ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်

diz_admin

March 17, 2022

မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ကြက်မအုပ်ရွာဟောင်းအနီးတွင် ယနေ့ (မတ် ၁၇) ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံက် ၇ နာရီခွဲခန့်တွင် ကြက်မအုပ်ရွာအနီး စစ်ကောင်စီတပ်နှင့် PDF တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် သေနတ်သံများကြားရပြီး ပေါက်ကွဲသံများလည်း ကြားရကြောင်း ပပြင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။ “သေနတ်သံက ၁၀ မိနစ်လောက်ပဲ ကြားရတယ်။ စစ်ကောင်စီဖက်က အထိအခိုက်ရှိတယ်လို့ကြားရတယ်။ ဘယ်လောက်ထိတယ်ဆိုတာတော့ မသိရသေးဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။ မြိတ်ဘက်က ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပွားသည်ဟု လတ်တလော ကြားသိရကြောင်း အဆိုပါဒေသခံက ပြောဆို သည်။ အဆိုပါကျေးရွာအုပ်စုအနီးတွင် မတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ် […]

မြိတ်ဒေသတွင် ကွမ်းသီးတစ်ပိဿာ ကျပ် ၁၆၀၀ ဈေးကျဆင်း

diz_admin

March 17, 2022

မြိတ်ဒေသတွင် ကွမ်းသီးခြောက်ဈေး တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ကျော် ဈေးပေါက်ခဲ့ရာမှ လက်ရှိတွင် ၄၈၀၀ သို့ ဈေးပြန်ကျသွားကြောင်း ကွမ်းသီးခြံရှင်များနှင့် ကွမ်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူများ ထံမှ သိရသည်။ မြန်မာနိုင်ငံက ကွမ်းသီးများကို အိန္ဒိယသို့ အဓိကတင်ပို့ရောင်းချနေပြီး လက်ရှိတွင် ကလေး-တမူး နယ်စပ် ဂိတ် ပိတ်ထားသဖြင့် ကွမ်းသီးဈေး ဆက်တိုက်ကျဆင်းနေခြင်းခြင်းဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ကလေး-တမူးနယ်စပ်ဂိတ်အား ၂၀၂ဝ မတ်လ ၁၀ ရက်မှစပြီး အိန္ဒိယနိုင်ငံဘက်က ကိုဗစ်ကြောင့် ပိတ်ခဲ့ပြီးနောက် ၂၀၂၁ နိုဝင်ဘာတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့က မြိတ်တွင် ကွမ်းသီးဈေးတစ်ပိဿာလျှင် ကျပ်ခြောက်ထောင်လေးရာအထိ ဈေးရရှိခဲ့ကြောင်း ကွမ်းခြံရှင်အချို့က ပြောပြသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန် ၂၀၂၂ […]

ထားဝယ်ဒေသထွက် ဓနိဖက် ဈေးတက်

diz_admin

March 16, 2022

ထားဝယ်ဒေသထွက် ဓနိဖက် တစ်ထောင်လျှင် ယခုနှစ် ကျပ်သုံးသောင်းဝန်းကျင်း ဈေးတက်ကြောင်း ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူများနှင့် သုံးစွဲသူများထံမှ သိရသည်။ ယမန်နှစ်က ဓနိဖက် တစ်ထောင်ကို ငွေကျပ် ကိုးသောင်း ဈေးရပြီး ယခုနှစ်တွင်မူ ‌တစ်သိန်းနှစ်သောင်း ကျပ် ဈေးရကြောင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ဓနိဖက်လုပ်သူက ရှားလာသလို ဖက်ထိုးခလည်း ဈေးကြီးလာတယ်” ဟု ၎င်းက ဆိုသည်။ ဓနိဖက်လုပ်ရာတွင် ကုန်ကျစရိတ် ကြီးလာသဖြင့် ဓနိဖက်လည်း ဈေးတက်ခြင်းဖြစ်ကြောင်း ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။ ဖက်တစ်ထောင်ကို ယမန်နှစ်က ထိုးခ (လက်ခ)‌ အနေနဲ့ နှစ်‌‌သောင်းဝန်းကျင်သာပေးရပြီး ယခုနှစ်တွင်မူ နှစ်‌သောင်းငါး‌ထောင်ကျပ် ပေးရကြောင်း လောင်းလုံးမြို့နယ်က ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူ နောက်တစ်ဦးက ပြောသည်။ “ဖက်ဈေးကောင်းရင် ထိုးခလည်း ပိုပေးရလေ့ […]

သရက်ချောင်း စော်ဖျားရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

March 16, 2022

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် အမျိုးသားတစ်ဦး မတ်လ ၁၅ ရက်က အသတ်ခံရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။ အသတ်ခံရသူမှာ ဒလန်ဟုစွပ်စွဲခံရသည့် အသက် ၃၅ နှစ်ခန့်ရှိ ကိုသက်ထွေးဆိုသူဖြစ်ပြီး ရွာနှင့် ခြောက်မိုင်ခန့်အကွာတွင် ရှိသည့် နွားလပို့တောင်ခြေရှိ ၎င်း၏ ရော်ဘာခြံတွင် အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အခင်းဖြစ်နေရာကို မသွားရဲကြသဖြင့် ရုပ်အလောင်းကို ယနေ့ (မတ် ၁၆) မွန်းလွဲ ၁နာရီခွဲအချိန် အထိ ကောက်ယူခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ “အလောင်းက ဘယ်လိုအခြေအနေရှိလဲ မသိဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ အဆိုပါအမျိုးသားကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက သတ်သွားသည်ကို မသိရသေး ကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်တွင် ကမ်းနားဈေးသည် အများအပြား အဖမ်းခံရ၊ အချို့ပြန်လွတ်

diz_admin

March 16, 2022

ထားဝယ်မြို့ ကမ်းနားဈေးတွင် ရောင်းချနေသည့်ဈေးသည် အများအပြား ယနေ့ (မတ် ၁၆) နံနက် ၃နာရီဝန်းကျင်က အဖမ်းခံရ‌ကြောင်း ဈေးသည်အချို့ထံမှ သိရသည်။ ထားဝယ်ကမ်းနားဈေးက ဈေးသည်များကို ညမထွက်ရအမိန့် ဖောက်ဖျက်သည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း ဈေးသည်အချို့က ပြောသည်။ အဖမ်းဆီးခံရသည့် ဈေးသည်အရေအတွက်မှာ ၇၀ ဝန်းကျင်၊ တစ်ရာ ဝန်းကျင်၊ နှစ်ရာဝန်းကျင် စသည်ဖြင့် ပြောဆိုကြသော်လည်း ဖမ်းဆီးခံရသည့် ဈေးသည်အရေအတွက် အတိအကျကိုမူ သီးခြားအတည်မပြု နိုင်သေးပေ။ ယမန်နှစ်ကတည်းက ထားဝယ်မြို့နယ် အပါအဝင် မြို့နယ်အများစုတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ “ဖမ်းခံရသူတွေအများစုက မြို့ပေါ်က ဈေးသည်တွေလို့ သိရတယ်။ သူတို့က မနက်သုံးနာရီလောက် ကတည်းက ဈေးကိုလာနေကြတာ” […]

ထားဝယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

March 16, 2022

ထားဝယ်မြို့ တလိုင်းမရပ်ကွက်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး မတ်လ ၁၅ ရက် ညနေပိုင်းတွင် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ ကိုအောင်သီဟဆိုသူဖြစ်ပြီး တလိုင်းမစုအရပ် တံတားထိပ်တွင် ထိုင်နေစဉ် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့်လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တံတားထိပ်တွင် သူငယ်ချင်းနှစ်ဦးနှင့်အတူ ထိုင်နေစဉ် ကိုအောင်သီဟကို ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းနောက် ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကိုအောင်သီဟကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သေဆုံးသူ အောင်သီဟသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး CDM ဝင်ထားသည်ဟု ဟန်ဆောင်ကာ ဆန္ဒပြသူ များကို သတင်းပေးဖမ်းဆီးခိုင်းခဲ့ကြောင်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့က […]

ပုလောတွင် တိုက်ပွဲဖြစ်သဖြင့် ရွာသားများ ထွက်ပြေးနေရ

diz_admin

March 16, 2022

ပုလောမြို့နယ်၊ ပုလောကုန်းရွာမှာ ယနေ့ (မတ် ၁၆) နံနက် ၄ နာရီခွဲအချိန်ကစပြီး တိုက်ပွဲဖြစ်နေသည့် အတွက် ဒေသခံရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်း ပျူစောထီးများနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲစတင် ဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာတွင် စစ်ကောင်စီတပ် ရောက်ရှိလာပြီး လက်နက်ကြီးများလည်း ပစ်သဖြင့် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။ ပုလောကုန်းရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ၏ နေအိမ်တွင် ဗုံးဖြင့်ဖောက်ခွဲခံရပြီးနောက် တိုက်ပွဲစတင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ ကြက်တွန်ကတည်းက၊ အခုထိလည်း အသံတွေ ကြားနေရ တုန်းပါ။ နည်းနည်းတော့ လျော့သွားပြီ” ဟု ပုလောကုန်းအုပ်စု၊ ဂျင်းဂါရွာသားတစ်ဦးက နံနက် ၉ နာရီခွဲ အချိန်က ပြောသည်။ ပစ်ခတ်သံများ နံနက် […]

မော်လမြိုင်တွင် သောက်ရေသန့် ဈေးတက်

diz_admin

March 15, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် သောက်ရေသန့် ၂၀ လီတာဗူးများ မတ်လ ၁၆ ရက်နေ့မှစပြီး နှစ်ရာကျပ် ဈေးနှုန်း တိုးမြှင့်မည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်တို့ထံမှ သိရသည်။ ၂၀ လီတာ သောက်ရေသန့်တစ်ဗူးလျှင် ကျပ် ၅၀၀ ဖြင့် ဖြန့်ဖြူးရောင်းချနေရာမှ မတ်လ ၁၆ ရက်နေ့မှစကာ ကျပ် ၇၀၀ ဖြင့် ဈေးနှုန်းပြောင်းလဲသတ်မှတ် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အထွေထွေကုန်ကျစရိတ် မြင့်မားလာမှုနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် မော်လမြိုင် မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းကြပြီး ဈေးနှုန်း ပြောင်းလဲသတ်မှတ်ရန် သဘောတူဆုံးဖြတ်ကြကြောင်း သောက်ရေသန့်လုပ်ငန်းရှင်တို့ထံမှ သိရသည်။ “လုပ်ငန်းရှင်တွေအားလုံး တိုင်ပင်ကြပြီးတော့ ဒီဈေးနှုန်းနဲ့ သတ်မှတ်ရောင်းချဖို့ သဘောတူကြတယ်” ဟု သောက်ရေသန့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ […]