တပ်ပိုင်မြေဟုဆိုကာ ကွမ်းစိုက်တောင်သူများကို ရာအိမ်မှူးနှစ်ဦးက ဖယ်ခိုင်း
diz_admin
January 15, 2023မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွာသစ်ရွာအတွင်း ကွမ်းရွက်ခြံစိုက်ပျိုးထားသည့် တောင်သူများကို တပ်ပိုင်မြေ ဟုဆိုကာ စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦးက ဖယ်ရှားခိုင်းနေကြောင်း ကွမ်းစိုက်တောင်သူအချို့နှင့် ရွာသားများထံမှ သိရသည်။ လွန်ခဲ့သည့် ဆယ်နှစ်နီးပါးမှစတင်ကာ ယခုအချိန်အထိ ယင်းမြေပေါ်တွင် ဒေသခံအချို့က ကွမ်းရွက်ခြံနှင့် ကွမ်းသီးပင်များ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိတွင် အဆိုပါနေရာသို့ သွားရောက်လုပ်ကိုင်ခွင့်မရဘဲ တားမြစ်ခံနေရကြောင်း တောင်သူများက ပြောဆိုသည်။ “စစ်တပ်က တရားဝင် လာပြောတာမျိုး မလုပ်ဘူး။ အလံနီတွေ ဘာတွေလည်း လာမစိုက်ဘူး။ ရာအိမ်မှူး နှစ်ယောက်ကပဲ တပ်ပိုင်မြေလို့ပြောပြီး လာနှင်ထုတ်နေတာ” ဟု ကွမ်းစိုက်တောင်သူတစ်ဦးကပြောသည်။ ယင်းကွမ်းခြံအနီးတွင် အမှတ် (၁၃) စစ်မြေပြင် ဆေးတပ်ရင်းတည်ရှိသည်။ တောင်သူများ လုပ်ကိုင်စားသောက်နေသည့် ယင်းမြေ ၅ ဧကနှင့် ပတ်သက်ပြီး တပ်ပိုင်မြေနှင့် ကင်းလွတ်ကြောင်း […]


