ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ခံစားခွင့် တနင်္သာရီတိုင်းရရှိ
diz_admin
June 1, 2020ကိုရိုနာရောဂါပိုး ကာကွယ်ထိန်း ချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသား များ ခံစားခွင့်ရမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေး အတွက် မဟာဓာတ်အားလိုင်း လျှပ်စစ် ယူနစ်ဈေးနှုန်းဖြင့် ပြည်ထောင်စုအစိုးရထံ တွက်ချက်တင်ပြထားရာ ခွင့်ပြု ကြောင်း အကြောင်းကြားလာသည်ဟု ၎င်းက ဆိုသည်။ ထိုယူနစ် ၁၅၀ အခမဲ့ခံစားခွင့် အတွက် ဒေသပေါက်ဈေးနှုန်းအတိုင်း တွက်ချက်ပြီး ငွေကျပ် ၅ ဒဿမ ၈ ဘီလီယံ ပေးရန် တောင်းခံခဲ့ဖူးသော် လည်း ပြည်ထောင်စုက ခွင့်မပြုခဲ့ပေ။ ထိုကြောင့် ယူနစ် ၁၅၀ ကို မဟာ ဓာတ်အားလိုင်း ဈေးနှုန်းအတိုင်းတွက် ချက်ပြီး တောင်းခံမှသာ […]