ပုလော ဇရပ်ဆိပ်ရွာရပ်ကျေးရုံးနှင့် ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးခွဲမီးရှို့ခံရ
diz_admin
October 25, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးခွဲမီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ရက် ည ၆ နာရီခွဲဝန်းကျင်တွင် ဗုံးခွဲခံရပြီး ရုံးမှာ ပျက်စီးသွားကာ ပျူစောထီးခေါင်းဆောင် နေအိမ်သည်လည်း မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ “ရုံးကိုဗုံးခွဲပြီး အိမ်တစ်ဆောင်ကို မီးတိုက် (ရှို့) သွားတယ်။ (ရုံး) ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ အိမ်နှစ်လုံးလည်း (ဗုံးဆန်) ထိသွားသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မည်သည့်အဖွဲ့မှ လာရောက်ဗုံးခွဲ မီးရှို့သွားသည်ကို တိတိကျကျမသိရသော်လည်း ယင်းအဖွဲ့ ရွာအတွင်းသို့ မရောက်မီ မိနစ်ပိုင်းအလိုတွင် အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးများက ရွာမှ ထွက်ပြေးသွားကြကြောင်း ဒေသခံများက ပြောဆိုသည်။ “သတင်းကြိုရလိုက်တယ် ထင်တယ်။ သူတို့အုပ်စုက ပလ (မြို့နယ်ခွဲ) ဘက်ကို […]


