ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ယူကရိန်းကို စစ်ရေးအသုံးစရိတ် ပေါင် ၁ ဘီလီယံထပ်ပေးမည်ဟု ဗြိတိန်ကတိပြု

diz_admin

June 30, 2022

ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် ပေါင်ငွေ ၁ ဘီလီယံ ထပ်ဆောင်းပေးအပ်ရန် ဗြိတိန်က ကတိပြုလိုက်ရာ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေစဉ်အတွင်း ဗြိတိန်၏ အကူအညီက နောက်ထပ် ၂ ဆ ဝင်လာမည့် သဘောဖြစ်သည်။ ထပ်မံပေးပို့မည့် ဘဏ္ဍာငွေကြောင့် ယူကရိန်းသို့ ဗြိတိန်၏ စစ်ရေးထောက်ပံ့မှုသည် ပေါင်ငွေ ၂ဒသမ၃ဘီလီယံ အထိ ရှိသွားမည်ဖြစ်သည်။ ဗြိတိန်သည် ယူကရိန်းကို လူသားချင်းစာနာမှု နှင့် စီးပွါးရေး အကူအညီအဖြစ် ပေါင်ငွေ ၁ ဒသမ ၅ ဘီလီယံ ပေးအပ်ထားပြီး ဖြစ်သည်။ ဗြိတိန်၏ ယခုကဲ့သို့ ငွေအသုံးပြုမှုသည် ယူကရိန်း၏ ကာကွယ်ရေးကို အသွင်ပြောင်းသွားစေမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်စ်ဂျွန်ဆင် က ပြောကြားသည်။ ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်စကီး က ယူကရိန်းစစ်ပွဲကို ပိုမိုကူညီပေးရန်အတွက် NATO ခေါင်းဆောင်များကို တိုက်တွန်းလိုက်ပြီးနောက် […]

ကဒတ်ဥစျေး ၃ ဆခန့်မြင့်တက်

diz_admin

June 30, 2022

ထားဝယ်တွင်လူကြိုက်များပြီး ဟင်းချိုချက်စားရသော ကဒတ်ဥများ စျေးတက်နေပြီး ယခင်ကထက် ၃ ဆခန့်စျေးပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။ ကဒက်ဥတစ်ချောင်း ယခင်က အသေးအကြီးလိုက် ၍ သုံးရာကျပ်မှ ငါးရာကျပ်အထိ ပေးဝယ်နေရာမှာ ယခုနှစ်တွင် ယခင်က သုံးရာကျပ် ပေးဝယ်ရသော တစ်လက်မအချင်း အရှည် တစ်ပေခွဲခန့်ရှိသော ကဒက်ဥတစ်ချောင်းကို ကျပ်ရှစ်ရာခန့် အထိ ပေးဝယ်ခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “မနေ့က ဟင်းချိုချက်မလို့ ပေါ်ဦးပေါ်ဖြားဆိုတော့ ဈေးမှာသွားကြည့်တယ်။ အသေးတစ်ချောင်း ရှစ်ရာတောင်‌ ခေါ်တယ် ဈေးပွဲ(စျေးသိမ်း)ခါနီးမို့ ငါးရာကျပ်ပေးပြီး ဝယ်ခဲ့ရတယ်”ဟု ၎င်းကပြောသည်။ ယခုနှစ် ဇွန်လ ဒုတိယအပတ်မှစပြီး လောင်းလုံးမြို့နယ် တောတောင်တစ်လျှောက်တွင် ပစ်ခတ်မှုများ ဖြစ်နေသောကြောင့် ကဒတ်ဥ ရှာဖွေကြသူနည်းပါးကြောင်း လောင်းလုံးမြို့နယ်မှ ဈေးသည်တစ်ဦးက ပြောသည်။ “မနှစ်က ဒီအချိန်ဆိုပေါမှပေါ အခုကတောထဲမဝင်ရဲကြတော့ မနှစ်က […]

တိုက်ပွဲများ ပုလောမြို့အနီး ရောက်လာ

diz_admin

June 29, 2022

စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် တိုက်ပွဲများမှာ တဖြည်းဖြည်းနှင့် ပုလောမြို့အနီးဝန်းကျင်သို့ ရောက်ရှိလာပြီဖြစ်သည်။ ပုလောမြို့သည် ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသော ကားလမ်းပေါ်တွင် တည်ရှိပြီး လူနေထူထပ်ကာ စီးပွားရေးကောင်းသဖြင့် ဖွံ့ဖြိုးသည့် မြို့တစ်ခုဖြစ်သည်။ ယခုအခါ ပုလောမြို့နှင့် တစ်မိုင်ခန့်သာ ဝေးကွာသည့် မကျည်းကုန်းကျေးရွာနှင့် နန်းတောင်ကျေးရွာ အုပ်စုတို့တွင် တိုက်ပွဲများစတင် ဖြစ်ပွားလာရာ တိုက်ပွဲများ မြိုအနီးသို့ရောက်ရှိလာပြီဖြစ်သည်။ မကျည်းကုန်းကျေးရွာနှင့် နန်းတောင်ကျေးရွာအုပ်စု မှော်မိကျေးရွာတို့တွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့နံနက် ၁၁ နာရီဝန်းကျင်မှစတင်ပြီး တိုက်ပွဲဖြစ်ပွါးနေသည်ဟု ဒေသခံများ ကပြောသည်။ “လက်ရှိက မြို့ပေါ်တိုက်ပွဲပုံစံမျိုးကို ဖြစ်လာနေပြီ လူတွေကကြောက်နေကြပြီပေါ့။ ဖြစ်လာရင်တော့ ပြေးရမှာပေါ့ “ဟု ပုလောမြို့ဒေသခံ အမျိုးသား ကပြောဆိုသည်။ ယနေ့မကျည်းကုန်းတိုက်ပွဲကြောင့် ပုလော-မြိတ်ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ရပ်ထားရကြောင်း၊ ရွာနေလူများလည်း […]

ရေးတွင် မီတာခ စျေးထပ်တက်

diz_admin

June 29, 2022

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ စျေးထပ်တက်သွားရာ တစ်ယူနစ် ၁၃၅၀ ကျပ် ပေးရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ မဟာဓာတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီများဖြင့် ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးဖြန့်ဖြူးရေး လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ဒီဇယ်စျေးမြင့်တက်လာခြင်းကြောင့်ရေးမြို့နယ်အတွင်း ပုဂ္ဂလိကကုမ္ပဏီများက ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးသည် ယခုလမှစကာ တစ်ယူနစ်  ကျပ် ၁၃၅၀ နှုန်းဖြင့်တိုးမြှင့်ကောက်ခံရန် မီးလင်းရေးကော်မတီက ကြေညာထားသည်။ ပုဂ္ဂလိကကုမ္ပဏီများမှ ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးသည် တစ်ယူနစ် ကျပ် ၉၀၀ ကောက်ခံနေရာမှ မတ်လမှစကာ တစ်ယူနစ် ကျပ် ၁၂၀၀ တိုးမြှင့်ကောက်ခံခဲ့ပြီး ယခု တစ်ယူနစ် ကျပ် ၁၃၅၀ သို့ ထပ်မံတိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။ ” အခု ဇွန်လမှာ သုံးထားတာတွေကို တစ်ယူနစ် ၁၃၅၀ ကျပ်နှုန်းနဲ့ […]

တိုက်ပွဲကြောင့် ဒဏ်ရာရပြီးထွက်ပြေးလာသည့် မြန်မာနှစ်ဦးကို ဆေးကုပေးထားသည်ဟု ထိုင်းပြော

diz_admin

June 29, 2022

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိပြီး ယနေ့ (ဇွန် ၂၉) ထွက်ပြေးလာသည့် ရွာသားနှစ်ဦးကို ထိုင်းနိုင်ငံဘက်က ဆေးဝါးကုသမှုပေးခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ ထိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းသတင်းတွင် ဖော်ပြသည်။ မြဝတီမြို့နယ် ဝေါလေဒေသတွင် ယနေ့ နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်လာသဖြင့် ဒဏ်ရာရရှိလာသော ယင်းဒေသက ရွာသားနှစ်ဦးသည် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာပြီး အကူအညီတောင်းခံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါရွာသားအမျိုးသားနှစ်ဦးမှာ အသက် ၃၀ နှင့် ၃၃ နှစ်အရွယ်တို့ဖြစ်ကြပြီး ဦးခေါင်းနှင့် ခြေထောက်များတွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဌာနက တာဝန်ရှိသူများက ပြောဆိုသည်။ ဗုံးစထိမှန်ထားသည်ဟု စစ်ဆေးချက်အရသိရပြီး ၎င်းတို့ကို တာ့ခ်ခရိုင် ဖို့ဖရဆေးရုံသို့ ပို့ဆောင်ကာ […]

ဘာသာရေးတင်းမာမှု ဖြစ်ပေါ်လာနိုင်၍ အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုတွင် အရေးပေါ်တပ်လှန့်ထား

diz_admin

June 29, 2022

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်တွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ဒေသတွင်း ဘာသာရေး တင်းမာမှုများ ဖြစ်နေရာ လုံခြုံရေးများကို တပ်လှန့်ထားကြောင်း BBC သတင်းက ဖော်ပြထားသည်။ အပ်ချုပ်သမားတစ်ဦးဖြစ်သူ ကန်ဟာယာလာကို အူဒါပူရ် ခရိုင်တွင် မွတ်ဆလင်ဘာသာဝင် အမျိုးသား နှစ်ဦးက သတ်ခဲ့ခြင်းဖြစ်ကာ သတ်နေသည်ကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက တမန်တော်မိုဟာမက်အား အငြင်းပွါးဖွယ်ဝေဖန်ခဲ့သူ နိုင်ငံရေးသမားကို ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသားက ထောက်ခံကြောင်း ဗီဒီယိုထဲတွင် လူသတ်သမားများက ပြောကြားသွားခဲ့သည်။ အဆိုပါဒေသကို အစိုးရက အင်တာနက်ဖြတ်တောက်လိုက်ပြီး လူစုလူဝေးဖြင့် စုဝေးမှုများကို တားမြစ်ထားသည်။ လူသတ်သမားများသည် ၎င်းတို့ မည်သူမည်ဝါများဖြစ်သည်ကိုပါ ဗီဒီယိုထဲတွင် ပြောကြားခဲ့ကြပြီး ၎င်းတို့ကို ရဲများက ဖမ်းဆီးထားသည်။ နောက်ထပ် ထပ်ထွက်လာသော ဗီဒီယိုထဲတွင် လူသတ်သမားများက လူသတ်ခဲ့ခြင်းအပေါ် […]

ပုလောအရှေ့ဖျားရွာများဖက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

diz_admin

June 29, 2022

ပုလောမြို့နယ်၊ အရှေ့ဖျားဒေသရှိ ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက် ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အရှေ့ဖျားဒေသရွာများဖြစ်သည့် နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ပုလောကုန်း၊ ရှမ်းဒွတ် စသည့် ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက်ည ၇ နာရီမှစတင်ကာ ပစ်ခတ်ခံရပြီး နံနက် ၁ နာရီအချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် အသံများကြားရကြောင်း ဒေသခံများက ပြောသည်။ “ရှမ်းဒွတ်ရွာထဲအထိ လက်နက်ကြီးတွေ လာကျတယ်။ လက်နက်ငယ်အသံတွေလည်း ကြားရတယ်” ဟု ရှမ်းဒွတ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ပုလော စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာများဘက်က ပစ်ခတ်ခြင်းဖြစ်ပြီး ပုလောအရှေ့ဖျားဒေသ ကျေးရွာများ ၏ အနီးပတ်ဝန်းကျင်တွင် PDF များ ခိုအောင်းလှုပ်ရှားနေသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က […]

အမေရိကသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများ အစုလိုက်အပြုံလိုက် သေဆုံးလျက်တွေ့ရှိ

diz_admin

June 28, 2022

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယို မြို့ပြင်ဘက်တွင် စွန့်ပစ်ရပ်ထားသော ထရပ်ကားကြီး အတွင်းမှ အစုလိုက်အပြုံလိုက်သေဆုံးနေသူ ၄၆ ဦးကို တွေ့ရှိရကြောင်း သတင်းများက ဖော်ပြထားသည်။ ကလေး (၄) ဦးအပါအဝင် အသက်ရှင်ကျန်သူ ၁၆ ဦးကို ဆေးရုံသို့ ခေါ်ဆောင်ထားကြောင်း မီးသတ်ကယ်ဆယ်ရေး အရာရှိ တစ်ဦးက ပြောကြားသည်။ အသက်ရှင်ကျန်ရစ်သူများမှာ ကိုယ်အပူချိန်အလွန်မြင့်တက်နေပြီး အလွန်ပြင်းထန်သော အပူချိန်ကို ခံစားထားရခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ အမေရိကန်- မက္ကဆီကိုနယ်စပ် ကီလိုမီတာ (၂၅၀) အကွာ ဆန်အန်တိုနီယိုမြို့သည် လူကုန်ကူးသူများ၏ အဓိက အသုံးပြုရာ လမ်းဆုံနေရာ ဖြစ်သည်။ လူကုန်ကူးသူများသည် ထရပ်ကားကြီးများကို အသုံးပြုကာ စာရွက်စာတမ်းမရှိသော ရွှေ့ပြောင်း ဝင်ရောက်လာသူများကို ပို့ဆောင်လေ့ရှိပြီး ဝေးလံခေါင်ဖျား နယ်စပ်နေရာများမှ သွားရောက် ခေါ်ယူလာခြင်း ဖြစ်သည်။ […]