မြိတ်မြို့ စည်ပင်ရုံးရှေ့တွင် ကားဗုံးပေါက်ကွဲပြီး နှစ်ဦးသေဆုံး
diz_admin
April 23, 2023မြိတ်မြို့တွင် ယနေ့ ညနေပိုင်းက ကားဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။ ယနေ့ ဧပြီလ ၂၃ရက် ညနေ ၄ နာရီခွဲဝန်းကျင်က မြိတ်မြို့ ပန်းခြံအနီးစည်ပင်ရုံးရှေ့တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ကားပေါ်တွင် ထိုင်နေသည့် အသက်ကြီးအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတဦးတို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း မျက်မြင်လမ်းသွားလာသူများက ဆိုသည်။ “ဒုံးဆိုပြီး အသံအကျယ်ကြီးတစ်ချက်ကြားတယ်။ နောက်ထပ်တစ်ချက်လည်း ထပ်ကြားရတယ်။ သွားကြည့်တော့ ကားပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတဦး သေဆုံးနေတာတွေ့ရတယ်။ လက်ကိုင်ကွင်းထက် မျက်နှာမှောက်သေနေပြီး ဟွန်းတွေလည်း ထမြည်နေတယ်” ဟု လမ်းသွားလမ်းလာမြို့ခံတစ်ဦးက ပြောသည်။ ကားမှာ အိမ်စီးကား ဟွန်ဒါဖစ်အညိုနက်ရောင်ဖြစ်ပြီး ပေါက်ပွဲမှုကြောင့် ကားဘီပေါက်ပြီး ဘောလုံးကွင်းရှေ့မှ လမ်းနိမ့်သည့် ကရင်ဘုရားကျောင်းရှေ့သို့ နောက်ပြန်ရောက်သွားသည်ဟု မျက်မြင်အချို့က ပြောဆိုသည်။ ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း အသေးစိတ်အခြေအနေနှင့် […]


