ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပဲ့တိုင်ရွာသားတစ်ဦး ဖမ်းဆီးခံရဟုဆို

diz_admin

September 9, 2022

ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသား တစ်ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ ပဲ့ဒိုင်ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးမောင်အေးကို စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က ဖမ်းသွားကြောင်း ဒေသခံများကပြောသည်။ ဦးမောင်အေး ကိုဖမ်းမမိခင် သားမက်ဖြစ်သူကို အရင်ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။ ဦးမောင်အေးသည် ရွာတွင်အနေအထိုင်အေးဆေးသူဖြစ်ပြီး စစ်ကောင်စီတပ်က မည်သည့်အတွက် ဖမ်းသွားကြောင်းကို မသိရသေးဟု ၎င်းတို့ကဆိုသည်။ “ဘယ်လို အကြောင်းကြောင့် ဖမ်းသွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး”ဟု ဒေသခံ အမျိုးသား ကပြောသည်။ ပဲ့ဒိုင်ကျေးရွာတွင် စက်တင်ဘာ ၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါ်ပြည်သူ့စစ် ခေါင်းဆောင်တို့ သေဆုံးခဲ့သည်။

ရေး လူမှုကယ်ဆယ်ရေးကား မိုင်းဆွဲခံရ

diz_admin

September 9, 2022

မွန်ပြည်နယ်၊ ရေးမြို့က အောင်မင်္ဂလာနာရေးနှင့် လူမှုကယ်ဆယ်ရေးအသင်းကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသင်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ယင်းအသင်းထံမှ သိရသည်။ အဆိုပါ အသင်းကားသည် စက်တင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီ (ယနေ့ နံနက်) ခန့်က မော်လမြိုင်သို့ လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။   လူမှုကယ်ဆယ်ရေးအသင်းကားမောင်းသူ မိုင်းစထိမှန်ကာ ဒဏ်ရာရပြီး အသင်းကားလည်း ပျက်သွားသည်ဟု ယင်းအသင်းထံမှ သိရသည်။ “မော်လမြိုင်ကို လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးမှာ မိုင်းဆွဲခံရတယ်။ ယာဉ်မောင်း ပြင်းထန် ဒဏ်ရာ ရရှိသွားတယ်” ဟု အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသင်းသားယာဉ်မောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ပေးနေကြောင်း […]

နဘုလယ် လဲရှောင်ရွာသားတစ်ဦးပစ်သတ်ခံရ

diz_admin

September 9, 2022

ရေဖြူမြို့နယ် နဘုလယ် လဲရှောင်ရွာတွင် ယမန်နေ့(စက်တင်ဘာ ၈ ) ညနေပိုင်းက အမျိုးသားတစ်ဦးပစ်သတ်ခံခဲ့ရသည်။ သေဆုံးသူမှာ လဲရှောင်ရွာသားဖြစ်ပြီး နအဖအစိုးရလက်ထက် ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းဖြစ်သူ အသက် ငါးဆယ်ကျော်အရွယ်ရှိ ဦးကြည်စိုးဆိုသူဖြစ်သည်။ ယင်းနေ့ညနေ ခြောက်နာရီခန့်က ဦးကြည်စိုးဆိုသူမှာ နေအိမ်ခြံဝင်းအတွင်း ရေချိုးနေစဉ် လက်နက်ကိုင်လူတစ်စုမှ လာရောက်ပစ်သတ် သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက ဦးခေါင်းတည့်တည့်မှာပါ ပြီးတော့ ညာဖက်လက် လက်ခလယ် တစ်ချောင်းပြတ်နေတယ် “ဟု ၎င်းကပြောသည်။ ယင်းကျေးရွာ၏ လက်ရှိအုပ်ချုပ်ရေးမှုးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ခြံရောင်း၊မြေရောင်း အရောင်းအဝယ်ကိစ္စရပ်များတွင် ဦးကြည်စိုးက အသိသက်သေအဖြစ် ဆောင်ရွက်ပေးလေ့ရှိကြောင်း ပြီးခဲ့သည့် အစိုးရလက်ထက်က တည်ဆောက်ခွင့်ကျထားသည့် ကျေးရွာစာသင်ကျောင်း တည်ဆောက်ရေးတွင်လည်း ရပ်ရွာသားတစ်ချို့နှင့် ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “သူက အုပ်ချုပ်ရေးမှုးလည်းလုပ်ဖူးတော့ အရောင်းအဝယ်ကိစ္စတွေမှာ […]

ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ် ဈေးထပ်တက်

diz_admin

September 9, 2022

ကုန်ဈေးနှုန်း ကြီးလာခြင်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးလည်း ထပ်တက်လာကြောင်း‌ ထားဝယ်ဒေသခံအချို့က ပြောသည်။ ထားဝယ်တွင် ယခင်က ၃၀၀ ကျပ်တန် မုန့်လက်သုပ်မှာ တစ်ပွဲ ၄၀၀ ဖြစ်လာပြီး ၄၀၀ ကျပ်ဖြင့်ရောင်းနေသည့်ဆိုင်တွင် တစ်ပွဲ ၅၀၀ ကျပ်ဖြစ်လာသည်ဟု မုန့်လက်သုပ် မကြာခဏဝယ်စားနေသည့် ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “လေးရာတန်ဆိုင်မှာဆို မုန့်လက်သုပ်က နှစ်လုတ်စာလောက်ပဲပါတယ်၊ ငါးရာတန်ဆိုင်မှာကတော့ ပုံမှန်တိုင်းပါတယ်၊ အရင်ကဆို မုန့်လက်သုပ်တစ်ပွဲစားရင် ဝသွားတာပဲ၊ အခုက နှစ်ပွဲလောက်စားမှ ဝဝလင်လင်စားရတယ်” ဟု ၎င်းကဆိုသည်။ မုန့်လက်သုပ်ဈေးတက်လာသည်မှာ ကုန်ဈေးနှုန်းများ သိသိသာသာ တက်လာသည့်အချိန်မှ စတင်တက်လာခြင်းဖြစ်ကြောင်း မုန့်လက်သုပ်စားသုံးသူ အချို့ကပြောသည်။ ငါးဥနှင့် မုန့်လက်သုပ်မှာ ယခင်က တစ်ပွဲလျှင် ငွေကျပ် ၇၀၀ မှ ၈၀၀ ခန့်သာပေးရသော်လည်း ယခုအခါ ငါးဥဖြင့် […]

ကဗျာဆရာမောင်ယုပိုင်အပါအဝင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများပြန်လွတ်

diz_admin

September 9, 2022

နာမည်ကျော်ကဗျာဆရာ မောင်ယုပိုင်အပါအဝင် မြိတ်မြို့မှ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၉) နံနက် ၈ နာရီက မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၃၀ ဦးလွတ်မြောက်လာသည်ဟု အကျဉ်းသား မိသားစုဝင်များ ကပြောသည်။ လွတ်မြောက်လာသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၆ ဦး၊ LGBT ၁ ဦးပါဝင်ကြောင်း သိရသည်။ ကဗျာဆရာ မောင်ယုပိုင် အပါအဝင် ကွက်သစ်တွင် အဖမ်းခံရသူအားလုံး ပြန်လွတ်လာ၍ အိမ်ပြန်ရောက်နေကြပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးကပြောသည်။ ကဗျာဆရာမောင်ယုပိုင်အပါအဝင် ယနေ့လွတ်မြောက်လာသူများမှာ ၂၀၂၁ ခုနှစ် မတ်လ အတွင်းက အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ မြိတ်မြို့၊ကွက်သစ်ရပ်ကွက်၌ ဆန္ဒထုတ်ဖော်ရန် လူစုနေစဉ် စစ်ကားများဖြင့်ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁ […]

စက်သုံးဆီဈေးထပ်တက်၍ ကင်းမွန်ငါးဖမ်းလုပ်ငန်း ထက်ဝက်ခန့်ရပ်နားထားရ

diz_admin

September 9, 2022

ကင်းမွန်းငါးဖမ်းရာသီမစတင်မီ စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်နေသဖြင့် ကင်းမွန်ငါးဖမ်းလုပ်ငန်း ထက်ဝက်ခန့် ရပ်နားထားရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပြသည်။ ကင်းမွန်ငါးဖမ်းရာသီမှာ လာမည့်နိုဝင်ဘာလတွင် စတင်မည်ဖြစ်သော်လည်း လှေထွက်နိုင်ရေး ယခုအချိန်တွင် စတင်ပြင်ဆင်နေကြပြီဖြစ်ရာ လှေထက်ဝက်ခန့်မှာ ပြင်ဆင်ခြင်းမရှိသေးဘဲ အခြေအနေစောင့်ကြည့် နေကြခြင်းဖြစ်သည်။ လတ်တလောတွင် ဂါလံ ၅၀ ပါဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်ရှစ်သိန်းနီးပါးအထိ ‌စျေးတက်နေကြောင်း ကင်းမွန်ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောပြသည်။ “ဆီဈေးက တအားတက်နေတာ အလုပ်တောင်မစရသေးဘူး နားနေရပြီ၊ အစစအရာရာ ဈေးတက်နေတာဆိုတော့ ရတာထက် ကုန်တာပိုများမယ့်သဘောဖြစ်နေတယ်၊ တချို့ကလည်း လှေထွက်ဖို့ပြင်နေကြတာတော့ရှိတယ်” ဟု ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စုနေ ကင်းမွန်ငါးဖမ်းလှေပိုင်ရှင် တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ စက်သုံးဆီနှင့် အထွေထွေကုန်ဈေးနှုန်းများ ကြီးမြင့်လာနေသဖြင့် ကင်းမွန်လှေတစ်စီးတွင် ငါးဖမ်းကာလ ၁၅ ရက်အတွက် ကုန်ကျစရိတ်သည် ယခင်ထက် နှစ်ဆကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း […]

ထိုင်း ပရာကျွတ်ခီရီခန်တွင် တရားမဝင် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ

diz_admin

September 8, 2022

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ယနေ့ (စက်တင်ဘာ ၈) မနက်ပိုင်းအချိန်တွင် ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပရာကျွတ်ခီရီခန်ခရိုင် ကိုလက်ဒေသရှိ ရာဘာတောထဲတွင် တရားမဝင် မြန်မာအလုပ်သမားများကို မှောင်ခိုပို့ဆောင်နေသော အဖြူရောင်ပစ်ကပ်ကားတစ်စီး ရပ်နားထားသည်ကို တွေ့ရှိရသဖြင့် ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ပစ်ကပ်ကားအတွင်းမှ တရားမဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၉ ဦးနှင့် မြန်မာနိုင်ငံသား ကားမောင်းသမားကိုပါ ဖမ်းဆီးရမိကြောင်းဖော်ပြထားသည်။ ကားမောင်းသမားသည် ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ နှစ်ရှည်ကြာမြင့်ပြီဖြစ်ပြီး တရားမဝင်လမ်းကြောင်းဖြင့် မြန်မာအလုပ်သမားများကို ခေါ်ဆောင်လာကာ သတ်မှတ်နေရာအထိ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် ထားဝယ်၊ ရန်ကုန်၊ မုဒုံ မြို့မှ လာရောက်ကြခြင်းဖြစ်ပြီး တနင်္သာရီတိုင်းမှတစ်ဆင့် […]

ဘီးလင်းစစ်မှုထမ်းဟောင်းအဖွဲ့  ဒုဥက္ကဋ္ဌဖြစ်သူ အငြိမ်းစားဗိုလ်မှူး ပစ်သတ်ခံရ

diz_admin

September 8, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဘီးလင်းမြို့ ကန်သာယာရပ်ကွက်နေ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းကို အမည်မသိ သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့သည်။ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းမှာ ရရှိသည့်သေနတ်ဒဏ်ရာများဖြင့် ဘီးလင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ”သေနတ်သမားတွေက သူ့အိမ်အထိ လာပြီး ပစ်သွားတယ်၊ ၄ ချက် ထိသွားတယ်လို့ပြောတယ်၊ ဒဏ်ရာနဲ့ ဆေးရုံကို ပို့တဲ့အချိန်မှာ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းသည် ဘီးလင်းမြို့နယ်အတွင်းက စစ်အာဏာရှင် ဆန့်ကျင်နေသူများကို ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်နေသည့် […]