အပူပိုင်းမုန်တိုင်းဝီဖာ၏ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့ နေရာကွက်၍ မိုးကြီးမည်
Dawei Watch
July 21, 2025တောင်တရုတ်ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသည့် “ဝီဖာ” အမည်ရှိ အပူပိုင်း မုန်တိုင်းသည် အနောက်ဘက်နှင့် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ဇူလိုင်လ ၂၂ ရက်တွင် ပြန်အားကောင်းလာနိုင်ကာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့(ဇူလိုင်လ ၂၁ ရက်)တွင် ခန့်မှန်းဖော်ပြသည်၊ ယင်းမုန်တိုင်း၏ အရှိန်ကြောင့် ဇူလိုင်လ ၂၁ ရက်မှ ၂၆ ရက်အတွင်း တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့အပြား နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးထစ်ချုန်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ မိုးဇလ ကဆိုသည်။ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင် ကလည်း ဇူလိုင်လ ၂၂ ရက်မှစ၍ တနင်္သာရီဒေသအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးများ၍ ရေကြီးနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်၊ […]


