ဒရုန်းဖြင့် စောင့်ကြည့်ပြီး အိမ်များကို ဖောက်ထွင်းခိုးယူသည်ဟုဆိုကာ မြန်မာလေးဦး ဖမ်းဆီးခံရ
Dawei Watch
July 23, 2025ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ဒရုန်းဖြင့် ရှာဖွေစောင့်ကြည့်ပြီး အိမ်များကို ဖောက်ထွင်း ခိုးယူနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၎င်းတို့သည် အိမ်များကို ဒရုန်းဖြင့် ကနဦးစောင့်ကြည့်ပြီး ဖောက်ထွင်းခိုးယူရန် လွယ်နိုင်သည့် နိုင်ငံခြားသားများ ငှားယူထားသော အိမ်များတွင် ဝင်ရောက်ခိုးယူကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူအများစုသည် အသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ်များဖြစ်ကြပြီး ဇူလိုင်လ ၂၂ ရက်က ၎င်းတို့ ငှားရမ်း နေထိုင်သည့် နေအိမ်တွင် ကော့ဖငန်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ကော့ဖငန်းကျွန်းသည် လပြည့်ညပါတီဖြစ်သော Fullmoon Party ကြောင့် နိုင်ငံခြားသားခရီးသွား အလာများပြီး နိုင်ငံခြားသား ခရီးသွားများ၏ အိမ်များတွင် သူခိုး ခိုးယူခံရမှု အကြိမ်ရေများလာသဖြင့် တိုင်ကြားမှုရှိလာရာမှ ရဲတပ်ဖွဲ့က […]


