရမ်းမှု၊ နေပြည်တော်တွင် လရောင်တော စီမံကိန်းနှင့် စိုက်ခင်းအတွက် မြေနေရာငှားရမ်းမှု၊ အဆောက်အအုံ ဆောက်လုပ်မှုတို့တွင် နိုင်ငံတော်ငွေကြေးများ ဆုံးရှုံးနစ်နာသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ ယင်းအမှုတို့ကို နေပြည်တော်ထောင်တွင်း တရားရုံးက ယနေ့ အမိန့်ချမှတ်ခြင်းဖြစ်သည်။ နေပြည်တော်နှင့် ပတ်သက်သည့် အမှု သုံးခုအတွက် တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီချမှတ်ပြီး တပေါင်းတည်း ချခံစေရန် အမိန့်ချမှတ်သဖြင့် ထောင်ဒဏ် သုံးနှစ် ကျခံရမည်ဖြစ်သည်။ ရန်ကုန်နှင့် ပတ်သက်သည့် အမှုအတွင် ထောင်ဒဏ် သုံးနှစ် ချမှတ်သဖြင့် […]