ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်နှစ်ခွကျေးရွာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၊ နေအိမ်တစ်လုံး ကျည်ထိမှန်

diz_admin

October 12, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာဘက်သို့ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် နေအိမ်တစ်လုံးကျည်ထိမှန်ကြောင်း ဒေသခံအချို့က ပြောသည်။ မြိတ်-ထားဝယ်ကားလမ်းဘေးတွင် တည်ရှိသည့် သရက်နှစ်ခွရွာထိပ်ရှိ ဥတ္တူတံတားတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ဂိတ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဆက်တိုက်ပစ်ခတ်သံ ကြားရကြောင်း ဒေသခံရွာသားအချို့က ဆိုသည်။ “လက်နက်ကြီးသံတွေ နည်းတာမဟုတ်ဘူး ကြားရတာ။ သေနတ်တွေလည်းပစ်နေတာ မနည်းဘူး။ ဘယ်နှစ်ချက်လဲဆိုကို ရေလို့တောင် မနိုင်တော့ဘူး။ မ— ရဲ့ အိမ်မှာတောင် သေနတ်ကျည်ထိလို့ မှန်ကွဲသွားတယ်” ဟု ရွာသူတစ်ဦး ပြောဆိုသည်။ ယခင်က ညဘက်တွင် လက်နက်ကြီး တလုံးစ နှစ်လုံးစ ပစ်ခတ်သည်သာရှိသည်ဟု ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၁၁ ညတွင် […]

ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အကျဉ်ချုံးကျင်းပမည်

diz_admin

October 12, 2022

ဒေသတွင်း ထင်ရှားစည်ကားသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သော ထားဝယ်မြို့တန်‌‌ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို မြို့တွင်းလှည့်လှည်ပူဇော်မခံတော့ဘဲ ဘုရားကြီးဝင်းအတွင်းမှာပင် အကျဉ်းချုံး ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ၁၁၁ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်မှစပြီး ရပ်နားထားခဲ့သည်မှာ ၂ နှစ်ဆက်တိုက် ရှိနေပြီဖြစ်သည်။ ယခုနှစ်တွင်မူ ကိုဗစ်ရောဂါ အထိုက်အလျောက် ကျဆင်းလာသောကြောင့် အစဉ်အလာကို ထိန်သိမ်းသည့်အနေဖြင့် ၁၁၁ ကြိမ်မြောက် တန်ဆောင်တိုင်ဘုရားပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော် ပွဲတော်များ၊ အခမ်းအနားများ၊ မြို့တွင်းလှည့်လှည် ပူဇော်ခံခြင်းတို့ပြုလုပ်မည်မဟုတ်ဘဲ ဘုရားကြီးဝင်းအတွင်းမှာပင် ‌ကျင်းပမည်ဟု ဆိုသည်။ “ဘာအခမ်းအနားမှလည်း မလုပ်ဘူး။ ဘာပွဲတော်မှလည်း မလုပ်ဘူး။ ဘုရားတွေကို မူလစံပယ်ရာ ဂန္ဓကုဓိတိုက် ကနေပြီး ဓမ္မာရုံထဲပင့်ပြီး ဆွမ်းတော်တင်၊ ရှိခိုးလို့ ရအောင်လုပ်တဲ့သဘော၊ အဲဒီလောက်ပါပဲ” […]

မြိတ်တွင် ဟိုတယ်သုံးလွှာပေါ်မှ ဝန်ထမ်းအမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

diz_admin

October 12, 2022

မြိတ်မြို့ရှိ Hotel Grand Jade ဟိုတယ်သုံးလွှာပေါ်မှ ဟိုတယ်ဝန်ထမ်း အမျိုးသားတစ်ဦး ပြုတ်ကျပြီး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းများထံမှ သိရသည်။ သေဆုံးသွားသူမှာ အသက် ၅၆ နှစ်အရွယ် ဦးအေးဇော်ဆိုသူဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်ည ၁၁ နာရီခန့်တွင် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့သိရတာက ဟိုတယ်အနောက်ဖက် ဝရံဒါမှာ မီးတက်ပိတ်ရာကနေ ခြေချော်ပြီး ကျသွားတာလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့အပါအဝင် လူမှုကူညီရေးအဖွဲ့များ အခင်းဖြစ်ရာသို့ လာရောက်ကူညီခဲ့ကြပြီး ချမ်းမြေ့ကျန်းမာရေး အထောက်အကူပြုအသင်း ကားဖြင့် စစ်ဆေးရုံသို့ တင်ပို့ပေးပြီးနောက် လက်ရှိအချိန်တွင် တပ်ပြင်နာရေးကူညီမှုအသင်းတွင် ထားရှိထားကြောင်း ၎င်းတို့ထံမှ သိရသည်။ သေဆုံးသူသည် ရန်ကုန်မြို့ဇာတိဖြစ်ပြီး တပ်ပြင်ရပ်ကွက်တွင် အိမ်ငှါးနေထိုင်ကာ ဟိုတယ်တွင် […]

နဘုလယ်ဒေသ ထိန်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

October 12, 2022

ရေဖြူမြို့နယ် နဘုလယ်ဒေသ ထိန်ကြီးရွာသားတစ်ဦး အောက်တိုဘာလ ၁၁ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ ထိန်ကြီးရွာသား ကိုနေဇာမိုးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အောက်တိုဘာလ ၁၁ မွန်းလွဲ ၂ နာရီကျော်က ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပရဒတ်နှင့် ဘဝကျေးရွာ ကြားလမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင်လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးခေါင်းပိုင်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။ ကိုနေဇာမိုးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ၎င်း၏ရုပ်အလောင်းကို အခင်းဖြစ်နေ့ ည ၇နာရီခွဲခန့်က ယင်းကျေးရွာ၏ သုသာန်တွင် ညတွင်းခြင်း မီးသင်္ဂြိုဟ်လိုက်ကြောင်း […]

ယူကရိန်းကို ထောက်ခံပံ့ပိုးသွားမည်ဟု G7 အတည်ပြု

diz_admin

October 12, 2022

ပြီးခဲ့သည့် တနင်္လာနေ့က ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် G7 ထိပ်သီးနိုင်ငံများ၏ ခေါင်းဆောင်များက ယူကရိန်းကို အဆုံးအထိ ပံ့ပိုးသွားမည်ဖြစ်ကြောင်း တညီတညွတ်တည်း ကတိပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။ G7 ခေါင်းဆောင်များ အွန်လိုင်းတွင် တွေ့ဆုံခဲ့ကာ ယူကရိန်းအား စစ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ပေးနေဦးမည်ဟု ပြောကြားခဲ့သည်။ “ဘဏ္ဍာရေး၊ လူသားချင်းစာနာမှု၊ စစ်ရေး၊ သံတမန်ရေးနှင့် ဥပဒေရေးရာ အကူအညီများ ယူကရိန်းကို ကျွန်ုပ်တို့ ဆက်လက်ပေးနေမည်ဖြစ်ကာ၊ မည်မျှကြာမြင့်ပါစေ ယူကရိန်းဘက်က မြဲမြဲမြံမြံ ရပ်တည်သွားမည်” ဟု G7 နိုင်ငံများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လိုအပ်သည့် အချိန်အထိ ယူကရိန်းနှင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း Nato က လည်း ပြောကြားထားသည်။ ယူကရိန်းနိုင်ငံအနှံ့ကို ရုရှားက ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာတွင် […]

ကမ်းဝေးငါးဖမ်းလှေများ အမည်နံပါတ်ဖုံးပြီးကမ်းနီးတွင် ဝင်ခိုးဆွဲနေဟုဆို

diz_admin

October 11, 2022

ကမ်းဝေးငါးဖမ်းလှေများ လှေအမည်နှင့် နံပါတ်များအား တာလပတ်ဖြင့် ဖုံးအုပ်ကာ ကမ်းနီးတွင် ဝင်ရောက် ခိုးဆွဲနေကြောင်း ဒေသခံကမ်းနီးငါးဖမ်းလှေ လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကမ်းနီးပင်လယ်ပြင်တွင် ဝင်ရောက်ငါးခိုးဖမ်းနေပြီး ပြင်စဘုကျွန်း၊ ပုလဲကျွန်း လငန်းကျွန်းအနီးတစ်ဝိုက်နှင့် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ရွာအရှေ့နှင့် ရေအေးချောင်းဝ အထိ ဝင်ရောက် ခိုးဖမ်းနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။   “ညနေစောင်းဆို မောင်းဝင်လာကြပြီ။ ဝါလတ်၊ ဝါတန်းဘယ်လှေမှ နာမည်ဖော်ပြီး မလာကြဘူး။ အကုန်လုံး တာလပတ်တွေနဲ့ အုပ်ထားတာချည်းပဲ။ တော်တော်လေး ဆိုးလာနေပြီ” ဟု ရေကန်တောင်ရွာမှ ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူတစ်ဦးက ပြောသည်။ ကမ်းဝေးလှေကြီးများ ကမ်းနီးဝင်ရောက်ဖမ်းဆီးသဖြင့် ငါးအရနည်းလာသည့်အပြင် ကမ်းနီးတွင် ထောင်ထားသည့် ပိုက်များ ယင်းလှေကြီးများကြောင့် ပြတ်တောက်ပျက်စီးမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း အလယ်မန်ရွာမှ ကမ်းနီးငါးဖမ်းလှေလုပ်ကိုင်သူတစ်ဦးက […]

မြိတ်တွင် ဆံပင်တစ်ကျပ်သား ကျပ်တစ်သောင်းအထိ ဈေးပေးဝယ်

diz_admin

October 10, 2022

မြိတ်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးဈေးကွက်တွင် ဆံပင်တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းအထိ ဈေးပေးဝယ်နေကြောင်း ဆံပင်ရောင်းဝယ်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်းက ဆံပင်တစ်ကျပ်သားလျှင် ငါးထောင်မှ ခြောက်ထောင်ကျပ်အထိသာ ဈေးပေးဝယ်ခဲ့ပြီး ယခုနှစ်အတွင်းတွင် ဈေးတက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆံပင်က နိုင်ငံခြားပို့တာဆိုတော့ ဒေါ်လာဈေး အတက် အကျနဲ့တွက်ပြီး ဝယ်ရတာ။ ဒေါ်လာဈေးတက်တော့ ဝယ်တဲ့ ဈေးလည်းတက်တဲ့ သဘောပါ” ဟု မြို့သစ်ရပ်နေ ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ် မတ်လအတွင်းမှစပြီး ‌အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ဈေးတက်လာပြီး ယခုနှစ် ဩဂုတ်၊ စက်တင်ဘာလတို့တွင် အမြင့်ဆုံး စံချိန်တင်ခဲ့သည်။   ငွေလဲနှုန်း စတင်မြင့်တက်ချိန်မှစပြီး ဆံပင်ကို ဈေးနှုန်း တဖြေးဖြေးတိုးပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်သူကအချို့က ပြောသည်။ “ဒေါ်လာဈေး သုံးထောင်ကျော်ဖြစ်တုန်းက တစ်သောင်းအထိ ပေးဝယ်‌နေတာ။ နှစ်လ‌လောက်ရှိပြီပေါ့။ ဒေါ်လာဈေး […]

ကော့သောင်းမှ ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၅ ဦးဖမ်းဆီးခံရ

diz_admin

October 10, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦးကို ယနေ့ (အောက်တိုဘာ ၁၀) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် အမိုးပိတ်ကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသည်ဟု သတင်းရရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ဖန်ငခရိုင် ခူရာဘူရီဒေသသို့ ဦးတည်သွားနေသော အဆိုပါပစ်ကပ်ကားကို ထိုင်းတပ်မတော်နှင့် တာဝန်ရှိသူများက လမ်းပိုင်း တစ်နေရာတွင် တာဆီးစစ်ဆေးရာတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၆ ဦးနှင့် ထိုင်းနိုင်ငံသား အသက် ၄၄ နှစ်အရွယ် ကားသမားတစ်ဦးတို့ကိုပါ ဖမ်းဆီးရမိကြောင်း […]