ဘရန့်ဖို့ဒ်မှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကိုပဲ မန်ယူမှာ ရယူလိုက်တဲ့ တိုက်စစ်မှူးသစ် အမ်ဘျူမို
Dawei Watch
July 22, 2025မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် အမ်ဘျူမိုဟာ ဘရန့်ဖို့ဒ်မှာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကိုပဲ မန်ယူမှာလည်း ဆက်ခံရယူလိုက်တယ်လို့ Daily Mail က ရေးသားထားပါတယ်။ မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အမ်ဘျူမိုကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း (အပိုဆုကြေး ပေါင် ၆ သန်း အပါအဝင် စုစုပေါင်း ပေါင် ၇၁ သန်း) နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။ အမ်ဘျူမိုဟာ မန်ယူနဲ့ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ကစားသမားရဲ့စွမ်းဆောင်ရည်ကို နှစ်သက်သဘောကျခဲ့ရင် အသင်းဘက်က စာချုပ်သက်တမ်းကို နောက်ထပ် ၁၂ လ ထပ်တိုးခွင့် ရှိတယ်လို့လည်း မန်ယူက သဘောတူညီမှု ရယူထားပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့လတုန်း […]


