ဗုံးပေါက်ကွဲမှုဖြစ်သည့် သရက်နှစ်ခွရွာစာသင်ကျောင်း ပြန်မဖွင့်နိုင်သေး
diz_admin
September 14, 2022ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ အထက (ခွဲ) ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ရက်ကြာသည်အထိ ကျောင်းမဖွင့်နိုင်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။ ယင်းကျောင်းတွင် စက်တင်ဘာလ ၁၂ ရက် ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မျက်နှာကျက်များ၊ တံခါးရွက်များ၊ အုတ်နံရံနှင့် အဆောက်အအုံ၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။ အဆိုပါကျောင်းတွင် မူလတန်းကျောင်း ကျောင်းသူ၊ ကျောင်းသား ၄၄ ဦးရှိပြီး အလယ်တန်းအဆင့်တွင် ၁၉ ဦး၊ အထက်တန်း အဆင့်တွင် ၁၈ ဦး စုစုပေါင်း ၈၁ ဦး ကျောင်းတက်နေသည့် ကျောင်းဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဗုံးပေါက်ပြီး နောက်တစ်ရက်တွင် စာသင်ကျောင်းထဲကို သက်ဆိုင်ရာက လာရောက်ကြည့်ရှုစစ်ဆေးပေးပြီး ဗုံးအကြွင်း အကျန်များ […]


