မြိတ်မှ တနင်္သာရီသို့ ရိက္ခာပို့သွားသည့် စစ်အာဏာရှင်တပ်ကားနှစ်စီး မိုင်းဆွဲခံရ
Dawei Watch
December 1, 2025မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ ပို့ဆောင်မည့် စစ်အာဏာရှင်တပ်၏ ရိက္ခာကားနှစ်စီးကို တော်လှန်ရေးတပ်က မိုင်းနှစ်ကြိမ်ဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၃၀ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် မဇောကျေးရွာအုပ်စု တိုးဂိတ်အနီးတွင်တစ်ကြိမ်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တုံးဗျောကျေးရွာအုပ်စု လသာရွာတွင် တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူက ဆိုသည်။ ရိက္ခာကားမတက်လာမီ တုံးဗျောရွာနှင့် မဇောရွာရှိ စစ်အာဏာရှင်တပ်သားများမှ လမ်းကင်းလာယူပေးထားသဖြင့် လမ်းကင်းယူသော တပ်သားများလည်း ထိခိုက်နိုင်ကြောင်း ၄င်းက ဆိုသည်။ “ကားမတက်လာမီ မိနစ် ၃၀ အလိုမှ လမ်းကင်းတွေ ထွက်လာပြီး လမ်းမတစ်လျှောက် လျှောက်သွားနေတယ်။ မိုင်းဆွဲလိုက်တာ လမ်းကင်းတွေက သေနတ်ငယ်နဲ့ ရမ်းသမ်းပစ်တယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ မိုင်းဆွဲသံကြားရပြီးနောက် […]


