ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး သကျက်တောရွာတွင် စစ်ကောင်စီ တပ်စွဲထား၊ ‌ပစ်ခတ်မှုဖြစ်မည်ကို ဒေသခံများစိုးရိမ်

diz_admin

May 7, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောရွာ နယ်မြေရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါရဲစခန်းနှင့် ကျေးရွာထဲတွင် နေရာယူတပ်စွဲထားကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကဲ့သို့ တပ်လာစွဲထားသဖြင့် ပစ်ခတ်မှုဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဒေသခံအချို့တိမ်းရှောင်နေကြ ကြောင်း ၎င်းတို့က ပြောကြားသည်။ “ကျွန်တော်တို့ကတော့ ကြောက်လန့်နေရတာပေါ့နော်။ သူတို့တတွေ ဘယ်အချိန်ထပြီး ပစ်ကြခတ်ကြမလဲ ဆိုတာလည်း မသိဘဲကို။ ကြောက်ကြောက်လန့်လန့်နဲ့ပဲ ရှောင်ပြီးနေနေကြရတာပေါ့” ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။ ရဲကင်းစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ‌သကျက်တောကျေးရွာအုပ်စု ရဘဲရွာ တောင်သာယာကမ်းခြေသို့ ရေကြောင်းခရီးဖြင့် ရောက်လာပြီး ယင်းမှတစ်ဆင့် ‌‌သကျက်တော ကျေးရွာအတွင်းသို့ ခြေလျင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ‌ဒေသခံအချို့က ပြောသည်။ ထားဝယ်မှ ကျောက်နီမော်ကျေးရွာသို့သွားလမ်းပိုင်းဖြစ်သည့် တောကျဲကျေးရွာနှင့် ပြင်းချောင်းကျေးရွာ ကားလမ်း (ထားဝယ်- ရှင်မော်ဘုရားသွားလမ်း) ပေါ်ကို သစ်ပင်လှဲချထားသဖြင့် ကုန်းလမ်းမှ […]

ကော့သောင်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၃၇ဦး တွေ့

diz_admin

May 7, 2022

ကော့သောင်းခရိုင်တွင် ယနေ့ (မေ ၆) ကိုဗစ်ပိုးတွေ့လူနာ ၃၇ဦး တွေ့ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ ကိုဗစ်စစ်ဆေးချက်အရ ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၃၃ ဦးအနက် ၂၄ ဦး၊ ပြည်တွင်းခရီးသွားဒေသခံ ၃၃ ဦးအနက် ၁၃ ဦး စုစုပေါင်း ၃၇ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။ “အခုတွေ့တာ များတာပေါ့နော်။ အရင်ရက်တွေကဆို တစ်နိုင်ငံလုံးမှ ဆယ်ဂဏန်းပဲရှိတာ။ အခု ကော့သောင်းမြို့နယ်ကတောင် ဆယ်ဂဏန်းတွေ့တယ်ဆိုတော့ ဒါသတိထားရမှာပေါ့။ စည်းကမ်းတွေ ပြန်လိုက်နာရမှာပေါ့နော်။ ခိုးဝင်သူတွေလည်း မရှိအောင် ပြန်ပြီးကြပ်မတ်ရမှာပေါ့နော်” ဟု ၎င်းက ဆိုသည်။ ပိုးတွေ့လူနာ ၃၇ ဦးတွင် အမျိုးသား ၁၈ ဦး၊ […]

မုဒုံမြို့မ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်

diz_admin

May 6, 2022

မွန်ပြည်နယ်၊ မုဒုံမြို့ မြို့မ (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ (မေ ၆) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။ နံနက် ၁၀ နာရီခွဲခန့်က ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းနောက် ပေါက်ကွဲမှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ကို လုံခြုံရေးတင်းကျပ်လိုက်သည့်အပြင် မြို့ပေါ်နေရာအချို့တွင်လည်း စစ်ကောင်စီတပ်က စစ်ဆေးနေ ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ။ အိမ်ပါ တုန်သွားတယ်။ လူထိခိုက်တာ ဘာညာတော့ မကြားမိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ မုဒုံမြို့ မြို့မ (၄) ရပ်ကွက်ရုံးကို သတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း (MSRO) က ထုတ်ပြန်ထားသည်။ ယခုဖောက်ခွဲမှုဖြစ်စဉ်သည် MSRO အနေနှင့် မုဒုံမြို့နယ်အတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း […]

ဧကနိရွာတွင် ဒလန်ဟုဆိုသူအမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

May 6, 2022

ရေဖြူမြို့နယ် ဧကနိရွာက သတင်းပေးဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး မေလ ၅ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်၌ရှိနေစဉ် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူမှာ အသက်၅၅ နှစ်အရွယ် ဦးကြည်စိုး ဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “(ကျည်) လေးငါးခြောက်ချက်လောက် ထိတယ်ပြောတယ်” ဟု ဧကနိရွာသားတစ်ဦးက ပြောသည်။ အလောင်းမှာ နေ့လယ်ပိုင်းအထိ နေအိမ်တွင်ရှိနေခဲ့ပြီး မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်လိုက်သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။ ဦးကြည်စိုးသည် ရွေးကောက်ပွဲကာလများတွင် ကြံ့ခိုင်ရေးပါတီ အောင်နိုင်ရေးအတွက် လုပ်ဆောင်ပေး သည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ ၎င်းသည် စစ်ကောင်စီတပ် ဧကနိကျေးရွာတွင် တပ်စွဲစဉ်က တူတော်စပ်သူတစ်ဦးကို ဖမ်းခိုင်းဖူးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ တူဖြစ်သူမှာ စစ်ကောင်စီကို ဆန့်ကျင်သည် […]

ဘုတ်ပြင်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သားအချို့ အထိအခိုက်ရှိဟုဆို

diz_admin

May 6, 2022

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြိုနယ်၊ ရတနာပုံကျေးရွာအနီးတွင် မေလ ၅ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။ လေညာ-ရတနာပုံလမ်းတွင် မေလ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံ ၁၀ ခန့် လည်း ကြားရကြောင်း ရတနာပုံကျေးရွာမှ တောင်သူများက ပြောသည်။ “ရတနာပုံ ကုန်သယ်လမ်း မိုင်နှစ်ဆယ်တန်းလောက်မှာ ဖြစ်ခဲ့တာပါ။ စစ်တပ်ဖက်ကတော့ အထိအခိုက် ရှိတယ်လို့ ကြားရတယ်” ဟု အဆိုပါဒေသခံကပြောသည်။ နှစ်နာရီခန့်ကြာ ပစ်ခတ်သံများကြားရပြီးနောက် ညနေ ၆ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ တိတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။ တိုက်ပွဲမှာ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခြင်း မဟုတ်ဘဲ လေညာ-ရတနာပုံ လမ်းခွဲအတွင်း ဖြစ်သည့်အတွက် […]

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် မြန်မာလုပ်သား ၁၅၆ ဦး အစုလိုက်ဖမ်းဆီးခံရ

diz_admin

May 6, 2022

ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တာခ့်ခရိုင် တောင်တန်းပေါ်တွင် လမ်းလျှောက်လာနေသော တရားမဝင် နယ်စပ်ဖြတ်ကျော် မြန်မာလုပ်သား ၁၅၆ ဦးကို ယနေ့မေလ ၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ဝမ်ကျောက်ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ဖမ်းဆီးခံရသော မြန်မာလုပ်သားများသည် တာခ့်ခရိုင်၊ ဝမ်ကျောက်မြို့နယ် ထုံချိုင်းတောင်တန်းမှတစ်ဆင့် ကရာ့‌‌ေပါ‌ေတာင်တန်းဆီသို့  ဦးတည်လမ်းလျှောက်‌နေသည်ကို ဝမ်ကျောက်ရဲစခန်းက ကြိုတင်သတင်းရရှိပြီးနောက် ထိုင်းရဲတပ်ဖွဲ့များမှ ပူးပေါင်းဖမ်းဆီးရမိခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူမြန်မာလုပ်သား ၁၅၆ ဦးထဲတွင် အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၇၃ ဦးတို့ပါဝင်ကြသည်။ ဖမ်းဆီးမိသူများကို ကား ၁၂ စီးဖြင့် ဝမ်ကျောက်ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး ကိုဗစ်ပိုးရှိမရှိစစ်ဆေး၍ ထိုင်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ဆိုသည်။ ပြီးခဲ့သောနေ့ မေလ ၅ ရက်နေ့တွင်လည်း ကော့သောင်း-ရနောင်း နယ်စပ်မှတစ်ဆင့် စဒေါင်းခရိုင်အထိ ဘတ်‌ ၃၀၀၀၀ (ကျပ် ၁၇သိန်းခန့်) […]

သကျက်တော နယ်မြေရဲစခန်းကို လောင်းလုံး PDF အဖွဲ့ဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲပြင်းထန်

diz_admin

May 6, 2022

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာနယ်‌မြေရဲစခန်းကို မေလ ၅ ရက် ညဆယ်နာရီကျော်ခန့်က နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။  ယင်း ရဲကင်းစခန်းကို မေလ ၅ ရက်နေ့ ညဆယ်နာရီကျော်အချိန်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နယ်မြေခံ ပျောက်ကျားအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၆ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေး တပ်မတော် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သကျက်တောရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်နှင့် ရဲများထိခိုက်သေဆုံးမှုကိုမူ မသိရသေးကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သေနတ်သံတွေကတော့ တစ်ညလုံးပဲ ပစ်နေကြတာ။ အိပ်တောင်မအိပ်ရသေးဘူး တစ်ညလုံး” ဟု သကျက်တောရွာသူတစ်ဦးက ဆိုသည်။  ပစ်ခတ်မူအတွင်း ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိပြီး […]

ဘီးလင်းမြို့နယ်မှ စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲဖြစ်

diz_admin

May 5, 2022

တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးများ ကျရောက်နေခြင်းကြောင့် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ စစ်ရှောင်များမှာ စားဝတ်နေရေး အခက်အခဲကြုံ တွေ့နေရသည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်တို့မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၇၀၀၀ ကျော်မှာ ဧပြီလ ၂၃ ရက်နေ့မှစကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ”အများစုကတော့ တောထဲ တောင်ထဲမှာပဲ ရှောင်နေကြတယ်၊ အခုဆို ပါလာတဲ့ ရိက္ခာတွေလဲ နည်းလာပြီး  ရွာပြန်သယ်ဖို့ကလဲ မပြန်ရဲကြဘူး” ဟု တိမ်ရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းချနေသည့် လေးကေနှင့် ဝင်တာပန်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားရန် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း […]