ကိုဗစ်ကြောင့် ဝေးလံခေါင်သီသည့်ဒေသတွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ
diz_admin
June 8, 2020Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းက ဝေးလံခေါင်သီသည့်ဒေသရှိ ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland) က ပြောသည်။ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ အသွားအလာကန့်သတ်မှုနှင့် သီးသန့်ပိတ်ပင်ထားမှု (lockdown) တို့ကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသခံပြည်သူများ ကြုံတွေ့ခံစားနေရသည့် နေ့စဉ်လူမှု စီးပွားဘဝ ကျပ်တည်းမှုအခြေအနေကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ပြီး မကြာမီ အစီရင်ခံစာထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ဒေသန္တရအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ တားမြစ်မှုများသည် ရောဂါပြန့်ပွားခြင်းကို တားဆီးနိုင်ခဲ့သော်လည်း အခြားတစ်ဖက်တွင် ဒေသခံပြည်သူလူထုများ၏ နေ့စဉ်လူမှုစီးပွားဘဝအပေါ် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်ဟု စမ်းတမ်းကောက်ယူခဲ့သည့် အချက်အလက်များအပေါ် အခြေခံပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ “အစိုးရအထောက်အပံ့နဲ့ လူသားချင်းစာနာထောက်ထားမှု […]