မြိတ်ညမထွက်ရအမိန့် အချိန်နှစ်နာရီ လျှော့ချ
diz_admin
May 14, 2022မြိတ်မြို့တွင် ညမထွက်ရအမိန့်ကို မေလ ၁၃ ရက်နေ့တွင် အချိန်ပြောင်းလဲ သတ်မှတ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ထုတ်ပြန်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ယင်းနောက် နှစ်ဝက်ခန့်အကြာ ယခု မေလ ၁၃ ရက်နေ့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၏ ထုတ်ပြန်တွင် ဖော်ပြသည်။ “အချိန်ပြောင်းတာ မသိရသေးဘူး။ ပြောင်းပြောင်း မပြောင်းပြောင်း (ည) ရှစ်နာရီနောက်ပိုင်းဆို လမ်းမထွက်ရဲဘူး။ စစ်ဆေးတာတွေ တအားများတာ” ဟု ကန်ဖျားရပ်နေ အသက် ၄၀ နှစ်ရှိ […]


