ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်မြို့ စက်သုံးဆီဆိုင်များတွင် ဆီအကန့်အသတ်သာ ဝယ်ခွင့်ရ

diz_admin

July 21, 2022

မြိတ်မြို့‌ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီ လိုသလောက်ဝယ်ယူခွင့်မပေးဘဲ အကန့်အသတ်ဖြင့် ရောင်းချနေကြကြောင်း စက်သုံးဆီဝယ်ယူအသုံးပြုသူတို့ထံမှ သိရသည်။ မြို့တော်အလိုက် စက်သုံးဆီဈေးနှုန်းများကို စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ပေးပြီး ဇူလိုင် ၇ ရက်မှ စတင်ကာ 92 ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်ထောင်အောက် သတ်မှတ်ခဲ့သည်။ ဆီဈေးနှုန်းများကို လျော့ချသတ်မှတ်ပြီးနောက် စက်သုံးဆီဆိုင်တို့တွင် ဆီအကန့်အသတ်ဖြင့် ရောင်းချနေကြကြောင်း မြိတ်မြို့က မော်တော်ယာဉ်မောင်းနှင်သူတို့မှ သိရသည်။ “ဘေးတွဲဖြစ်ဖြစ် သုံးဘီးဖြစ်ဖြစ် တစ်ခါထည့်ရင် သုံးထောင်ဖိုးပဲရောင်းပေးတာ။ ငါးထောင်ဖိုးပေးပါလို့ အောက်ကျို့ခံပြီး ပြောတာတောင် မ‌ရဘူး” ဟု မြိတ်အဝေးပြေးကားဝင်းရှိ သုံးဘီယာဉ်မောင်းနှင်သူတစ်ဦးက ပြောသည်။ စက်သုံးဆီအရောင်းဆိုင်တို့တွင် 92 အောက်တိန်းဓာဆီတစ်လီတာလျှင် ၁၉၇၀ ကျပ်နှုန်းဖြင့် ဝယ်ယူနေရကြောင်း သုံးဘီးယာဉ်မောင်းနင်သူအချို့က ပြောပြသည်။ ၉၂ အောက်တိန်း ဓါတ်ဆီတစ်လီတာလျှင် ၁၈၀၀ ကျပ်ဝန်းကျင် […]

ထိုင်းတွင် ကားတစ်စီး ရေစီးထဲမျောပါ၊ မြန်မာလုပ်သား နှစ်ဦးပျောက်ဆုံး

diz_admin

July 21, 2022

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ယနေ့ ကားတစ်စီး ရေထဲမျောပါသွားပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမား နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံသား မောင်းနှင်လာပြီး မြန်မာအလုပ်သမား ၂ ဦး လိုက်ပါလာသော ပစ်ကပ်ကားသည် ကားလမ်းပေါ် ရေကြီးနေစဉ် ဖြတ်မောင်းရာ ရေစီးသန်မှုကြောင့် လမ်းဘေးမြောင်းထဲသို့ ကျသွားခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။   ချွန်ဘူရီခရိုင် စီရာချာဒေသရှိ စူစဝတ်ရေခဲစက်ရုံအနီးရှိ လမ်းတွင် ယနေ့ (ဇူလိုင် ၂၁) နံနက် ၄ နာရီဝန်းကျင်က ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရေခဲစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ ပါသောကားဖြစ်ပြီး ရေခဲများကို တင်ဆောင်လာစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေသော ကားလမ်းမပေါ်ဖြတ်သန်းရာတွင် ရေစီးနှင့်အတူ မျောပါကာ မြောင်းထဲသို့ စောက်ထိုးပြုတ်ကျသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ […]

ထားဝယ်တွင်မိုးရွာသွန်းမှုကြောင့် လမ်းတစ်ချို့ ရေကျော်

diz_admin

July 21, 2022

ထားဝယ်မြို့တွင် ဇူလိုင်လ ၂၁ ရက်နေ့ မနက်အစောပိုင်းက မိုးရွာသွန်းမှုကြောင့် ဆေးရုံလမ်းနဲ့ မြို့သစ်ရှိ လမ်းတစ်ချို့တွင် ရေကျော်နေသည်ကို တွေ့ရစဉ်

ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

July 20, 2022

မွန်ပြည်နယ်၊ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခ) ဆဒ္ဒန်သည် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပစ်သတ်ခံရခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းသည် အသုဘပို့ရင်း သုဿာန်တွင်ရှိနေစဥ် သေနတ်သမားတို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။ ” ဥက္ကဋ္ဌက အသုဘပို့သွားတာ သုသာန်မှာပဲ သေနတ်သမားက ဝင်ပစ်သွားတာ၊ ၄/၅ ချက်လောက် ပစ်ခံထိပြီး လဲကျသွားတာ နေရာမှာပဲ ဆုံးသွားတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။ ဒေသခံပြည်သူတို့၏ တိုင်ကြားချက်ကြောင့် ဦးစန်းဝင်းကို ရှင်းလင်းခဲ့သည်ဟု ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး […]

ဘဝပင်ရွာအနီးက ပြည်သူ့ကာကွယ်ရေး တပ်စခန်းဟောင်း မီးရှို့ခံရ

diz_admin

July 20, 2022

ထားဝယ်မြို့နယ် ဘဝပင်ကျေးရွာအနီးတောထဲရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ စခန်းဟောင်းတစ်ခုကို ဇူလိုင်လ ၁၉ ရက်က စစ်ကောင်စီ တပ်ဖွဲ့က စစ်ဆေးတွေ့ရှိသဖြင့် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဘဝပင်ရွာမှ ဒေသခံနှစ်ဦးကို ဖမ်းဆီးကာ လမ်းပြခိုင်းပြီး ဝင်ရောက်ရှာဖွေရာမှ ယင်း PDF စခန်းဟောင်းတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းစခန်းအား မတွေ့မီ ပြီးခဲ့သည့်တစ်ပတ်ခန့်က ဘဝပင်ရွာနှင့် သင်္ကန်းတုံးရွာမှ ဒေသခံလေးဦး အဖမ်းခံခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအဖမ်းခံရသူ ၄ ဦးနှင့် ဇူလိုင်လ ၁၉ ရက်က ဖမ်းဆီးပြီး လမ်းပြခိုင်းသူ ၂ ဦးအပါအဝင် စုစုပေါင်း ဒေသခံ‌ ၆ ဦး အဖမ်းခံရသည့်အနက် ၄ ဦး ပြန်လွတ်မြောက်လာပြီး ၂ ဦး အဖမ်းခံထားရဆဲဖြစ်ကြောင်း ဘဝင်ပင်ရွာမှ ဒေသခံတစ်ဦးက ဇူလိုင်လ ၂၀ ရက် […]

နဘုလယ်ဒေသ ထွက်ဝရွာတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

July 20, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထွက်ဝရွာတွင် ယနေ့ (ဇူလိုင် ၂၀) နေ့လယ်ပိုင်းက အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ပစ်သတ်ခံရသူနှစ်ဦးမှာ အသက် ခြောက်ဆယ်ဝန်းကျင်အရွယ်ရှိ ဦးစံအေးနှင့် ဦးအေးသားဆိုသူတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သေနတ်ကိုင်ဆောင်သူ ငါးဦးထက်မနည်း ရောက်ရှိလာပြီး ဦးစံအေးကို နေအိမ်တွင် ပစ်သတ်ခဲ့ပြီးနောက် ဦးအေးသားဆိုသူအား တစ်လမ်းကျော် အခြားအိမ်တွင် ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဦးစံအေးမှာက ဦးခေါင်း လည်ပင်း ရင်ညွန့် သုံးချက်ထိတယ်။ ဦးအေးသားမှာက ဦးခေါင်းမှာ နှစ်ချက်၊ လက်မှာ တစ်ချက် ‌ထိတယ်” ဟု ‌၎င်းက ပြောဆိုသည်။ ဦးစံအေးဆိုသူမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များကို စိန်ခေါ်လေ့ရှိသူဖြစ်ပြီး ဦးအေးဆိုသူမှာလည်း ပျူစောထီး သင်တန်းတက်ရောက်ခဲ့ဖူးသည့် […]

ပုလော ပဝတ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

diz_admin

July 20, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက် ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က မင်းထိန်ရွာမှ ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ရွာထိပ်အရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မိုးတောင် မလင်းသေးဘူး။ မိုင်းနှစ်လုံးပေါက်တဲ့အသံ ကြားရတယ်။ ပြီးတော့ လက်နက်ငယ်အသံတွေ လက်နက်ကြီး ပစ်သံတွေလည်း မနားတမ်းပဲ ကြားရတယ်” ဟု မင်းထိန်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရွာအဝင် ဆိုင်းဘုတ်အနီးတွင် မိုင်းဆွဲခံရပြီး တစ်နာရီကျော်အကြာမှ ထိခိုက်ဒဏ်ရာရရှိသူများအား လာရောက် သယ်ယူသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “ကားပေါ်သယ်တင်နေတာ တစ်ဆယ်ကျော်လောက် ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သား ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုဖက်က […]

ပုလော ပြည်သူ့ကာကွယ်ရေးတပ်များ ပြည်ထောင်စုလမ်းပေါ် ဂိတ်ဖွင့်စစ်ဆေး

diz_admin

July 20, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုသည် မြိတ်-ပုလော- ထားဝယ်သွားသည့် ပြည်ထောင်စုလမ်းပေါ်တွင် ဂိတ်ဖွင့်ကာ စစ်ဆေးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုသည် ဇူလိုင် ၁၈ ရက်နေ့မှစတင်ကာ ပြည်ထောင်စုလမ်းပေါ်ရှိ ပဝတ်ကုန်းကျေးရွာမှနေ၍ ဖြတ်သန်းသွားလာသည့်ယာဉ်များအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ “အရင်က ဒီလိုလုပ်တာ မရှိခဲ့ဖူးဘူး။ အခုဆို နှစ်ရက်ဆက်တိုက်ရှိပြီ။ စစ်နေတာ၊ ငွေတောင်းတာတော့ မရှိဘူး။ အေးအေးဆေးဆေးပဲ မေးတယ်” ဟု မင်းထိန်ကျေးရွာ ဒေသခံအမျိုးသားက ဇူလိုင်လ ၁၉ ရက်နေ့က ပြောဆိုသည်။ ယင်းသို့ စစ်နေသည့်အတွက် စစ်ကောင်စီတပ်များက မြိတ်ဘက်မှလာသည့် ကားများအား တိုရွာလမ်းထိပ်မှ တားကာ မိန်းလမ်းမကြီးအတိုင်း ရှေ့ဆက်မသွားခိုင်းပဲ တိုရွာ၊ ပိတပ်ရွာလမ်းခွဲမှတစ်ဆင့် ပုလောမြို့သို့ သွားရန် ညွှန်ကြားနေကြောင်း ဒေသခံများက ပြောပြသည်။ […]