မြိတ်မြို့အဝင်မုခ်ဦး တည်ဆောက်ရေး မြို့လူထုထံမှ အကြံဉာဏ်ယူမည်
diz_admin
December 8, 2020မြိတ်မြို့အဝင် မုခ်ဦးဆောက်လုပ်ရန် စီစဉ်နေပြီး ဒီဇိုင်းရေးဆွဲရာတွင် မြို့သူမြို့သားများ၏ ကြံအဉာဏ်များ ရယူသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှသိရသည်။ မုခ်ဦးဆောက်လုပ်ရန် ကျပ်သိန်း ၈၀ဝ ခွင့်ပြုချက်ကျထားပြီး မကြာခင် အဆောက်အဦ ဒီဇိုင်းပြိုင်ပွဲ တစ်ခုကိုလည်း ပြုလုပ်သွားရန်ရှိကြောင်း စည်ပင် ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။ ဒီဇိုင်းပြိုင်ပွဲ လုပ်ခြင်းအားဖြင့် မြို့သူမြို့သားများ၏ အတွေးအမြင်များ၊ အကြံဉာဏ်များ ရရှိမည်ဖြစ်ပြီး ယင်းအပေါ်တွင် သုံးသပ်ပြီးမှ ဆက်လက် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ “တစ်မြို့လုံးနဲ့ ဆိုင်တဲ့အတွက်ကြောင့် တစ်ဦးတစ်ယောက်အမြင်နဲ့ လုပ်တာထက် အားလုံးရဲ့ အကြံဉာဏ်ကို ရယူပြီးတော့ လုပ်သွားဖို့ရှိပါတယ်” ဟု ဦးမြတ်ကိုကို ကပြောသည်။ လက်ရှိအချိန်တွင် မြိတ်ဒေသခံ အင်ဂျင်နီယာတစ်ဦးမှ မြို့ဝင်မုခ်ဦးအား ဒီဇိုင်းရေးဆွဲထားပြီး အဆိုပါဒီဇိုင်းတွင် မြိတ်မြို့နှင့်သက်ဆိုင်သည့် ပုံရိပ်များဖြစ်သည့် ပုလဲ၊ […]