ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုဗစ်ချေးငွေ တနင်္သာရီတိုင်းက သဘင်နှင့် ဆိုင်းဝိုင်းကိုးဖွဲ့ ချေးခွင့်ရ

diz_admin

March 27, 2022

ကိုဗစ်ကုစားရေးချေးငွေ ချေးခွင့်ရရှိသည့် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်း ၈၈၂ ခု စာရင်းကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက သဘင်နှင့် ဆိုင်းဝိုင်းလုပ်ငန်းအဖွဲ့ ကိုးဖွဲ့ ငွေချေးခွင့်ရရှိသည်။ မတ် ၂၃ ရက် ရက်စွဲဖြင့် ယနေ့ (မတ် ၂၇) ထုတ်ပြန်ထားသော အဆိုပါထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းရှိ သဘင်လုပ်ငန်း ၅ ဖွဲ့နှင့် ဆိုင်းလုပ်ငန်း ၄ ဖွဲ့က ချေးငွေ ချေးခွင့်ရရှိခြင်းဖြစ်သည်။ ထားဝယ်မြို့အခြေအစိုက် သဘင်အဖွဲ့ နှစ်ဖွဲ့၊ ရေဖြူမြို့အခြေစိုက်သဘင်အဖွဲ့ တစ်ဖွဲ့၊ မြိတ်မြို့အခြေစိုက် သဘင်အဖွဲ့ တစ်ဖွဲ့နှင့် ဆိုင်းအဖွဲ့လေးအဖွဲ့တို့ ငွေချေးခွင့်ရရှိသည်။ ယင်းချေးငွေအတွက် တစ်ဖွဲ့လျှင် ကျပ်သိန်း ၃၀၀ နှုန်း ချေးခွင့်ပေးရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း […]

မြိတ်တွင် ဆိုင်ကယ် မကြာခဏ အခိုးခံရ

diz_admin

March 27, 2022

မြိတ်မြို့တွင် ယခုလပိုင်းအတွင်း မော်တော်ဆိုင်ကယ်များ မကြာခဏ အခိုးခံနေရကြောင်း ဆိုင်ကယ် ပျောက်ဆုံးသည့် ကာယကံရှင်များနှင့် တစ်ပတ်ရစ် ဆိုင်ကယ်အရောင်းအဝယ်ဆိုင်အချို့ထံမှ သိရသည်။ ဆိုင်ကယ်များ ညဘက်တွင်သာ အခိုးခံရခြင်း မဟုတ်တော့ နေ့ခင်းဘက်တွင်ပါ အခိုးခံရခြင်းဖြစ်ကြောင်း ဆိုင်ကယ်ပျောက်ဆုံးသည့် ကာယကံရှင်များက ပြောသည်။ မြိတ်တောင်နယ်မြေတွင် မတ်လ ၂၅ ရက်နေ့ နေ့ခင်းဘက်အချိန်က Click I အမျိုးအစား ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ကြောင်း အသက် ၅၀ နှစ်ကျော်ရှိ ကာယကံရှင် အမျိုးသားတစ်ဦးက ပြောသည်။ “အိမ်ရှေ့မှာရပ်ထားတာ။ ခဏလေးပဲ ပြန်ထွက်လာတော့ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ Click I အမျိုးအစား ဆိုင်ကယ်များမှာ အသစ်ဆိုလျှင် ကျပ်သိန်း ၄၀ ဝန်းကျင် ဈေးပေါက်ပြီး တစ်ပတ်ရစ်ဆိုလျှင် သိန်း ၂၀ […]

တနင်္သာရီတိုင်း မြို့နယ်နှစ်ခုတွင် မွန်စာပေသင်တန်းစဖွင့်

diz_admin

March 26, 2022

တနင်္သာရီတိုင်း ပလောနှင့် ရေဖြူမြို့နယ်တို့တွင် နွေရာသီ မွန်စာပေသင်တန်းကို မတ်လ ဒုတိယပတ်တွင် စတင်ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။ နွေရာသီ မွန်စာသင်ကြားမှုသင်တန်းကို မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာများ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးစေလိုသည် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ် သင်ကြားပေးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယင်းသင်တန်းကို ယခင်နှစ်များက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း တို့တွင် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု အဖွဲ့မှ အတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောသည်။ “ဒီနှစ်ကတော့ ၂၁ မြို့နယ် ပါဝင်လာတယ်။ တနင်္သာရီတိုင်းက ပလောမြို့နယ်နဲ့ ရေဖြူမြို့နယ် နှစ်ခု […]

ပုလောမြို့နယ်တရားရုံးတွင် ဗုံးနှစ်လုံး ပေါက်ကွဲ

diz_admin

March 26, 2022

မြိတ်ခရိုင် ပလောမြို့နယ်တရားရုံးတွင် ယနေ့ (မတ် ၂၆) ဗုံးနှစ်လုံး ပေါက်ကွဲကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မြို့နယ်တရားရုံး၌ ယနေ့ နံနက် ၄ နာရီခန့်တွင် ဗုံးတစ်လုံး ပေါက်ကွဲပြီးနောက် နံနက် ၅ နာရီခန့်တွင် နောက်ထပ်တစ်လုံး ထပ်မံပေါက်ကွဲကြောင်း ပုလောမြို့ဒေသခံများက ပြောသည်။ “ပေါက်ကွဲတာ အကြမ်းကြီးပဲ။ ခေါင်မိုးတွေတောင် လန်ထွက်သွားတယ်” ဟု ပုလောဒေသခံတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုကြောင့် တရားရုံးခေါင်မိုး၊ ပရိဘောဂများ၊ ပြတင်းပေါက်များ ပျက်စီးသွားပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။ “အဲဒီအချိန်က ရုံးမှာ လူမရှိတဲ့အချိန်လေ။ အချိန်ကိုရွေးပြီးတော့ လုပ်တာဖြစ်မယ်” ဟု ပုလောဒေသခံက ၎င်း၏ ယူဆချက်ကို ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် လက်ရှိအချိန်တွင် […]

မြိတ်-တနင်္သာရီလမ်းပေါ် စစ်ကောင်စီကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

March 25, 2022

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် သွားလာစဉ် ယနေ့ (မတ် ၂၅) ညနေ့ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ယင်းအနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စု၊ ကဒဲလိပ်ရွာနှင့် မိုင်ဝက်ခန့်အကွာတွင် ယနေ့ ညနေ ၄ နာရီ ကျော်ခန့်က မြိတ်ဖက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီကားသုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကဒဲလိပ်ကျေးရွာ ဒေသခံရွာသားအချို့က ပြောသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ ငါးချက်လောက် ကြားတယ်။ အထိအခိုက်ကတော့ မသိရဘူး။ရွာသားတွေလည်း သွားမကြည့်ရဲကြဘူး” ဟု ယင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရသည့်နေရာအနီးတွင် အမြောက်တပ်ရင်း တစ်ခုရှိကြောင်းလည်း ရွာသားအချို့က ဆိုသည်။ ဘုတ်ပြင်းဖက်က တက်လာသည့် စစ်ကောင်စီတပ် ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ည ၈ နာရီတွင် ထုတ်ပြန်ထားသည်။ […]

မြိတ်တွင် အုတ်တစ်ထောင် ကျပ်နှစ်သောင်းခန့် ဈေးတက်ပြီးနောက် ဈေးပြန်ကျ

diz_admin

March 25, 2022

မြိတ်တွင် အုတ်ချပ်တစ်ထောင်လျှင် ယမန်နှစ်ဈေးထက် ကျပ်နှစ်သောင်းခန့် ဈေးတက်ခဲ့ပြီး လက်ရှိတွင်မူ ကျပ်တစ်သောင်းခွဲခန့် ဈေးပြန်ကျသွားကြောင်း အုတ်လုပ်ငန်းရှင်များနှင့် အုတ်ဝယ်ယူအသုံးပြုသူအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်က အိမ်အရောက် အုတ်ချပ် တစ်ထောင်လျှင် ကျပ်ရှစ်သောင်း ဈေးရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် စက်သုံးဆီ ဈေးတက်ပြီးနောက် အုတ်ဈေးလည်း ကျပ်တစ်သိန်း ဈေးပေါက် ခဲ့ကြောင်း အုတ်လုပ်ငန်းရှင်များထံမှ သိရသည်။ “ကုန်ကျစရိတ်တွေက ဈေးတက်တယ်” ဟု မြိတ်မြို့က အုတ်လုပ်ငန်းရှင်တစ်ဦးက အုတ်ဈေးတက်ရသည့် အကြောင်းအရင်းကို ပြောဆိုသည်။ သို့သော် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့် သံချောင်းများ ဈေးနှစ်ဆ မြင့်တက်သဖြင့် အိမ်ဆောက်သူနည်းပါးလာပြီးနောက် အုတ်ဝယ်သူ နည်းလာကြောင်း အုတ်လုပ်ငန်းရှင်အချို့က ဆိုသည်။ ထို့ကြောင့် မြိတ်မြို့၌ မတ်လတွင် အုတ်တစ်ထောင်ဈေး ကျပ်ရှစ်သောင်းခွဲသာ ဈေးရတော့ကြောင်း မြိတ်မြို့က အုတ်လုပ်ငန်းရှင်အချို့ထံမှ […]

ကျိုက်မရော ချောင်းနှစ်ခွတံတား စစ်ဆေးမှုတင်းကျပ်

diz_admin

March 24, 2022

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ ရဲကင်း ပစ်ခတ်ခံရပြီးနောက် တစ်ရက်ကြာ ပိတ်ထားခဲ့ပြီး တံတားကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုရာတွင်လည်း စစ်ဆေးမှုတင်းကျပ်ထားကြောင်း ခရီးသွားဒေသခံတို့ထံမှ သိရသည်။ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက မတ်လ ၁၉ ရက်နေ့တွင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ အဆိုပါပစ်ခတ်မှုဖြစ်ပွားသည့်နေ့တွင် တံတားကိုဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားခဲ့ပြီး နောက်နေ့တွင် တံတားဖြတ်သန်းခွင့်ပြုသော်လည်း စစ်ဆေးမှု တင်းကျပ်လာကြောင်း ခရီးသွားဒေသခံတို့ထံမှ သိရသည်။ “ဖြတ်သမျှ ဆိုက်ကယ် ကား အကုန်စစ်တယ်။ ဆိုင်ကယ်ဆိုရင် ဘောက်တွေဖွင့် စစ်တယ်။ အထုပ်ပါလာရင် ဖွင့်ခိုင်းပြီး စစ်တယ်” ဟု မတ်လ ၂၃ ရက်နေ့က တံတားကို ဖြတ်သန်းသွားလာခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ တံတားတွင် စစ်ဆေးမှု တင်းကျပ်နေသည့်အတွက် ခရီးသွားများ အချိန်ကြန့်ကြာမှုကြုံတွေ့နေရသည့်အပြင် အချို့ကလည်း ခရီးသွားလာရန် […]

တိုင်းအတွင်းသုံးနေသည့် ရသေ့ဆေး အသက်အန္တရာယ်ရှိကြောင်း ထိုင်းထုတ်ပြန်

diz_admin

March 24, 2022

တနင်္သာရီတိုင်းအတွင်း အသုံးပြုနေကြသည့် ထိုင်းနိုင်ငံထုတ် ရ‌သေ့ဆေးရည်တွင် အသက်အန္တရာယ် ဖြစ်စေသည့် စတီးရွိုက်ဆေးပြား‌များပါဝင်ကြောင်း ထိုင်းနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ထုတ်ပြန် လိုက်သည်။ အဆိုပါ ရသေ့ဆေးရည်တွင် ကျောက်ကပ်လျင်မြန်စွာပျက်စီးစေသည့် စတီးရွိုင်ဆေးပြားနှင့် ရောင်ရမ်းမူကို သက်သာစေသည့်ဆေးပြားများ၊ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံအသုံးပြုထားကြောင်း ထိုင်းနိုင်ငံ FDA က ထုတ်ပြန်ထားသည်။ ရသေ့ဆေးရည်သည် ခါးနာ၊ ဒူးနာ၊ အကြောရောဂါများကို ပျောက်ကင်းသည်ဟုဆိုကာ အွန်လိုင်းမှ တစ်ဆင့် တနင်္သာရီတိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေပြီး သုံးစွဲသူများလည်း ရှိနေသည်။ ထားဝယ်မြို့တွင် တစ်ဘူးလျှင် ၇၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ရောဂါပြင်းထန်းပါက တစ်နေ့ နှစ်ခွက် သောက်ရကြောင်း ထားဝယ်ခရိုင်တွင် ယင်းဆေးဘူးဖြန့်ဖြူး ရောင်းချနေသူအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို့က မှာတဲ့သူရှိရင် ထားဝယ်က ဒိုင်မှာသွားယူပြီး ပို့ပေးတယ်။ ပစ္စည်းများများယူရင်တော့ ဈေးလျှော့ပေးတယ်” ဟု […]