ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သထုံတွင် လက်နက်ကြီးကျည် ထိမှန်သဖြင့် ဇနီးမောင်နှံ နှစ်ဦးသေဆုံး

diz_admin

May 12, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအနီးတွင် မေလ ၁၁ ရက်နေ့က လက်နက်ကြီးကျည် ထိမှန်သဖြင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဝီယော်ကျေးရွာရှိ စစ်ကောင်စီ ခမရ (၉) တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရော်ဘာခြံအတွင်း ကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရော်ဘာခြံတွင် ရော်ဘာခြစ်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၅၆ နှစ်အရွယ် ဦးချစ်ပိုနှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်သဇင်လှိုင်တို့ ဇနီးမောင်နှံ၊ အလုပ်သမားတစ်ဦးတို့အား ထိမှန်ကြောင်း ဒေသခံများက ဆိုသည်။ ဒေါ်သဇင်လှိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားပြီး ဦးချစ်ပိုမှာ သထုံမြို့နယ် ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အမျိုးသမီးကတော့ ထိတဲ့နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသားကတော့ […]

အချိန်မဆိုင်းဘဲ NATO အဖွဲ့သို့ ဝင်မည်ဟု ဖင်လန် အစိုးရပြောဆို

diz_admin

May 12, 2022

ရုရှားက အိမ်နီးချင်းယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေမှုကြောင့် အခြားရုရှားအိမ်နီးချင်းဖြစ်သော ဖင်လန်နိုင်ငံကလည်း NATO စစ်အုပ်စုသို့ အမြန်ဆုံးဝင်ရတော့မည်ဟု ပြောကြားလိုက်သည်။ NATO စစ်စာချုပ် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် ဖင်လန်အစိုးရက ပါလီမန်၏ သဘောတူညီချက်ကို လာမည့် သီတင်းပတ်တွင် တောင်းခံရန် ရှိနေသည်။ ဖင်လန်နိုင်ငံသည် ရုရှားနှင့် နယ်နမိတ်ချင်း ၁၃၄၀ ကီလိုမီတာ ထိစပ်လျက်ရှိကာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် သတင်းများကြောင့် ဖင်လန်တွင် NATO သို့ ဝင်ရန်အတွက် လူထုထောက်ခံမှုများ မြင့်တက်လျက်ရှိသည်။ ဖင်လန် က မဟာမိတ်ထဲသို့ ဝင်ရန် စီစဉ်နေခြင်းအပေါ် နွေးထွေးစွာ ကြိုဆိုပါကြောင်း NATO  ၏ အထွေထွေ အတွင်းရေးမှူး ဂျန်စ်စတော်တန်ဘာ့ဂ် က ပြောကြားသည်။ ဖင်လန် ဝင်ရောက်လာမည်ဆိုပါက ဝင်ခွင့်လုပ်ငန်းစဉ်သည် ချောမောမြန်ဆန်စေရမည် ဟု အဆိုပါ စစ်အုပ်စု ခေါင်းဆောင်က ကတိပြုသည်။ ရုရှားအစိုးရ ပြောခွင့်ရ အရာရှိဖြစ်သူ ဒီမီထရီပက်စကော့ က […]

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံ

diz_admin

May 12, 2022

တနင်္သာရီမြို့နယ်အတွင်းရှိသည့် စစ်ဘေးရှောင်စခန်းများ၊ နီးစပ်ရာကျေးရွာများ၊ ဥယျာဉ်ခြံမြေများတွင် တိမ်းရှောင် နေရသည့် ဒေသခံများ စားနပ်ရိက္ခာအခက်အခဲကြုံတွေနေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသည့်အဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ လူ တစ်ထောင်ကျော် ခိုလုံနေကြသည့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းနှစ်ခုမှာ အလှမ်းဝေးသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီများ ရရှိမှု အလွန်နည်းကြောင်း ခုနှစ်စဉ်ကြယ်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလှူရှင်တွေက မရောက်တော့၊ လက်လှမ်းမမီတော့ လာမယ့် မိုးရာသီအတွက် စားရေးသောက်ရေးက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ ယခုနှစ်အစမှ စပြီး တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် လယ်သစ်ကျေးရွာအုပ်စုနှင့် ပဝကျေးရွာအုပ်စုတို့မှ ပြည်သူတစ်ထောင်ကျော်မှာ အထက်ပါစခန်းနှစ်ခုတွင် နေထိုင်နေကြခြင်းဖြစ်သည်။ မြိတ်ခရိုင်အတွင်း စစ်ရှောင်စခန်းခြောက်ခုရှိပြီး ပုလောမြို့နယ်တွင် လေးခုနှင့် တနင်္သာရီမြို့နယ်တွင် နှစ်ခုရှိသည်။ ပုလော […]

ထိုင်းသို့ မြန်မာလုပ်သားများ တရားဝင် သွားလုပ်ခွင့်ရပြီ

diz_admin

May 11, 2022

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများကို မေလ ၁၀ ရက်နေ့မှ စတင်ကာ တရားဝင် ပို့ဆောင်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်လာပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဂိတ်များကို ပိတ်လိုက်ပြီး မြန်မာ အလုပ်သမားခေါ်ယူမှုကို ထိုင်းဘက်က ရပ်ဆိုင်းထားခဲ့သည်။ ယင်းနောက် ၂နှစ်ကျော်အကြာ ယခုနှစ် မေလ ၁၀ ရက်နေ့မှစတင်ကာ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံက တရားဝင် စတင်ခေါ်ယူနေကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ မြဝတီ – မဲဆောက်နယ်စပ် ချစ်ကြည်ရေး တံတားမှတစ်ဆင့် နှစ်ရက်အတွင်း မြန်မာအလုပ်သမား ၅၈၈ ဦး တရားဝင် ဝင်ရောက်လာကြောင်း အဆိုပါရုံးထံမှ သိရသည်။ မေလ ၁၀ ရက်နေ့တွင် မြန်မာအလုပ်သမား အမျိုးသား ၇၈ဦး၊ အမျိုးသမီး ၂၀၉ […]

ထားဝယ်ခရိုင်ရှိ တိမ်းရှောင်နေရသူများ စာသောက်ရေး အခက်ကြုံ

diz_admin

May 11, 2022

ထားဝယ်ခရိုင်အတွင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများကြောင့် တိမ်းရှောင်နေရသည့် ဒေသခံ စစ်ဘေးရှောင်များမှာ စားရေးသောက်ရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၁၀ ရက်ညက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ထားဝယ်မြို့နယ် ကျောက်မဲတောင်ကျေးရွာအုပ်စုရှိ ဒေသခံများအချို့မှာ အနီးအနားရှိ ကျေးရွာ၏ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရကြောင်း ဒေသခံအချို့က ပြောသည်။ “(ထိတွေ့ပစ်ခတ်မှုမဖြစ်ခင်) အရှေ့ရက်ပိုင်းတွေကတည်းက ကားလမ်းတွေ ပိတ်ထားတာဆိုတော့ ဆန်၊ ဆီ၊ ဆေး၊ ဆားတွေကရှိပေမယ့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ကျတော့ မရှိဘဲဖြစ်နေကြတာပေါ့” ဟု ကျောက်မဲတောင်ရွာသားတစ်ဦးက ပြောသည်။ လတ်တလောတွင်မူ အိမ်ထောင်စု ၂၀ ကျော်မှာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြပြီး ပါလာသည့် စားစရာများကို စုပေါင်းချက်ပြုတ် စားသောက်နေကြရကြောင်း ၎င်းက ဆိုသည်။ ကျောက်မဲတောင်ကျေးရွာမှ […]

မြိတ်-မောတောင်သွားကားများ မှန်ချမောင်းရန် မေတ္တာရပ်ခံ

diz_admin

May 11, 2022

မြိတ်မြို့နှင့် မောတောင်မြို့သို့သွားလာနေသည့် ကားများ မှန်ချပြီးမှ မောင်းနှင်ကြရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊တပ်ရင်း ၂ က ယနေ့(မေ ၁၁)ရက်စွဲဖြင့် မေတ္တာရပ်ခံ သတိပေးလိုက်သည်။ ယင်းအပြင်ကားများ စစ်ယာဉ်တန်းနှင့်နီးကပ်စွာသွားလာခြင်းမပြုရန်၊ ကုန်တင်ကားများ အနေဖြင့်လည်း သွားလာရာတွင် တာလပတ်ဖြင့် ဖုန်းအုပ်ထားခြင်း၊ စစ်ကောင်စီနှင့်ပတ်သက်သည့် လူနှင့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာခြင်းတို့ မပြုလုပ်ရန်နှင့် ညအချိန်သွားလာခြင်းကို တတ်နိုင်သလောက်ရှောင်ကြရန် ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အထက်ပါအတိုင်း လိုက်နာမှုမရှိဘဲ သွားလာပါက တစ်စုံတစ်ရာထိခိုက်မှုရှိခဲ့လျှင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် မြိတ်-မောတောင်သို့ သွားနေသည့် ကုန်ကားများ ရပ်ထားသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး ခရီးသည်ကားများသာ သွားလာလျက်ရှိကြောင်း ကားသမားများကပြောသည်။ ခရီးသည်တင်ကားများသည်လည်း ညဖက်တွင် သွားလာခြင်းမရှိကြောင်း မြိတ်-မောတောင် ခရီးသည်တင်ကားမောင်းသူ တစ်ဦးကဆိုသည်။ “ည ၆ နာရီဆို […]

မားကို့စ်သွေး အာဏာပြန်ရလာတာက ဖိလစ်ပိုင်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေမလဲ

diz_admin

May 11, 2022

သမိုင်းဟာ ဖိလစ်ပိုင်မှာ လုံးဝကွက်တိကို တစ်ပတ်ပြန်လည်ပါပြီ။ လွန်ခဲ့တဲ့ (၃၆)နှစ်က လောဘကြီးအကျင့်ပျက်၊ ရက်စက် လို့ဆိုပြီး ပြည်သူက ဖြုတ်ချလိုက်တဲ့ အာဏာရ မိသားစုဟာ သမ္မတအိမ်တော်ကို နောက်တစ်ခေါက် ဝင်လာတာပါ။ အဘိုးကြီး မားကို့စ်ခေတ်က အလွဲသုံးစား ချိုးဖောက်ခဲ့တာတွေကို တာဝန်ခံခိုင်းဖို့အတွက် လှုပ်ရှားတောင်းဆိုနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ အတွက်တော့ ထိုးနှက်ချက်ကြီးပါပဲ။ တိတ်ကာလက ဖြစ်ပျက်ခဲ့တာတွေအတွက် မားကို့စ် မိသားစုဟာ တခါမှ မတောင်းပန်ခဲ့သလို နိုင်ငံတော်ဘဏ္ဍာထဲက သူတို့ခိုးဝှက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကိစ္စတွေမှာလည်း ပြန်ပေးဖို့ အရိပ်အယောင်တောင် မရှိခဲ့ပါဘူး။ ဖာဒီနန် ဘွန်ဘွန်း မားကို့စ်ဂျူနီယာ ဘယ်လိုများ လုပ်ခဲ့တာပါလိမ့်။ ဖိလစ်ပိုင်ပြည်သူ သန်း (၁၁၀) နဲ့ ကမ္ဘာ့ရေးရာတွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ။ မိုးလုံးပြည့်မုသာဝါဒ ၁၉၈၆ ခုနှစ်မှာ မားကို့စ်အစိုးရကို […]

သရက်ချောင်းတွင် ပျူစောထီးစခန်းကို PDF ဝင်တိုက်

diz_admin

May 11, 2022

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ ပျူစောထီးအဖွဲ့နေသည့် ရုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF )က ယနေ့(မေ ၁၁)နံနက် ၆ နာရီခန့်က ဝင်‌ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပျူစောထီးအဖွဲ့များသည် ပဲဒက်ကျေးရွာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် ကျေးရွာစာကြည့်တိုက်တို့တွင် စခန်းချနေထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ပျူစောထီးအဖွဲ့များနေထိုင်သည့် ရုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးအိမ်နှင့် ပျူစောထီးအဖွဲ့ဝင်တို့၏ နေအိမ်များကို PDF ပူးပေါင်းတပ်ဖွဲ့က သေနတ်များဖြင့် အချက်ပေါင်းများစွာပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပဲဒက်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်လာချိန်တွင် ပျူစောထီးအဖွဲ့ဝင်များက ထွက်ပြေးသွားကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝေနှင့် ပျူစောထီးအဖွဲ့ဝင် ဦးဉာဏ်လှတို့မှာ ကြိုတင်သတင်းရရှိမှုကြောင့် မနေ့ညတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ယင်းပစ်ခတ်မှုတွင် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦး ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း […]