ပြည်တွင်းငွေကြေးဂယက်ကြောင့် ဘတ်ငွေဝယ်လိုသူများ
diz_admin
October 22, 2022မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF က အမည်ပျက်စာရင်းသွင်းလိုက်မှုကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းမည်ကိုကြောက်ပြီး ဘတ်ငွေဝယ်ယူလိုသူများလာကြောင်း စျေးကွက်အတွင်းမှသိရသည်။ ထိုင်းနိုင်ငံအတွင်း ကျပ်-ဘတ်လဲလှယ်သည့် လုပ်ငန်းများတွင် ဘတ်ဝယ်လိုသူများနေပြီး ဘတ်အရောင်းမရှိသလောက် ဖြစ်နေကြောင်း၊ အဝယ်များနေ၍ ဘတ်ပေါက်စျေးမှာ အမျိုးမျိုးဖြစ်နေကြောင်း ငွေလဲလုပ်ငန်းလုပ်သူတစ်ဦးကဆိုသည်။ လတ်တလောတွင် စျေးမငြိမ်သဖြင့် မှန်မှန်ကန်ကန် လုပ်သူများမှာ အရောင်းအဝယ် ရပ်ထားကြပြီး စျေးငြိမ်မှသာ အရောင်းအဝယ် ပြန်လုပ်ကြဖွယ်ရှိကြောင်း၊ အချို့အရောင်းအဝယ် ပြုနေသည့်နှုန်းမှာ ဖြစ်သင့်သည်ထက်များနေသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။ ဘတ်ဝယ်လိုသူ များနေသဖြင့် တစ်ဘတ်လျှင် ကျပ် ၁၀၀ နှုန်းဖြင့် လဲပေးနေသူများပင် ရှိနေသည်ဖြစ်ရာ မလိုအပ်ဘဲ မဝယ်သင့်သေးကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကဆိုသည်။ “အဲ့စျေးပေါက်မပေါက် ဘယ်သူမှမပြောနိုင်ဘူးလေ။ ပါးစပ်ထဲရှိရာပြောပြီး ရောင်းနေတာ” ဟု၎င်းကဆိုသည်။ အောက်တိုဘာလ ၂၁ ရက်နေ့(မနေ့) ညနေပိုင်းအထိ ဘတ်ပေါက်စျေးမှာ […]


