ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းတွင် ပျူစောထီးစခန်းကို PDF ဝင်တိုက်

diz_admin

May 11, 2022

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ ပျူစောထီးအဖွဲ့နေသည့် ရုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF )က ယနေ့(မေ ၁၁)နံနက် ၆ နာရီခန့်က ဝင်‌ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပျူစောထီးအဖွဲ့များသည် ပဲဒက်ကျေးရွာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် ကျေးရွာစာကြည့်တိုက်တို့တွင် စခန်းချနေထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ပျူစောထီးအဖွဲ့များနေထိုင်သည့် ရုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးအိမ်နှင့် ပျူစောထီးအဖွဲ့ဝင်တို့၏ နေအိမ်များကို PDF ပူးပေါင်းတပ်ဖွဲ့က သေနတ်များဖြင့် အချက်ပေါင်းများစွာပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပဲဒက်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်လာချိန်တွင် ပျူစောထီးအဖွဲ့ဝင်များက ထွက်ပြေးသွားကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝေနှင့် ပျူစောထီးအဖွဲ့ဝင် ဦးဉာဏ်လှတို့မှာ ကြိုတင်သတင်းရရှိမှုကြောင့် မနေ့ညတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ယင်းပစ်ခတ်မှုတွင် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦး ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း […]

လက်နက်ကြီးကျည်ကျ၍ ရွာသားတစ်ဦး သေဆုံး၊ ရဟန်းတစ်ပါးဒဏ်ရာရ

diz_admin

May 10, 2022

ထားဝယ်မြို့ တောင်သုံးလုံးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့်ကျောင်းထိုင်ဆရာတော်တစ်ပါး ဒဏ်ရာရခဲ့ပြီး ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။ ယနေ့ (မေ ၁၀)ညနေ ၄ နာရီခွဲခန့်တွင် ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု တောင်သုံးလုံးရွာရှိ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “ဆရာတော်ကိုတော့ ထားဝယ်ဆေးရုံကို ပို့လိုက်ပြီ၊ ရွာသားကတော့ လမ်းမှာဆုံးသွားလို့ အိမ်ကိုပြန်ခေါ်လာတယ်၊ လက်နက်ကြီးစ ဗိုက်ထဲဝင်သွားတာ” ဟု ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့သည့် ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယနေ့ ညနေ ၄ နာရီခန့်က ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ရွာအနီးရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းတစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ နှစ်ဖက် […]

အညစ်အကြေးကျွေး၍ ရောဂါကုသည့် ဘာသာရေး ခေါင်းဆောင်ဆိုသူကို ထိုင်းရဲဖမ်းဆီး

diz_admin

May 10, 2022

အညစ်အကြေးများကျွေးပြီး ကျန်းမာရေးကုသပေးသည်ဟု နာမည်ကြီးနေသော ဘာသာရေးဂိုဏ်းအမည်ခံ အဖွဲ့တစ်ခုမှ ခေါင်းဆောင်ဖြစ်သူကို မေလ ၈ ရက်‌‌ေန့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ ထိုင်းနိုင်ငံ ချိုင်ရဖုမ်ခရိုင်ရှိ ယင်းအဖွဲ့အစည်းမှ ခေါင်းဆောင်ဆိုသူမှာ အသက်၇၅နှစ်အရွယ် Thawee Nanra ဆိုသူဖြစ်ပြီး မိမိကိုယ်ကို လူသားများအတွက်ဘာမဆိုလုပ်ပေးနိုင်သော “ဖခင်” အဖြစ်ခံယူထားပြီး ယင်းနယ်တစ်ဝိုက်တွင် လူသိများကျော်ကြားသော ဘာသာရေးခေါင်းဆောင် တစ်ဦးဖြစ်သည်။ လူတချို့၏ပြောကြားချက်များအရ ထိုသူသည် ဘာသာရေးအရ ယုံကြည်သူများကို သူ၏ကျင်ငယ်ရေများ၊ မစင်များ၊အညစ်အကြေးများအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် အတင်းအကျပ်စားသုံးစေခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ရေးသားဖော်ပြချက်အရသိရသည်။ ယင်းခေါင်းဆောင် ၏ လမ်းညွှန်ချက်ဖြင့် ခန္ဓာကိုယ်ရှိ အညစ်အကြေး၊အရည်များကို ယုံကြည်သူများအား စားသုံးစေကြောင်း ယင်းပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ထိုင်းအာဏာပိုင်များက သိရှိပြီး၎င်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  ထိုအဖြစ်အပျက်များသည် လူမှုကွန်ရက်စာမျက်နှာများတွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး #Father ဟူသော Hashtag ဖြင့် အညစ်အကြေးများစားသုံးခြင်းကို ဆန့်ကျင်ကြောင်း မေလ […]

ပရဒပ်အုပ်ချုပ်ရေးမှုး၏ညီ သေနတ်ဖြင့်ပစ်သတ်ခံရ

diz_admin

May 10, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ပရဒပ်ကျေးရွာ အုပ်ချုပ်ရေးမှုး၏ညီဖြစ်သူ ဦးညီညီ ယနေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့နေလယ်ပိုင်းက မယင်းကြီးရွာရှိ ၎င်း၏ခြံသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ပရဒပ်နှင့် မယင်းကြီးရွာကြား လမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက နားအုံ၊ ရင်ဘက်၊ နို့အုံ သုံးချက်ထိထားတယ်”ဟု ၎င်းကဆိုသည်။ သေဆုံးသူ အသက် သုံးဆယ်ကျော်အရွယ်ရှိ ဦးညီညီမှာ ပျူစောထီးဟု ကျော်ကြားသူ ပရဒပ်ရွာအုပ်ချုပ်ရေးမှူး မင်းဘာလီ(ခေါ်)ဦးမင်းမင်း၏ ညီဖြစ်သည်။ အစ်ကိုဖြစ်သူ ဦးမင်းမင်းမှာ စစ်ကောင်စီသတင်းပေး ဒလန်ဟုလည်း သတင်းများထွက်ပေါ်နေပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ မတ်လ ၂၃ ရက်နေ့က ၎င်း၏ နေအိမ်မီးရှို့ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။ ဦးမင်းမင်းနှင့်ဇနီးဖြစ်သူတို့ တိမ်းရှောင်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်သော်လည်း ညီဖြစ်သူဦးညီညီမှာ နေအိမ်၌ပင်ရှိနေကာ ခြံလုပ်ငန်း ဆက်လက်လုပ်ကိုင်နေကြောင်း […]

တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည်

diz_admin

May 10, 2022

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အာစန်နီအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသေးသော်လည်း မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေရာကွက်၍ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ မြိတ်၊ ပုလော၊ ကော့သောင်း စသည့် မြို့နယ်များတွင် မေလ ၅ ရက်နေ့မှ စတင်ကာ နေရာအချို့တွင် မိုးရွာသွန်းမှုများ ရှိနေကြောင်း‌ ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ […]

သီရိလင်္ကာတွင် သမ္မတ၊ အစိုးရအဖွဲ့ဝင်များနှင့် အမတ်များ၏ နေအိမ်များကို မီးရှို့

diz_admin

May 10, 2022

ဒေါသထွက်နေကြသော လူအုပ်ကြီးများက အာဏာရ သမ္မတ နှင့် ဝန်ကြီးချုပ် ရာဂျာပတ်စာ ညီအစ်ကို ပိုင်သော နေအိမ်များ၊ အာဏာရပါတီ အမတ်များပိုင်သော နေအိမ်များကို မီးတင်ရှို့နေကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ သီရိလင်္ကာရှိ အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြသူများကို အစိုးရလိုလားသူများက တိုက်ခိုက်ခဲ့ပြီးနောက် လူအုပ်ကြီးများက အစိုးရအဖွဲ့၏ နေအိမ်များကို မီးရှို့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စီးပွါးရေး အကျပ်အတည်းအား အစိုးရ၏ စီမံခန့်ခွဲပုံကို မကြိုက်သဖြင့် ဝန်ကြီးချုပ် မဟင်ဒါရာဂျာပတ်စာ နုတ်ထွက်ရန် တောင်းဆိုနေသော လူထုဆန္ဒပြပွဲများ အတွင်း ယင်းသို့ အဓိကရုဏ်းများ ဖြစ်ပွါးလာခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်အတွင်းမှာ ရှိနေသော နေအိမ်ကို ဆန္ဒပြသူများက ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ယမန်နေ့ကတည်းက လူ (၇)ဦးသေဆုံးပြီးဖြစ်ကာ (၁၉၀) ကျော် ဒဏ်ရာရရှိသွားကြသည်။ အာဏာပိုင်များက […]

လောင်းလုံး ညောပြင်ရွာကို စစ်ကြောင်းထိုးရှာနေ၊ ဒေသခံအချို့ အဖမ်းခံရပြီး အချို့ဒဏ်ရာရ

diz_admin

May 9, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၉) တွင် ရေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက်စောစောအချိန်မှစပြီး ကျောက်ဝပ်ပြင်ကျေးရွာ ကျိုက်ထီးရိုးတောင်ပေါ်မှနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေလျင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ဒီနေ့ မိုးလင်းတာနဲ့ စစ်တပ်က ရွာထဲရောက်လာတာ။ ပင်လယ်ဖက်မှာကလည်း စစ်‌သင်္ဘောတစ်စီး ရပ်ထားတာ ရှိနေတယ်။ ရွာထဲကို ရေကြောင်း၊ ကုန်းကြောင်းကနေ ဝိုင်းပြီး စစ်ဆေးနေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ ဝင်ရောက်လာပြီးနောက် ညောပြင်ရွာတွင် တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီး စစ်ဆေးနေသောကြောင့် ဒေသခံ လေးဦး အဖမ်းခံထားရသည့်အနက် နှစ်ဦးမှာ ဒဏ်ရာရရှိထားကြောင်း ဒေသခံအချို့က ဆိုသည်။ “ရွာထဲ ရုတ်တရက် […]

ထားဝယ် သဗျာရွာတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံနှစ်ဦးဒဏ်ရာရ

diz_admin

May 9, 2022

ထားဝယ်မြို့နယ်၊ သဗျာကျေးရွာတွင် ယနေ့ (မေ ၉) ညနေပိုင်းက တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ညနေ ၃ နာရီခွဲမှ ညနေ ၄ နာရီခွဲခန့်အထိ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ သဗျာကျေးရွာတွင် ရောက်ရှိနေသည့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ မေလ ၇ ရက် နံနက်ပိုင်းက သဗျာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာ သွားပြီးနောက် ဒေသကာကွယ်ရေးပူးပေါင်းတပ် (PDF) က သဗျာကျေးရွာတွင် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် PDF တို့ ဝင်ထွက်မှုများ ရှိလာပြီးနောက် ဒေသခံအချို့မှာ […]