ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

September 16, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဆွီဒင်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အန်ဒါဆန်ပါတီ ရှုံးနိမ့် ဆွီဒင်ရွေးကောက်ပွဲအတွက် မဲအားလုံးနီးပါး ရေတွက်ပြီးစီးတဲ့ စက်တင်ဘာ ၁၄ ရက်မှာ အတိုက်အခံ အလယ်အလတ်ပါတီရဲ့ ခေါင်းဆောင် အောလ်ဖ်ခရစ္စတာဆန် (Ulf Kristersson) က သူဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ အခွင့်အရေးရှိပြီး အစိုးရသစ်ဖွဲ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ညနေပိုင်းမှာ ဆွီဒင်ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဝန်ကြီးချုပ် မက်ဒလီနာ အန်ဒါဆင် (Magdalena Andersson) က ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံခဲ့ပါတယ်။ မဲအနည်းငယ် ရေတွက်ဖို့ ကျန်နေသေးပေမဲ့ မနှစ်က ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတဲ့ အန်ဒါဆန်က […]

စစ်ကောင်စီနှင့် ထပ်မတွေ့ရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့ ၁၀ ဖွဲ့က တောင်းဆို

diz_admin

September 16, 2022

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်အဖွဲ့အစည်း ၁၀ ဖွဲ့တို့က မွန်ပြည်သစ်ပါတီထံ စာပေးပို့ပြီး တိုက်တွန်းတောင်းဆိုလိုက်သည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ၎င်းတို့၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်ရှာရန်သာ ဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် ယနေ့ (စက်တင်ဘာ ၁၆) တိုက်တွန်း တောင်းဆို လိုက်ခြင်း ဖြစ်သည်။ တိုက်တွန်းတောင်းဆိုသည့် အဖွဲ့များမှာ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ၊ မော်လမြိုင်တက္ကသိုလ်သတင်းဌာန၊ မွန်အမျိုးသားကောင်စီ ဩစတြေလျား၊ မွန်အမျိုးသားကွန်ရက်၊ ရာမညဖက်ဒရယ်အင်အားစုသစ်နှင့် အမည်မဖော် လိုသည့် မွန်ပြည်နယ်အခြေစိုက်လူမှုအဖွဲ့အစည်း ငါးဖွဲ့တို့ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ၂၀၀၈ အခြေခံဥပဒေကိုသာ အခြေခံသည့်အတွက် တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမှု အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အထောက်အပံ့ ပြုနိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား သွေးကွဲစေနိုင်သည်ဟုလည်း ၎င်းတို့က […]

ပုလော လက္ကူးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

September 16, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၅ရက် ည ၈ နာရီဝန်းကျင်တွင် အသက် ၆၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးဝင်းကြွယ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ လက္ကူးကျေးရွာနှင့် မှော်ကြောင်းကျေးရွာကြား လမ်းခုလတ်တွင် ပစ်ခတ်ခံရကြောင်း ဒေသခံတို့က ဆိုသည်။ “သူက မှော်ကြောင်းရွာသား။ ရွာမှာတစ်လှည့် စစ်တပ်ထဲမှာ တစ်လှည့်နေတာ။ ဖိုးမဲတုံး ကော်ပတ်တော (ရော်ဘာခြံ) နားမှာ ပစ်သတ်ခံရတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ လက္ကူးကျေးရွာအုပ်စု မှော်ကြောင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်တစ်ခုရှိကြောင်း ဒေသခံများထံမှသိရသည်။ “အရင်တစ်ခါကလည်း သူ့ကိုလာပြီး ခြောက်ပစ်သေးတယ်။ အိမ်ပေါ်ကနေ လယ်ကွင်းထဲ ဆင်းပြေးရပြီးပြီ” […]

တနင်္သာရီတိုင်းအတွင်း အရပ်သားသေဆုံးသူ နှစ်ရာကျော်ရှိလာ

diz_admin

September 16, 2022

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် အရပ်သား ၂၂၄ ဦး သေဆုံးကြောင်း အရပ်သား ထိခုက်မှု အခြေအနေကို သုတေသနပြုနေသည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသူများထဲတွင် သာမန်အရပ်သားများ အပါအဝင် ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူးအပါအဝင် PDF နှင့် ပတ်သက်သူများကိုလည်း ထည့်သွင်းရေတွက်ထားကြောင်း ယင်းအဖွဲ့က စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။   အရပ်သားသေဆုံးသူ စာရင်းတွင် လက်နက်ကိုင်ဆောင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO အဖွဲ့ဝင်များအား ထည့်သွင်းထားခြင်း မရှိကြောင်း ရေးသားထားသည်။ အရပ်သားသေဆုံးမှုမှာ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသည့် စစ်ကောင်စီလက်ဝေခံ အဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးရသူများရှိသလို PDF အဖွဲ့အချို့၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူများလည်း […]

တစ်ပတ်ကျော်ကြာဖမ်းဆီးခံရသည့် ဘဝပင်ရွာသားနှစ်ရာကျော်ပြန်လွတ်၊ တစ်ဦး မလွတ်သေး

diz_admin

September 15, 2022

ထားဝယ်မြို့နယ် ဘဝပင်ရွာတွင် တစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေသခံရွာသူ၊ရွာသား နှစ်ရာကျော် စက်တင်ဘာလ ၁၃ ရက် ည‌နေတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာအနီး ကျောက်သေတ္တာတောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် ကျေးရွာဘုန်းကြီးကျောင်းတွင် လာရောက်ပုန်းခိုနေသည့် ဒေသခံရွာသား တစ်ရာကျော်ကို စစ်ကောင်စီတပ်က ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် ဘဝပင်ရွာ‌ရှိ အခြားနေရာနှစ်ခုတွင် ပုန်းအောင်းနေသည့် ဒေသခံ တစ်ရာကျော် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ရာ‌ကျော်တွင် လက်လုပ်သေနတ် (တူမီး) ရှိသူ နှစ်ဦးကို စစ်တပ်က ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနှစ်ဦးမှာ ရိုက်နှက်ခံရပြီး […]

ကော့သောင်းတွင် ခုနှစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၂၀ ဦးရှိ

diz_admin

September 15, 2022

ကော့သောင်းမြို့တွင် ခုနှစ်ရက်အတွင်း( စက်တက်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ) ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့သူ ၂၀ ဦးရှိကြောင်း ကော့သောင်းမြို့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ ဦးကျော်ကို ကော့သောင်းဘက်သို့ လွှဲပေးခဲ့ရာ ၎င်းတို့အနက် အမျိုးသားခုနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ရှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။ အဆိုပါ လွှဲပြောင်းလက်ခံထားသူများကို စောင့်ကြည့်စခန်းတွင် ထားရှိစောင့်ကြည့်နေစဉ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ယင်းအဖွဲ့မှပင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၀ ဦးတို့တွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့မှ သိရသည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း […]

အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်ချွတ်ယွင်းနေသဖြင့် လည်ပတ်မည့်ရက် မသိရသေး

diz_admin

September 15, 2022

ထားဝယ် အာယုဒါနအရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့ပိုင် စက်နှစ်လုံးမှာ ချွတ်ယွင်းနေသည့်အတွက် ပြန်လည် လည်ပတ်မည့် နေ့ရက်အတိအကျ မသိရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၀၀ ခန့် ထုတ်လုပ်ပေးနိုင်သည့် တရုတ်နိုင်ငံထုတ်စက်ကြီးမှာ ပြီးခဲ့သည့် စက်တင်ဘာ ပထမ ပတ်လောက်ကစပြီး စက်ချွတ်ယွင်းသွားကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် စက်ငယ်ဖြင့် အစားထိုးလည်ပတ်နေရာမှ အဆိုပါစက်ငယ်မှာလည်း အင်ဂျင်ဝိုင်လိုက်လာသောကြောင့် စက်တင်ဘာလ ၁၃ ရက်ကစပြီး အောင်စီဂျင်ထုတ်လုပ်မှုကို ရပ်နားထားရကြောင်း ၎င်းက ဆိုသည်။ “စက်ကြီးအတွက်က အပိုပစ္စည်း ဒီမှမရှိဘူး။ နိုင်ငံခြားက မှာရတဲ့အတွက် ပစ္စည်းလာတဲ့အချိန်ပေါ်မှာပဲ မူတည်တယ်။ စက်ငယ်အတွက်ကတော့ အင်ဂျင်နီယာ ခေါ်ထားတယ်။ တစ်ပတ်ဆယ်ရက်အတွင်း လာ‌မယ်လို့ပြောထားတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ စက်ချွတ်ယွင်းနေသည့်ကာလအတွင်း ခရိုင်အတွင်းရှိ […]

ထိုင်းကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၅၉ ဦးဖမ်းဆီးခံရ

diz_admin

September 15, 2022

တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော မြန်မာအလုပ်သမား ၅၉ ဦးကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များက ဖမ်းဆီးရမိခဲ့ကြောင်း ကန်ချနဘူရီရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ စစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများပါသော ကား ၄ စီးကို တားဆီးစစ်ဆေးခြင်းနှင့် နယ်စပ်တစ်လျှောက် ထိုင်းအာဏာပိုင်များ ပူပေါင်းလှည့်လည်စစ်ဆေးခြင်းတို့ လုပ်ဆောင်ချိန်တွင် ၎င်းတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင်အတွင်း ၂ ကြိမ်ဖမ်းဆီးရမိခြင်းဖြစ်ပြီး မြန်မာအလုပ်သမား အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် တရားမဝင်ပို့ဆောင်ရာတွင် ကူညီပေးသော ထိုင်းနိုင်ငံသား ၅ ဦးတို့ကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုခရီးစဉ်အတွက် မြန်မာအလုပ်သမားများသည် တစ်ဦးလျှင် ဘတ် ၁၅၀၀၀-၃၀၀၀၀ (ကျပ် ၁၅ […]