ထိုင်းသို့ လူမှောင်ခိုပို့သည့်ယာဉ်များကို ထားဝယ်-ထီးခီးလမ်း အသုံးပြုခွင့်ပိတ်
diz_admin
October 27, 2022ထိုင်းနိုင်ငံသို့ အလုပ်သမား တရားမဝင်ပို့နေသည့် ယာဉ်များအားလုံး အောက်တိုဘာလ ၂၆ ရက်မှစပြီး ထားဝယ်-ထီးခီးလမ်းကို လုံးဝဖြတ်သန်း သွားလာခြင်းမပြုကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ တစ်ခုက ထုတ်ပြန်လိုက်သည်။ ပွင့်လင်းရာသီရောက်လာသဖြင့် စစ်ရေးအခြေအနေအရ ပြည်သူများ၏ လုံခြုံရေးရှေးရှုကာ ယင်းလမ်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဒီလမ်းက တိုက်ပွဲဖြစ်နေတဲ့နေရာလေ။ ဖြစ်လာရင် ရန်သူမှန်းမသိ ပြည်သူမှန်းမသိ ပစ်မိမှာစိုးလို့ဖြစ်မယ်။ ဘာဖြစ်လို့လဲဆို စကစကလည်း အရပ်ဝတ်တွေနဲ့ ကားနဲ့သွားနေကြတာပဲလေ။ အဲဒီလိုမျိုး မှားမှာစိုးလို့ ကြိုသတိပေးတာဖြစ်မယ်” ဟု ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ဒေသခံတစ်ဦးက လမ်းပိတ်မှုနှင့် ပတ်သက်ပြီး ၎င်းကြား သိထားရသည့်အကြောင်းကို ပြန်လည်ပြောပြသည်။ စစ်ကောင်စီတပ်သားများသည် အရပ်သားပုံစံဖြင့် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာစဉ် PDF အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားများပါ သေဆုံး၊ ဒဏ်ရာရသည့်ဖြစ်စဉ်များ […]


