BREAKING
October 31, 2025

သတင်း

ဘန်ကောက်က လောင်းကစားဝိုင်းတွင် မြန်မာအပါအဝင် ၂၀ဦး ဖမ်းဆီးခံရ

Dawei Watch

July 16, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အိမ်တစ်ဆောင်တွင် လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် မြန်မာ ခုနစ်ဦး အပါအဝင် ၂၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁၅ရက် ည ၇နာရီက ဘန်ကောက်မြို့၊ ဘန်ခေးနယ်မြေတွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် လောင်းကစားဝိုင်း အကြီးအကျယ် ပြုလုပ်နေသည့်သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ခုနစ်ဦး၊ တရုတ်နိုင်ငံသားသုံးဦးနှင့် ထိုင်းနိုင်ငံသား ၁၀ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသည့် မြန်မာများမှာ ကစားဝိုင်းတွင် ပါဝင်ကစားသူများ သို့မဟုတ် ယင်းနေရာတွင် အလုပ်လုပ်ကိုင်နေသူများ ဟုတ် မဟုတ် စသည်တို့ကို သေသေချာချာ မသိရသေးပေ။ ၎င်းတို့နှင့်အတူ သက်သေပစ္စည်းအမျိုးအစားပေါင်း ၃၂ မျိုးကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းများတွင် […]

တနင်္သာရီ သိန်ခွန်းရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုးသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်

Dawei Watch

July 16, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့ နယ် သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာသဖြင့် တော်လှန်ရေးတပ်များနှင့် အပြန်လှန်ပစ်ခတ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဇူလိုင်လ ၁၃ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်က သိန်ခွန်းရွာကို ဒရုန်ဖြင့်ဗုံးချပြီး စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များနှင့် တစ်နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒရုန်းတွေ အရင်တက်လာပြီး ဗုံးသီးချတယ်။ ပြီးမှ စစ်ကြောင်းထိုးလာတယ်။ လက်နက်ကြီးလှမ်းပစ်လိုက် ဒရုန်းလည်း ချလိုက်နဲ့ တက်လာကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်များက အနီးကပ်ရောက်မှ ပြန်လည်ပစ်ခတ်ကြသဖြင့် စစ်ကောင်စီတပ်သားများ အထိနာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောဆိုသည်။ “ဒီဘက်ကလည်း သူတို့ အနီးကပ်ရောက်မှ ချလွှတ်လိုက်တယ်။ သူတို့ (စကစ) ဘက်က အထိနာတော့ […]

ကျောင်းတွင် စမတ်ဖုန်းသုံးခွင့်ပိတ်လိုက်၍ ကျောင်းသားများ သင်ယူလေ့လာမှုတိုးတက်

Dawei Watch

July 15, 2025

နယ်သာလန်နိုင်ငံရှိ စာသင်ကျောင်းများတွင် စမတ်ဖုန်းအသုံးပြုမှု ပိတ်ပင်ခြင်းသည် ကနဦးတွင် ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျောင်းသားများ၏ လေ့လာသင်ယူမှုနှင့် သင်ကြားရေး ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေကြောင်း အစိုးရက ပြုလုပ်သည့် လေ့လာမှုတစ်ရပ်က ဆိုသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် နယ်သာလန်အစိုးရက တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများတွင် စမတ်ဖုန်းအသုံးပြုမှုကို တားမြစ်သည့်အမိန့် ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းအားလုံးနီးပါးက အဆိုပါ အမိန့်ကို လိုက်နာခဲ့ကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ သုတေသနတွင် အထက်တန်းကျောင်း တာဝန်ရှိသူအကြီးအကဲ ၃၁၇ ဦး ၊ မူလတန်းကျောင်း ၃၁၃ ကျောင်းကို လေ့လာခဲ့သည်။ ဆရာဆရာမများ ၊ သင်ကြားရေးအကူဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများပါဝင်သည့် အလေ့လာခံသီးသန့်အုပ်စု ၁၂ စုကိုလည်း လေ့လာခဲ့သည်။ လေ့လာမှု […]

နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် PDF များတိုက်ခိုက်၊ လေးဦးဖမ်းမိ

Dawei Watch

July 15, 2025

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းကို စစ်ကူအင်အားလာဖြည့်သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ဖမ်းမိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆) ထံမှ သိရသည်။ ဇူလိုင်လ ၁၁ ရက်တွင် တိုက်ပွဲတစ်ကြိမ်၊ ဇူလိုင်လ ၁၂ ရက်တွင် နှစ်ကြိမ်ဖြစ်၌ပွားခဲ့ပြီး လက်နက် နှစ်လက်နှင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း KNU ထံမှ သိရသည်။ ဇူလိုင်လ ၁၄ ရက် ညနေ ၆ နာရီတွင်လည်း ရေဖြူမြို့နယ် ခလရ ၂၈၂ အနီးက မှိုသုံးပွင့်နေရာတွင် KNU လက်အောက်ခံ KNLA ၊ PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU […]

ကော့သောင်းတွင် ငါးရက်အတွင်း ကြိုးဆွဲသေဆုံးသူ နှစ်ဦးရှိ

Dawei Watch

July 15, 2025

ကော့သောင်းမြို့နယ်တွင် ဇူလိုင်လ ၁၁ ရက်နေမှ ၁၅ ရက် နေ့အထိ ငါးရက်အတွင်း ကြိုးဆွဲချသေဆုံးသူ နှစ်ဦးအထိရှိကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ကော့သောင်းနှင့် ကူညီ ဆောင်ရွက်ပေးသူ အချို့ထံမှသိရှိရသည်။ ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်တွင် ယနေ့(ဇူလိုင် ၁၅) နံနက် စောစောပိုင်း၌ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ကြိုဆွဲချသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသည့် မြို့ခံအချို့ကပြောသည်။ အဆိုပါ အမျိုးသားမှာ ဇူလိုင်လ ၁၄ ရက်နေ့က အရက်မူးပြီး ခြေချော်လဲခဲ့ရာမှ ဒဏ်ရာရရှိသည့်အတွက် မိသားစုဝင်များက ဆေးရုံတက်ရောက်ကုသစေခဲ့ရာ ဆေးရုံမှ ဆင်းလာပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ၎င်း၏နေအိမ်၌ ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း ကူညီ ဆောင်ရွက်ပေးသည့် မြို့ခံတစ်ဦးကပြောသည်။ “ကြိုးကပြတ်ကျပြီး လူကမြောင်းထဲမှသေဆုံး နေတာ” ဟု ယင်းမြိုခံကပြောသည်။ အဆိုပါ အမျိုးသား၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ရွှေအဏ္ဏဝါပရဟိတအဖွဲ့မှ […]

ရန်တောင်ရွာတွင် စစ်ကောင်စီစစ်ကြောင်း သေနတ်ဖြင့်ပစ်ခတ်နေသဖြင့် ဒေသခံများထွက်ပြေး

Dawei Watch

July 15, 2025

သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၁၅ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်နေသဖြင့် ရန်တောင်ရွာသားများထွက် ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ အင်အား တစ်ရာဝန်းကျင်ရှိသည့် အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၁၄ရက် နံနက်ပိုင်းမှစတင်၍ ရန်တောင်ကျေးရွာသို့ ‌ရောက်ရှိတပ်စွဲထားကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းသည် ရန်တောင်ရွာအတွင်းလှည့်လည်ပြီး သေနတ်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် နေသောကြောင့် ရွာသူရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောဆိုသည်။ “သူတို့က အရပ်ဝတ်တွေနဲ့။ စပစ်ချိန် မနက် ၈ နာရီကျော်လောက်ရှိပြီ။ ထမင်းချက်ပြီးခါစပဲ ရှိသေးတယ်။ လူတွေက ထွက် ပြေးနေကြပြီ။ ကျွန်မတို့လည်း ရွာထဲမှာ တိတ်ဆိတ်လာလို့ အခု ထွက်ပြေးလာလိုက်တယ်” ဟု […]

ဆေးခြောက် တရားမဝင်ရောင်းချမှု နှိမ်နင်းမည်ဟု ထိုင်းအစိုးရသတိပေး

Dawei Watch

July 15, 2025

ထိုင်းနိုင်ငံထဲတွင် ဆေးခြောက်ကို ကျန်းမာရေးရည်ရွယ်ချက်ဖြင့်သာ သုံးစွဲရန် ညွှန်ကြားပြီးနောက် ဆေးခြောက် တရားမဝင် ရောင်းချမှုများအား ဆက်လက်နှိမ်နင်း အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးက ပြောသည်။ ထိုင်းနိုင်ငံထဲ ဆေးခြောက်သုံးစွဲခွင့်ကို ကန့်သတ်လိုက်သဖြင့် Writing Thailand’s Cannabis Future Network အဖွဲ့နှင့် ဆေးခြောက်သုံးစွဲမှုကို ထောက်ခံသူများက မနက်ဖြန် ဇူလိုင်လ ၁၆ ရက်တွင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ရုံးရှေ့၌ ဆန္ဒပြရန် စီစဉ်ထားသည်။ ယင်းဆန္ဒပြပွဲနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsuthin က ဇူလိုင်လ ၁၄ ရက်က ပြောဆိုသည်။ ဆေးခြောက်ကို ကျန်းမာရေးအရသာ သုံးစွဲခွင့်ပြုရန် သတ်မှတ်ထားသည့် ဥပဒေအတိုင်း လေးစားလိုက်နာကြရေးအတွက် အစိုးရအနေဖြင့် အပြည့်အဝ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ဆေးခြောက်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ […]

ယူကရိန်းစစ်ပွဲကို ရက် ၅၀ အတွင်း အဆုံးသတ်ရန် ရုရှားကို ထရမ့်ရာဇသံပေး

Dawei Watch

July 15, 2025

ယူကရိန်းနှင့်စစ်ပွဲကို ရက် ၅၀ အတွင်း အဆုံးသတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ရာဇသံပေးလိုက်သည်။ စစ်ပွဲကို မရပ်လျှင် ရုရှားအနေဖြင့် ကြီးမားသည့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်ရမည်ဟု ထရမ့်က ဆိုသည်။ ရုရှားသမ္မတပူတင်နှင့် အင်မတန် စိတ်ကသိကအောက် ဖြစ်ရကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ အမေရိကန်လက်နက်များကို နေတိုးအဖွဲ့ထံမှတစ်ဆင့် ယူကရိန်းသို့ နောက်ထပ်ပေးပို့သွားမည့် အစီအစဉ်ကိုလည်း ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ သုံးနှစ်တာကြာမြင့်လာသည့် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ရန် ရုရှားသမ္မတဗလာဒီမာပူတင်က ငြင်းဆန်နေဆဲဖြစ်သည့်အတွက် ၎င်း၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီဟုလည်း ထရမ့်က ပြောသည်။ “ရက် ၅၀ အတွင်း အပစ်ရပ်သဘောတူညီချက်မရဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ (ရုရှားအပေါ်) အင်မတန် ပြင်းထန်တဲ့ သွင်းကုန်စည်းကျပ်ခွန်တွေ ချမှတ်သွားမှာ ဖြစ်တယ်။ သွင်းကုန်စည်းကြပ်ခွန် […]