မြိတ်တွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်
diz_admin
April 28, 2023မြိတ်မြို့ နောက်လယ်ရပ်ရှိ ပထမအမျိုးသားအာမခံရုံးတွင် ယနေ့ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက အမျိုးသားနှစ်ဦး ဓာတ်လိုက်ပြီး ဒဏ်ရာရကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးသည် ပထမအမျိုးသားအာမခံရုံးအပေါ်ထပ်ရှိ ဆိုင်းဘုတ်အား တက်ဖြုတ်ရာမှ ဓာတ်လိုက်ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ “ဆိုင်းဘုတ်တက်ဖြုတ်တော့ လမ်းပေါ်က ဓာတ်ကြိုးနဲ့သွားထိပြီး ဓာတ်လိုက်ခဲ့တာပါ” ၎င်းက ပြောဆိုသည်။ ဓာတ်လိုက်သည့်အမျိုးသားနှစ်ဦးအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ၎င်းတို့သည် စကားပြောနိုင်သည့်အနေအထားရှိနေသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ မရှိနိုင်ကြောင်း နာရေးကူညီမှု အသင်းဝင်တစ်ဦးက ပြောဆိုသည်။ “တစ်ယောက်က ခါးညွတ်သွားတယ်။ ပြန်တည့်လို့တောင်မရဘူး။ တစ်ယောက်က ရင်ဘက်နဲ့ လက်တွေမှာ (မီးလောင်ဒဏ်ရာလို) ဒဏ်ရာရသွားတယ်။ နှစ်ယောက်လုံး ညှော်နံ့ရနေတာ” ဟု အခြားနာရေးကူညီမှုအသင်းအသင်းတစ်သင်းမှ […]


