ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောအရှေ့ခြမ်းရှိ ရွာတစ်ဆယ်ကျော် ဆန်နှင့် စက်သုံးဆီ သယ်ခွင့်ကန့်သတ်ခံရ

diz_admin

June 2, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတစ်ဆယ်ကျော်သို့ ဆန်၊ စက်သုံးဆီနှင့် စားသုံးဆီများ သယ်ယူခွင့် စစ်ကောင်စီတပ်ဖွဲ့က ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။ နန်းတောင်ကျေးရွာအုပ်စု၊ ပုလောကုန်းကျေးရွာအုပ်စုနှင့် ရေရှမ်းကျေးရွာအုပ်စုများရှိ ရွာပေါင်း တစ်ဆယ် ကျော်ကို ပြီးခဲ့သည့် တစ်ပတ်ကျော်မှစတင်ပြီး ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းကျေးရွာများသို့ သွားသည့် ပုလောမြို့လမ်းခွဲ နန်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်ကာ ကုန်စည်များကို ရှာဖွေစစ်ဆေးလျှက်ရှိကြောင်း ဒေသခံများက ပြောပြသည်။ “ပေးတော့ ပေးသယ်တယ်။ အများကြီးသယ်လို့တော့ မရဘူး” ဟု ပုလောကုန်းကျေးရွာအုပ်စု၊ ကျောင်းနိမ့်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၀ ပြည်၊ စက်သုံးဆီ ၅လီတာသာ သယ်ယူခွင့်ရပြီး စားသုံးဆီကိုလည်း သုံးလီတာသာ သယ်ခွင့်ရကြောင်း ဟုနန်းတောင်ကျေးရွာအုပ်စု၊ ဂျက်ဂါရွာနေ အမျိုးသား […]

ထားဝယ်‌အရှေ့တောနယ်မှ အရေးပေါ်ကူညီရေးအဖွဲ့တစ်ဖွဲ့ လုပ်ငန်းရပ်နား

diz_admin

June 2, 2022

တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောနယ် ကျေးရွာများတွင် အကူအညီပေးနေသော TTL အာယုဒါန အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမူအထောက်အကူပြုအဖွဲ့က လုပ်ငန်းရပ်နားလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။ စက်သုံးဆီစျေးမြင့်တက်မှုအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအခက်အခဲများကြောင့် ဧပြီလ ၃၀ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လတ်တလောတွင် အဖွဲ့အတွင်း ရန်ပုံငွေနည်းပါးလာပြီး တစ်ဖက်တွင် နေ့ဖက် ဖုန်းဆက်သွယ်ရေး အခက်အခဲနှင့် စက်သုံးဆီဈေးကြီးသည့် အခက်အခဲတို့ကြောင့် လူနာကူညီသယ်ဆောင်ပေးခြင်းကို ယာယီရပ်နားရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရှမ်းပြည်(ထိုင်းနိုင်ငံ) မှာရှိတဲ့သူတွေဆီအလှူခံပြီးရင်တော့ တစ်ပတ် နှစ်ပတ်အတွင်းပြန်ပြီလည်ပတ်ဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။ TTL အဖွဲ့သည် ဧပြီလကတည်းက တိုက်ပွဲများစတင်ဖြစ်ပွားနေသည့် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ တောင်သုံး‌ကျေးရွာအခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ၏ အလှူငွေဖြင့် ရပ်တည်လည်ပတ်နေသည့် အဖွဲ့ဖြစ်သည်။ မေလ ၁၀ ရက်က တောင်သုံးလုံးရွာ၌ ဖြစ်ပွားခဲ့သည့် လက်နက်ကြီးပစ်ခတ်ခံရမူတွင် သေဆုံးလူနာနှင့် […]

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား ဗုံးပေါက်

diz_admin

June 2, 2022

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လူပြတ်သည့် လမ်းပိုင်းတစ်နေရာတွင် ယနေ့ (ဇွန် ၂) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၆ နာရီဝန်းကျင်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမူကြောင့် ထိခိုက်မူအခြေအနေကိုမူ ကြားသိရခြင်း မရှိကြောင်း ဒေသခံအချို့ကပြောသည်။ “ပေါက်ကွဲသံကတော့ တော်တော်ပြင်းတယ်။ ဗုံးပေါက်ပြီးတာနဲ့ မီးခိုးလုံးကြီးတွေ တက်လာလို့ ဘာဖြစ်တာလဲမသိဘူးဆိုပြီး သွားကြည့်ကြည့်တာ။ ကားတစ်စီးနောက်ပြန်ဆုတ်ပြီး လာနေတာ တွေ့ရတယ်။ ကျန်တာတော့ ဘာမှ မတွေ့ရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လောင်းလုံးမြို့ဆိုင်းဘုတ်နှင့် မနီးမဝေး ကားလမ်းမဘေးနှင့် ကပ်လျက်နေရာတွင် ဗုံးပေါက်သည်ဟုယူဆရသည့် တွင်း ၂နှစ်ခုကို တွေ့ရကြောင်း ယင်းလမ်းပိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖြန်သန်းသွားလာခဲ့သူတစ်‌ဦးက ဆိုသည်။ ယင်းဗုံးပေါက်ကွဲမူကို မည်သူတို့က […]

အမေရိကတွင် သေနတ်သမားတစ်ဦး ဆေးရုံထဲဝင်ပစ်၍ လေးဦးသေဆုံး

diz_admin

June 2, 2022

အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ ဆေးရုံတစ်ရုံသို့ လက်နက်ကိုင် သေနတ်သမား တစ်ဦးက ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ရာ အဆိုပါ သေနတ်သမား နှင့် အခြားလူ လေးဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြထားသည်။ တရားခံသည် ရိုင်ဖယ်သေနတ်တစ်လက်၊ လက်ကိုင် သေနတ်တို တစ်လက်တို့ဖြင့် စိန့်ဖရန်စစ် ဆေးရုံကို ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ လူ လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ရှိသော်လည်း သေဆုံးသူ ဦးရေ ထပ်တိုးလာရန် မရှိသေးကြောင်း ရဲအရာရှိများက အတည်ပြုဖော်ပြထားသည်။ မည်သည့်အတွက်ကြောင့် ယင်းသို့ ဆေးရုံကို သေနတ်ဖြင့် ဝင်ပစ်ရသည်ကို မသိသေးသလို၊ တရားခံမည်သူ မည်ဝါ ဆိုသည်ကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အခင်းဖြစ်ချိန် ညနေ ၅နာရီထိုးခါနီးတွင် သတင်းပေးတိုင်ကြားမှုရရှိခဲ့ပြီး ၃ မိနစ်အတွင်း ပြန်လည်တုန့်ပြန် နိုင်ခဲ့သည်ဟု […]

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ သုံးရာကျော်အထိရှိလာ

diz_admin

June 1, 2022

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားလာပြီး မေလ နောက်ဆုံးပတ်အထိဖြစ်ပွားသူ ၃၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါမှာ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့ပြီး မေလအတွင်း အဖြစ်များလာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။   ယခင်လတို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ပတ်လျှင် ၁၀ ဦးကျော်ရှိရာမှ မေလတွင် တစ်ပတ်လျှင် ၃၀ ကျော်အထိ မြင့်တက်လာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။ “သွေးလွန်တုပ်ကွေးက ဇွန်၊ ဇူလိုင်လမှာဆိုရင် ပိုပြီး အဖြစ်များလာနိုင်တယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် […]

ထိုင်းမြောက်ပိုင်းတွင် မြန်မာလုပ်သားများ မိသားစုလိုက် ဖမ်းဆီးခံရ

diz_admin

June 1, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုကို မေလ ၃၁ ရက် ညပိုင်းက ဖမ်းမိပြီး ယင်းအနက် ကလေးငယ် ၁၀ကျော်ပါဝင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း မဲဟွန်ဆွန်ခရိုင် (Mae Hong Son) ၊ ခုမ်ယွမ်မြို့ (Khum Yuam) တောတွင်း တစ်နေရာတွင် မြန်မာ ၂၆ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုကားကာ ယင်းသတင်းများတွင် ဖော်ပြသည်။ ၎င်းတို့သည် မဲဟွန်ဆန်ခရိုင်မှတစ်ဆင့် ပစ်ကပ်ကားဖြင့် ပထုံဌာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေစဉ် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးနှင့်အတူ မဲငေါင်ရွာအနီးရှိ တောထဲတွင် ဖမ်းမိခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်ရန်စီစဉ်နေသည်ဟု ဒေသခံများ၏ သတင်းပေးမှုကြောင့် ထိုင်းအာဏာပိုင်များနှင့် မဲဟွန်ဆွန်လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်း၍ […]

ကမ်းဝေးငါးဖမ်းလှေ ၂၅၀ ကျော် တစ်လစော၍ ပြန်လည်ငါးဖမ်းခွင့်ရ

diz_admin

June 1, 2022

တနင်္သာရီတိုင်းအတွင်းရှိသည့် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်အနက် ၂၅၀ကျော်ကို ယနေ့ (ဇွန် ၁) မှစတင်၍ ပြန်လည်ငါးဖမ်းဆီးခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ယခုနှစ် ငါးသားပေါက်ရာသီဖြစ်သည့် ဧပြီ၊ မေ၊ ဇွန်လတို့ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၏ စီးပွားရေးအခက်အခဲကြောင့် ကမ်းဝေးလှေ ၂၅၀ကျော်ကို တစ်လစောကာ ဖမ်းဆီးခွင့်ပြုလိုက်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရေလုပ်သားတွေလည်း စီးပွားရေးကျပ်တည်းနေတော့ အလုပ်အကိုင်အခွင့်အလမ်းလေးရအောင် နိုင်ငံတော်အနေနဲ့လည်း export ထွက်လာရင် အခွန်တွေရအောင် ဖြေလျှော့လိုက်တဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။ ယင်းသို့ ဖြေလျှော့ပေးရန် ရန်ကုန်တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်က တောင်းဆိုခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖြေလျှော့ ပေးခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ တစ်နိုင်ငံလုံးအနေဖြင့် ရန်ကုန်တိုင်း၊ […]

ယူကရိန်း သို့ တာဝေးပစ် ဒုံးကျည်များ ပေးပို့ပေးမည်ဟု အမေရိကန်သမ္မတကြေညာ

diz_admin

June 1, 2022

ယူကရိန်းအနေဖြင့် ရုရှားကျူးကျော်မှုကို ကာကွယ်နိုင်ရန် အတွက် အမေရိကန်ပြည်ထောင်စုက အဆင့်မြင့် ဒုံးကျည်များ ပေးပို့မည်ဟု သမ္မတဘိုင်ဒင် က ကြေညာလိုက်သည်။ ယူကရိန်းက တောင်းဆိုနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော အဆိုပါ တာဝေးပစ် ဒုံးကျည်များကို ရန်သူများအား အဝေးမှ ပစ်ခတ်ရာတွင် ပိုမိုတိကျစွာ ထိနိုင်ရေးအတွက် ဖြစ်သည်။ အဆိုပါ လက်နက်များကို ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုမည်ကို စိုးရိမ်သဖြင့် အမေရိကန်က ပေးပို့ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကမူ အမေရိကန်သမ္မတ ဘိုင်ဒင် က အဆိုပါ လက်နက်အကူအညီသည် ယူကရိန်းအနေဖြင့် ရုရှားနှင့် ဆွေးနွေးရာ၌ အားကောင်းသော အနေအထားတစ်ရပ် ဖြစ်စေရန် ရည်ရွယ်ပြီး သံတမန်နည်းအရ အဖြေရှာခြင်းကို ပိုပြီး ဖြစ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ “ဒါကြောင့်ပဲ […]