မှုခင်းတပ်ဖွဲ့စုမှူးရုံးက လျှောက်ထားသည့် မြေနေရာကို လယ်သမားက ကန့်ကွက်
diz_admin
July 6, 2020ထားဝယ်မြို့ ဆန်းချီတိုးချဲ့ကွက်သစ်တွင် ဆေးဝါးကွပ်ကဲရေးရုံးအနီးရှိ မြေနေရာအား တနင်္သာရီတိုင်း အမှတ်(၈) မှုခင်းတပ်ဖွဲ့စုမှူးရုံးထံ လွှဲပြောင်းပေးရန် လျှောက်ထားလာသည့်ကိစ္စကို လယ်သမားတစ်ဦးက ဇွန်လ ၂၆ ရက်တွင် ကန့်ကွက်စာ ပေးပို့လိုက်ကြောင်း သိရသည်။ အမှတ်(၈) မှုခင်းတပ်ဖွဲ့စုမှူးရုံးက လျှောက်ထားသည့်မြေနေရာ ဝ.၂၂ ဧက တွင် ဦးပိုင်အမှတ် လေးခုရှိနေကြောင်း ကန့်ကွက်လွှာခေါ်ယူထားသည်စာတွင် ဖော်ပြထားသည်။ အဆိုပါ ဦးပိုင်အမှတ်လေးခုအနက် သုံးခုမှာ အခြားသူတစ်ဦးပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး အစားထိုးမြေနေရာ ယူထားဖြစ်ပြီးဖြစ်ကြောင်း ကန့်ကွက်ထားသူ၏ သမီးဖြစ်သူက ပြောသည်။ ကျန်တစ်ကွက်မှာ လျော်ကြေးမရသေးဘဲ ထားဝယ်မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနက စစ်ဆေးနေဆဲဖြစ်ပြီး တောင်သူများနှင့် သဘောတူညီမှု မရသေးသည့် မြေနေရာဖြစ်ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လုပ်ထုံးလုပ်နည်းအရ ကန့်ကွက်သူ ရှိက အဆိုပါကန့်ကွက်လွှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက […]