သရက်ချောင်းမြို့နယ် ဆေးဖြတ်ကုန်းရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ
diz_admin
May 8, 2022သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု ဆေးဖြတ်ကုန်းရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုး (ခ) ယောက်အို ဆိုသူကို မေလ ၇ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရပြီး သူရဲတောင်ကြိုးတံတားအနီးတွင် အသတ်ခံထားရ ကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၅ နှစ်ခန့်ရှိပြီဖြစ်သော ဦးမြင့်စိုးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး သတင်းပေးဒလန်ဟု နာမည်ထွက်သူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ဦးမြင့်စိုးမှာ မေလ ၇ ရက် ညနေပိုင်းက အခြားအမျိုးသားတစ်ဦးနှင့် အတူ လျှပ်စစ်မီးပြင်ပြီး ပြန်လာစဉ် လမ်းတွင် ဖမ်းဆီးခံရပြီးနောက် အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံ မေးမြန်းချက်အရ သိရသည်။ ၎င်းကို ဆိုင်ကယ်သုံးစီးဖြင့်လာသည့် အမျိုးသားအချို့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အဲဒီလူကိုက လက်ပြန်ကြိုးတုတ်ပြီးတော့ ဖမ်းခေါ်သွားတယ်။ အဲဒီလူက မိုးရွှေကုန်းရွာမှာ မီးလာပြင်တယ်ဆို ပြောတယ်။ […]


