တနင်္သာရီမြို့နယ်တွင် ထိုင်းမျိုး ဒူးရင်းပင် စီးပွားဖြစ်စတင်စိုက်ပျိုး
diz_admin
June 24, 2022မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူအချို့ ထိုင်းမျိုး ဒူးရင်းပင်များကို စီးပွားဖြစ် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ယင်းမြို့နယ်ရှိ ဥယျာဉ်ခြံလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်ခန့်မှစပြီး ဥယျာဉ်ခြံပိုင်ရှင်အချို့သည် ထိုင်းမျိုး ဒူးရင်းပင်တို့အား တစ်ပိုင်တစ်ပိုင်ပုံစံဖြင့် စတင်စမ်းသပ် စိုက်ပျိုးခဲ့ကြကြောင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်သူအချို့က ပြောသည်။ ယင်းကဲ့သို့ စမ်းသပ်စိုက်ပျိုးရာတွင် ငွေအကုန်အကျနည်းပြီး တွက်ခြေကိုက်သဖြင့် ယခုနှစ်တွင် စီးပွားဖြစ် စိုက်ပျိုးသူ ဦးရေ ဆယ်ဂဏန်းအထိ ရှိလာနေပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ် ရမ်းဖိုရွာနေ ထိုင်းမျိုးဒူးရင်းပင် စိုက်ပျိုးနေသူ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းကိုယ်တိုင် အပင်ရေ ဆယ်ဂဏန်းခန့်ဖြင့် စတင်စမ်းသပ်စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် အပင်ရေ တစ်ရာကျော်အထိ တိုးချဲ့စိုက်ပျိုးနေကြောင်း ပြောပြသည်။ “အသီးကတော့ လူကြိုက်များသလို ဈေးကလည်း ကောင်းစပဲ” ဟု […]


