ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသော်လည်း လေကြောင်းဖြင့်လာလျှင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ထားသည့် လက်မှတ်ပြရမည်
diz_admin
February 11, 2022တနင်္သာရီတိုင်းအတွင်းသို့ လေကြောင်းခရီးဖြင့်လာပါက ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများလည်း ၇၂ နာရီအတွင်း ကိုဗစ်ရောဂါ စစ်ဆေး အောင်မြင်ထားသည့် လက်မှတ် ပြရမည်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ လေယာဉ်ဆိုက်ရောက် ခရီးသည်တွင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့် လက်မှတ် မပါရှိပါက လေယာဉ်ကွင်းတွင်ပင် RDT (နှာခေါင်းတို့ဖတ်ယူ) နည်းဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ ယခင်ကမူ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးကြောင်း လက်မှတ်ရှိက ၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးသည့် လက်မှတ် မလိုအပ်ပေ။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ […]