မြိတ်တွင် လေးရက်အတွင်း လူပျောက်တိုင်ကြားမှု သုံးခုရှိ
diz_admin
July 6, 2020မြိတ်မြို့တွင် ဇွန်လ ၂၉ ရက်နေ့မှ ဇူလှိုင်လ ၂ ရက်နေ့အထိ လေးရက်အတွင်း လူပျောက်အမှု သုံးမှုရှိကြောင်း မြိတ်မြို့မရဲစခန်းနှင့် ကာယကံရှင်တို့ထံမှ သိရသည်။ မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာကျေးရွာနေ အသက်နှစ်ဆယ်အရွယ်ရှိ ဒုတိယနှစ် သင်္ချာကျောင်းသူတစ်ဦးမှာ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖခင်ဖြစ်သူ၏ နာရေးနှစ်ပတ်လည်အလှူအတွက် အင်္ဂမော်ရွာရှိ သူငယ်ချင်းများအား သွားရောက် ဖိတ်ကြားရန် နေအိမ်မှ တစ်ဦးတည်း ခြေလျင်ထွက်သွားရာမှ ပျောက်ဆုံးခဲ့ရကြောင်း မိခင်ဖြစ်သူက ပြောပြသည်။ သမီးဖြစ်သူမှာ မွန်းလွဲပိုင်းအချိန်အထိ နေအိမ်သို့ ပြန်မလာသေးသဖြင့် အင်္ဂမော်ရွာရှိ သူငယ်များအား သွားရောက်မေးမြန်းရာ မရောက်လာကြောင်း ပြောဆိုကြသဖြင့် အိမ်တွင်ကျန်ခဲ့သည့် ဖုန်းအားစစ်ဆေးခဲ့ပြီး နောက်ဆုံးခေါ်ဆိုခဲ့သည့် ဖုန်းနံပါတ်အား ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေဆိုခြင်း မရှိကြောင်း အဆိုပါ မိခင်က ပြောပြသည်။ “ခုချိန်ထိ […]