ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ယခုလအတွင်း ထိုင်းက ပြန်လွှဲပေးသည့် မြန်မာလုပ်သား ၃၀၀ ဦးကျော်ရှိ

diz_admin

June 18, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ဇွန်လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် ရှိလာနေပြီဖြစ်ကြောင်း ဘန်‌ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။ ဇွန်လ ၈ ရက်နေ့က မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၁၆၉ ဦးတို့အား လွှဲပြောင်းပေးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။ ယင်းနောက် ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၈ ဦးနှင့် အမျိုးသမီး ၅၇ ဦး စုစုပေါင်း ၁၅၅ ဦးတို့အား ထပ်မံလွှဲပြောင်းပေးကြောင်း သံအရာရှိရုံးက သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် ယခုလအတွင်း ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာအလုပ်သမား ၃‌၂၄ […]

ရေဖြူတွင် သုံးရက်အတွင်း အမျိုးသားငါးဦး အသတ်ခံရ

diz_admin

June 18, 2022

ရေဖြူမြို့နယ်တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၇ နေ့အထိ သုံးရက်တာအတွင်း အမျိုးသားငါးဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဇွန်လ ၁၇ ည ၈ နာရီ ကျော်က အသက် ၃၀ ကျော်အရွယ် ရလိုင်ရွာသား ဦးတင်ထွန်းအောင်ဆိုသူ နေအိမ်တွင် ရှိနေစဉ် အမည်မသိအမျိုးသားသုံးဦး လာရောက်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးတင်ထွန်းအောင်သည် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေမှူးနှင့် တွဲသွားတွဲလာရှိသူဖြစ်ပြီး အလုပ်ကူညီပေးလေ့ ရှိသည်ကိုလည်း တွေ့ရသည်ဟု ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ သို့သော် အဆိုပါအမျိုးသားအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။   ယင်းအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ (ဇွန် ၁၈) နံနက်ပိုင်းက ရေဖြူမြို့သို့ […]

မလေးရှားတွင် ထားဝယ်သား လှေလုပ်သားတစ်ဦး လှေပေါ်တွင် လည်ပင်းထိခိုက်မှုကြောင့် သေဆုံး

diz_admin

June 18, 2022

မလေးရှားနိုင်ငံရှိ ငါးဖမ်းလှေပေါ်တွင် လုပ်ကိုင်နေသော ထားဝယ်သားတစ်ဦးသည် ငါးဖမ်းထွက်နေစဉ် ဇွန်လ ၁၅ရက်နေ့တွင် မတော်တဆဖြစ်ပြီး သေဆုံးသွားကြောင်း ယင်းနိုင်ငံရှိ ရွှေမြန်မာပရဟိတအသင်းထံမှ သိရသည်။ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ဆာဗာ့ဘရနမ်ခရိုင်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်စဉ် ပိုက်တင်ချပြုလုပ်သော ခွမ်းကြိုးပြတ်၍ လည်ပင်းအားရိုက်မိသောကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ သေဆုံးသူသည် ထားဝယ်မြို့နယ် ညောင်ဇင်ရွာသား အသက် ၄၃ အရွယ် ဦးအောင်နိုင်ဆိုသူဖြစ်ပြီး မလေးရှားသို့ ရောက်ရှိသည်မှာ ၇ရက်သာ ရှိသေးကြောင်း အဆိုပါအသင်းထံမှ သိရသည်။ “သူက အရင်က ထိုင်းမှာပဲ အလုပ်လုပ်တာ။ အခုမလေးရှားမှာ သွားလုပ်တာ မကြာသေးဘူး။ အခုလိုဆုံးသွားတာ တကယ်စိတ်မကောင်းဘူး” ဟု မလေးရှားတွင် အလုပ်လုပ်နေသော ညောင်ဇင်ရွာသားတစ်ဦးက ပြောသည်။ အဆိုပါသေဆုံးမှုနှင့် ပက်သက်၍ အမှုလိုက်ရဲအရာရှိနှင့် မိသားစုများမှ ရွှေမြန်မာပရဟိတလူမှုကူညီရေးအသင်းသို့ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

June 17, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (ဇွန် ၁၁-၁၇) ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်နိုင်မည့်အချိန် မသေချာသေး ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်ရန် လုပ်ငန်းစဉ်များ ခန့်မှန်းသည်ထက် ပိုရှုပ်ထွေးနေသဖြင့် အဖွဲ့ဝင်ဖြစ်မည့်အချိန် မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ်က ဇွန်လ ၁၃ ရက်နေ့တွင်ပြောကြားခဲ့သည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန်အတွက် မေလ ၁၈ ရက်နေ့တွင်လျှောက်ထားခဲ့ပြီး လုပ်ငန်းစဥ်များအရ အဖွဲ့ဝင်နိုင်ငံ ၃၀ စလုံး တပြေးညီသဘောတူညီမှသာ အဖွဲ့ဝင်အသစ်အဖြစ် လက်ခံနိုင်မည်ဖြစ်သည်။ Ref: Voice of America တရုတ်နိုင်ငံတွင် အမျိုးသမီးများအား ကိုယ်ထိလက်ရောက်ကျူးလွန်သူ ၉ ဦးကို ဖမ်းဆီးထား တရုတ်နိုင်ငံ […]

ရေးတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

June 17, 2022

မွန်ပြည်နယ်၊ ရေးမြို့တွင် ယနေ့ (ဇွန် ၁၇) နံနက်ပိုင်းက အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယနေ့ နံနက် ၈ နာရီခန့်က ရေးမြို့ ဇော်လက်ဖက်ရည်ဆိုင်တွင် ကိုအရှည်ကြီးနှင့် ကိုကြည်ဟိန်းဆိုသူတို့ ရှိနေစဉ် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအရှည်ကြီးနှင့် ကိုကြည်ဟိန်းတို့ နှစ်ဦးစလုံးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ အထက်ပါဖြစ်ရပ်မှာ ၎င်းတို့အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ကိုအရှည်ကြီးသည် စစ်ကောင်စီသတင်းပေးဒလန်ဖြစ်သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင် ၎င်းနှင့်အတူ ထိုင်နေသည့် ရေးမြို့ခံတစ်ဦးကိုလည်း မတော်တဆ ကျည်ထိမှန်သဖြင့် သေဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ကိုအရှည်ကြီးကို ကျည်ကျွံထွက်ကာ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

June 17, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (ဇွန် ၁၁ – ၁၇) မန္တလေးတွင် ကမ္ဘောဇဘဏ်ခွဲ (KBZ) ဓားပြတိုက်ခံရ မန္တလေးမြို့ ၂၆လမ်း၊ ၆၂လမ်းနှင့် ၆၃လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (KBZ) ဇွန်လ ၁၇ ရက်နေ့ ဓားပြတိုက်ခံရခြင်းဖြစ်သည်။ အဆိုပါဘဏ်မှာ အမှတ် (၃) ရဲစခန်းအနီးတွင် တည်ရှိပြီး ဓားပြတိုက်သူက ဆိုင်ကယ်ဖြင့်လာကာ ပလပ်စတစ်အိတ်အနက်ထုတ်ကို ဘဏ်အဝတွင်ချပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်။ PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီပြော စစ်ကောင်စီက လာမည့်ရွေးကောက်ပွဲတွင် Closed List PR စနစ် အသုံးပြုမည်ဖြစ်ပြီး ယင်းစနစ်နှင့် ပတ်သတ်၍ လူထုဆန္ဒခံယူရန် မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောဆိုသည်။ […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှစ်ထောင်ကျော်အောင်၊ ရှစ်ရာကျော်ဂုဏ်ထူးထွက်

diz_admin

June 17, 2022

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော် အောင်မြင်သည့် အနက် ရှစ်ရာကျော်မှာ ဂုဏ်ထူးထွက်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ (ဇွန် ၁၇) ထုတ်ပြန်လိုက်ပြီး တနင်္သာရီတိုင်းတွင် စာမေးပွဲဖြေဆိုသူ လေးထောင်ကျော် (၄၃၅၉ ဦး) ရှိသည့်အနက် နှစ်ထောင်ကျော် (၂၀၀၃ ဦး) အောင်မြင်ခြင်းဖြစ်သည်။ အောင်ချက်ရာခိုင်နှုန်းမှာ ၄၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ၂၀၀၃ ဦးအနက် ၈၀၈ ဦး ဂုဏ်ထူးထွက်ပြီး မြိတ်မြို့နယ်နှင့် သရက်ချောင်း မြို့နယ်က ခြောက်ဘာသာဂုဏ်ထူးထွက်သူ နှစ်ဦးရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။ ၁ ဘာသာဂုဏ်ထူးထွက်သူ ၆၄၆ ဦး၊ ၂ ဘာသာဂုဏ်ထူးထွက်သူ ၉၂ […]

တက္ကသိုလ်ဝင်တန်းအောင်ချက် မွန်ပြည်နယ် ပထမပြန်ရ

diz_admin

June 17, 2022

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကောင်းဆုံးဖြင့် မွန်ပြည်နယ်က ပထမရရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို စစ်ကောင်စီက ယနေ့ (ဇွန် ၁၇) ထုတ်ပြန် လိုက်ပြီး မွန်ပြည်နယ်တွင် ဖြေဆိုသူ တစ်သောင်းကျော် (၁၁,၂၁၂ ဦး) ရှိသည့်အနက် ခြောက်ထောင်ကျော် (၆၄၁၄ ဦး) အောင်မြင်သည်။ အောင်ချက် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အမြင့်မားဆုံးဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။ မွန်ပြည်နယ်သည် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးအဖြစ် ဆက်တိုက်ရရှိနေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ “ဒီနှစ်လည်း မွန်ပြည်နယ်က အောက်ချက် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ ပထမရတယ်” […]