ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ၊ နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံရ

diz_admin

June 17, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့ ညက ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ အပြင်းအထန်ရသည့်အပြင် နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ လောင်းလုံးမြို့ အရှေ့ဖက် ၄ မိုင်ခန့်အကွာ ဝေဒီကျေးရွာသို့ စစ်ကောင်စီတပ်သားများ ဇွန်လ ၁၆ ရက် ည ၁၀ နာရီအချိန်က ရောက်ရှိလာပြီးနောက် ယင်းသို့ဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ဒေါ်သန်းဌေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေအိမ်လည်း မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ “ဒေါ်သန်းဌေးက အိမ်မှာက ကုန်စုံဆိုင်လေး ရှိတယ်။ အခု အဲဒီကုန်စုံဆိုင်လည်း မီးလောင်သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် ဒေါ်သန်းဌေးနှင့် တစ်ခြံတည်းတွင်နေထိုင်သည့် တူမဖြစ်သူ မနွယ်နီဌေးကိုလည်း ဖမ်းဆီးသွားပြီးနောက် […]

အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၂၈ဦးကို ဘတ်တစ်သန်းကျော်လျော်ကြေးပေးရန် ထိုင်းတရားရုံးအမိန့်ချ

diz_admin

June 16, 2022

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လျော်ကြေးမရဘဲ အလုပ်ဖြုတ်ခံရသည် မြန်မာအလုပ်သမား ၂၈ဦးကို ဘတ် ၁ဒသမ ၃သန်းကျော် လျော်ကြေးပေးရန် တရားရုံးက အမိန့်ချလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ထံမှ သိရသည်။ ၂ နှစ်ကြာ တရားရင်ဆိုင်ပြီးနောက် ဇွန်လ ၁၅ရက်နေ့တွင် အလုပ်သမားတရားရုံးက ယင်းသို့အမိန့်ချလိုက်ခြင်း ဖြစ်သည်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် တရားဝင် လာရောက်လုပ်ကိုင်သည့် မြန်မာ အလုပ်သမား ၂၈ ဦးကို ထိုင်းအလုပ်ရှင်က လျော်ကြေးမပေးဘဲ ၂၀၂၀ ခုနှစ်တွင် အလုပ်ဖြုတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာအလုပ်သမားများအရေးကူညီပေးခဲ့သည့် MWRN ထံမှ သိရသည်။ ထို့ကြောင့် ထိုင်းအလုပ်သမားကာကွယ်‌စောင့်ရှောက်ရေးရုံးသို့ အသနားခံစာတင်သွင်းရာ MOU စာချုပ်သက်တမ်း ကာလအရ နစ်နာကြေးခံစားခွင့်မရှိဟု ဆုံးဖြတ်သဖြင့် […]

ဘုတ်ပြင်းရှိ ရွာများတွင် လျှပ်စစ်တစ်ယူနစ် ကျပ်နှစ်ထောင်အထိပေးရ

diz_admin

June 16, 2022

သွားလာရခက်ခဲ့သည့် ဘုတ်ပြင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင် လျှပ်စစ်မီးတစ်ယူနစ်ကို ကျပ်နှစ်ထောင်အထိ ပေးကာသုံးစွဲနေရကြောင်း ဒေသခံများ ထံမှသိရသည်။ ပြီးခဲ့သည့်မတ်လအတွင်း အဆိုပါပင်လယ်ရွာများတွင် လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ယူနစ် ကျပ်နှစ်ထောင်ပေးကာ သုံးစွဲနေရသည်ဟု ဘုတ်ပြင်းမြို့နယ် ဒေသခံများကပြောသည်။ “လျှပ်စစ်မီးက သုံးသုံးမသုံးသုံး တစ်အိမ်ကို တစ်လသုံးသောင်းပေးနေရတယ်”ဟု ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင်ကျေးရွာနေ အမျိုးသမီး ကပြောသည်။ ကြိမ်မဲတောင်ကျေးရွာတွင် အိမ်ခြေလေးရာဝန်းကျင်ခန့်ရှိပြီး လုပ်ငန်းရှင်တစ်ဦးက လျှပ်စစ်ဓါတ်အား ဖြန့်ဝေနေခြင်းဖြစ်သည်။ ယင်းသို့ဖြန့်ဝေရာတွင် မီတာတစ်လုံးလျှင် အခြေခံယူနစ် ၁၅ ယူနစ်အဖြစ် သတ်မှတ်ထားပြီး တွက်ချက်ကောက်ခံကြောင်း ဒေသခံများကပြောပြသည်။ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာများသည် ခရီးဝေးသဖြင့် စက်သုံးဆီသယ်ယူရာတွင် ကုန်ကျစရိတ်များကြောင်း ယင်းကြောင့် လျှပ်စစ်စျေးနှုန်းမှာလည်း မြို့ပြနှင့်နီးပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ရွာများထက် အနည်းငယ်ပိုများကြောင်း လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။ ယင်းအပြင် […]

ပုလောမြို့တွင် ဆိုင်ပိုင်ရှင်ငါးဦး ဖမ်းဆီးခံရ

diz_admin

June 16, 2022

မြိတ်ခရိုင် ပုလောမြို့တွင် ကုန်မာဆိုင်ပိုင်ရှင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်ညက ဆိုင်ကယ်အပိုပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့ (ဇွန် ၁၆) အာရုံတက်ချိန်တွင်လည်း ကုန်မာဆိုင်ပိုင်ရှင် လေးဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။ အထက်ပါဆိုင်ပိုင်ရှင် ငါးဦးတွင် အမှတ် (၂) ရပ်ကွက်က လေးဦး၊ အမှတ် (၄) ရပ်ကွက်က တစ်ဦးပါဝင်ပြီး ၎င်းတို့အနက် အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း မြို့ခံများကို မေးမြန်းချက်အရ သိရသည်။ “ဘာကြောင့် လာခေါ်သွားတယ်ဆိုတာ ကျွန်တော်တို့လည်း မသိရသေးဘူး” ဟု ဆိုင်ရှင်အချို့နှင့် နီးစပ်သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် မေ ၁၅ ရက်ကလည်း ပုလောမြို့နေ အမျိုးသမီးတစ်ဦး […]

တနင်္သာရီ လယ်သစ်ရွာအနီးတွင် တိုက်ပွဲဖြစ်

diz_admin

June 15, 2022

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနောက်ကမ်းတွင် ယနေ့ (ဇွန် ၁၅) ညနေ ၃ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လယ်သစ်အနောက်ကမ်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီး ပစ်သံတွေလည်း ကြားခဲ့ရတယ်။ လက်နက်ငယ်သံရောပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ညနေ ၅နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်က နှစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ကလည်း လက်လုပ်သေနတ် ယမ်းမတော်တဆဖြစ်ကာ တစ်ဦးဒဏ်ရာရသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ လယ်သစ်ကျေးရွာအနောက်ကမ်းသို့ ဇွန်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပြီး လယ်သစ်အရှေ့ကမ်းသို့ […]

မော်လမြိုင်တွင် WHO ဝန်ထမ်း ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှု ပိုမိုတင်းကျပ်

diz_admin

June 15, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရပြီးနောက် ရှာဖွေစစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။ WHO ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်နေ့ ညနေက ရုံးမှ အိမ်သို့ ဆိုင်ကယ်စီးပြီးအပြန် သံလွင်ဥယျာဉ် ဘေးလမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် မြို့ပေါ်တွင် လုံခြုံရေး အင်အားတိုးမြှင့်ချထားသည့် အပြင် စစ်ဆေးမှုလည်း ပိုမိုတင်းကျပ်လာကြောင်း မြို့ခံများက ပြောသည်။ “စစ်ဆေးမှုတွေ ပိုတင်းကျပ်လာတယ်။ အထူးသဖြင့် ညပိုင်းဆို ရဲတွေ အင်အား အများအပြားနဲ့ စစ်ဆေးတာတွေ ရှိလာတယ်” ဟု မြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်။ မြို့ပေါ်ရှိ လမ်းဆုံးလမ်းခွများ၊ လမ်းမကြီးများ စသော လူသွားလူလာများပြားသည့် နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ကားဆိုလျှင် […]

မြန်မာသို့ လက်နက်ရောင်းချသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ဖမ်းမိကြောင်း ထိုင်းရဲပြော

diz_admin

June 15, 2022

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းနှိမ်နှင်းရေးအဖွဲ့ (Crime Suppression Division) က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံရှိ ခရိုင် ၅ ခုတွင် တရားမဝင် လက်‌နက်အရောင်းအဝယ်ပြုလုပ်နေသော ကွင်းဆက်အဖွဲ့အစည်းများကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းဖမ်းဆီးစဉ်တွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသူကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဆိုသည်။ တရားမဝင် လက်နက်‌မှောင်ခိုဈေးကွက်ကို Mr. Danupol အမည်ရှိ ထိုင်းရွာသူကြီးတစ်ဦးက ဆောက်ရွက်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချနေသူလည်းဖြစ်ကြောင်း ထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုဌာန (CIB) မှ ဒုတိယရဲချုပ် Jirabhop Bhuridej က ပြောဆိုသည်။ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသော အသက် ၃၂ နှစ်အရွယ် ဒါနူပေါလ် (Danupol) […]

ဧကနိရွာတွင် လူငယ်နှစ်ဦး အသတ်ခံရ၊ NLD အမာခံနေအိမ်လည်း ဗုံးဖောက်ခံရ

diz_admin

June 15, 2022

ရေဖြူမြို့နယ် ဧကနိရွာတွင် ယနေ့ (ဇွန် ၁၅) နံနက်အစောပိုင်းက NLD အမာခံတစ်ဦး၏ နေအိမ်ဗုံးဖြင့် ပစ်ဖောက်ခံရပြီး ရွာသားနှစ်ဦးလည်း ပစ်သတ် အလောင်းစွန့်ပစ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့နံနက် လေးနာရီခန့်က အရပ်ဝတ်လက်နက်ကိုင် ဆယ်ဦးခန့် ကားနှစ်စီးဖြင့် ဝင်ရောက်လာပြီး အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း၊ သေနတ်ပစ်ဖောက်သံ ၁၀ ချက်ထက်မက ကြားရပြီး ဗုံးပေါက်ကွဲသံလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ဖမ်းဆီးသွားသူနှစ်ဦးကို ပစ်သတ်ပြီး ဝက်ချောင်းရွာအနီးက တံတားအနီးတွင် အလောင်းကို စွန့်ပစ်ခဲ့ကာ အလောင်းနံဘေးတွင် စွန်ရဲအဖွဲ့ အမည်ပါ အမှတ်တံဆိပ် ချထားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဝက်ချောင်းရွာက ဖုန်းဆက်လာမှ သိတယ် ပစ်သတ်ခဲ့တယ်ဆိုတာကို။ အစကတော့ ဖမ်းသွားတာပဲ ထင်တာပေါ့နော်” ဟု […]