မြိတ်-ကော့သောင်း သွားမည့်ကားများ လိုက်နာရမည့်အချက်များ ထုတ်ပြန်
diz_admin
May 17, 2022မြိတ်-ဘုတ်ပြင်း-ကော့သောင်းမြို့သို့ သွားလာမည့် ကားများ လိုက်နာရမည့်အချက်များကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် KDDF (T4 ဇုံ) က မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားများသည် စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မသွားလာကြရန်၊ မှန်ချပြီး မောင်းနှင်ပေးရန်၊ ညအချိန်ခရီးသွားခြင်း တတ်နိုင်သမျှရှောင်ရှားပေးရန်၊ ကားပေါ်ပစ္စည်းများ တင်ဆောင်ရာတွင် အမိုးအကာ (တာလပတ်) အပြည့်ဖုံးအုပ်ခြင်း မလုပ်ရန် အချက်များကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေအရ ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း KDDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လက်ရှိတွင် မြိတ်-ကော့သောင်းသို့ သွားနေသည့် ခရီးသည်တင်ကားနှင့် ကုန်ကားများ နေ့ဘက်တွင်သာ ခရီးသွားကြပြီး ညဘက်တွင် ရပ်နားထားကြကြောင်း ကားသမားအချို့က ပြောသည်။ “အရေးတကြီး သွားလာတဲ့ ကားတချို့တော့ရှိတယ်။ ကျွန်တော်တို့က […]


