လောင်းလုံး အောက်ကျောက်ဝပ်ရွာသားတစ်ဦး ပစ်သတ်ခံရ
diz_admin
September 23, 2022လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာတွင် စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ထားဝယ် – ရှင်မော် ပြေးဆွဲသည့် ခရီးသည်တင်မော်တော်ယာဉ် ယာဉ်မောင်း ဦးမြင့်စိန်ဆိုသူ ဖြစ်သည်။ ဦးမြင့်စိန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မှအပြန် ကားသိမ်းပြီးနောက် ယင်းကျေးရွာအနီး ပင်လယ်ဒီရေတောစပ်တွင် ဂွေး (ငါးပိလုပ်သည့် ငါးအကောင်ငယ်တစ်မျိုး) ထိုးသွားမည်ဟု နေအိမ်မှ ထွက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းနောက် ကျေးရွာအလွန် ဒေသအခေါ် ကျွန်းသာယာအနီးက ဇင်းကျောင်းသား အလှူခံမဏ္ဍပ်အနီးတွင် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သေနတ်သံ လေးချက်ကြားရတယ်။ ဦးခေါင်း ညာဖက်တစ်ချမ်းလုံး […]


