တိုင်းလွှတ်တော်က မြေယာ အငြင်းပွားမှု စောင့်ကြည့်ရေး အဖွဲ့တစ်ခု အသစ်ဖွဲ့စည်း
diz_admin
June 8, 2020တနင်္သာရီတိုင်းလွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်ရေးအဖွဲ့ တစ်ခုကို ဇွန်လ ၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည်။ ယင်းအဖွဲ့ကို ကျွန်းစုမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ဥက္ကဋ္ဌအဖြင့် တာဝန်ယူမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်သုံးဦးအပါအဝင် စုစုပေါင်းအဖွဲ့ဝင်ကိုးဦး ပါဝင်မည်ဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် ထားဝယ်ခရိုင်အတွက် ဦးသန်းဝင်း၊ မြိတ်ခရိုင်အတွက် ဦးမိုးသူအောင်၊ ကော့သောင်းအတွက် ဦးကျော်ထင်တို့ကို ထည့်သွင်းဖွဲ့စည်းထားသည်။ ယင်းအဖွဲ့သည် တိုင်းအစိုးရက မြေယာအငြင်းပွားမှု အခြေအနေများကို မူဝါဒနှင့်အညီ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေခြင်း ရှိ/မရှိ တို့ကို စောင့်ကြည့်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ယင်းအပြင် တိုင်းလွှတ်တော်ထံ တိုင်ကြားထားသည့် မြေယာကိစ္စများကိုလည်း ယင်းအဖွဲ့က စိစစ်ကာ တွေ့ရှိချက်များကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် တိုင်းအစိုးရထံ ပေးပို့မည်ဖြစ်သည်။ မြေယာကိစ္စနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ထံ တိုင်ကြားစာ မည်မျှရှိသည်၊ […]