ထားဝယ်ဗုံးထောင်မှု လွှတ်တော် ကိုယ်စားလှယ်လောင်းအပါအဝင် သုံးဦးကို တရားစွဲ
diz_admin
December 21, 2020ရွေးကောက်ပွဲအကြိုကာလတွင် ထားဝယ်မြို့အတွင်း ဗုံးထောင်ခဲ့သူ အမျိုးသားသုံးဦးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ထားဝယ်ခရိုင်တရားရုံးတွင် တရားစွဲတင်ခဲ့သည်။ ဗုံးထောင်သူဟုဆိုသည့် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသား အပါအဝင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကျွန်းလှမြို့နယ်နေ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးတို့ ကို ရဲတပ်ဖွဲ့က တရားစွဲတင်ခဲ့သည်။ အထက်ပါ အမျိုးသားသုံးဦးကို ထားဝယ်ခရိုင်တရားရုံးက ပေါက်ကွဲစေတတ်သော ပစ္စည်းများအက်ဥပဒေပုဒ်မ များဖြင့်အမှု သုံးခုကို ရာဇဝတ်ကြီးမှု အမှတ်- ၁၈၁/၂၀၂၀၊ ၁၈၂/၂၀၂၀၊ ၁၈၃/ ၂၀၂၀ တို့ဖြင့် လက်ခံလိုက်ခြင်းဖြစ်သည်။ ထားဝယ်ဗုံးထောင်သူကို တရားစွဲတင်ရေး သမ္မတရုံးထံ ခွင့်ပြုချက် တောင်းခံထား လက်ရှိတွင် စစ်ကိုင်းတိုင်း ကျွန်းလှ မြို့နယ်နေ အသက် ၄၁ […]