ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် ပစ်ခတ်မှုတွင် ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံး
diz_admin
March 30, 2022မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှုကြောင့် ခရီးသွား ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်း ခရီးသွားပြည်သူများနှင့် ယင်းအနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။ သထုံနှင့် ဘီးလင်းမြို့နယ်အကြား ကားလမ်းမပေါ်တွင် မတ်လ ၂၉ ရက်နေ့ နံနက်က စစ်ကောင်စီတပ် ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး အင်အားစု TPDF ပူးပေါင်းတပ်တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်ရပ်တွင် ခရီးသွားယာဉ်တစ်စီး ပစ်ခတ်ခံရသဖြင့် ယာဉ်ပေါ်လိုက်ပါလာသည့် အသက် ၆ နှစ်၊ အသက် ၉ နှစ် အရွယ် ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံးပြီး အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ကာ ဒဏ်ရာရကြောင်း ခရီးသွားပြည်သူအချို့ထံမှ သိရသည်။ […]


