မြိတ်မြို့တွင်း ရပ်ကွက်အချို့တွင် ခြံမြေများကို အကွက်ဖေါ်ရောင်းချမှုများလာ
diz_admin
January 21, 2023မြိတ်မြို့တွင်းရှိ ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်နှစ်အတွင်းမှစပြီး မြေလွတ်များနှင့် ခြံမြေများကို အိမ်ရာကွက်များအဖြစ် ရောင်းချမှုများ ခေတ်စားလာသည်။ မြေပိုင်ရှင်တို့သည် ၎င်းတို့ပိုင်ဆိုင်ကြသည် မြေအလွတ်များနှင့် ခြံမြေတို့အား ခုတ်ထွင်ရှင်းလင်းပြီး အိမ်ရာကွက်များဖေါ်ကာ ရောင်းချနေကြခြင်းဖြစ်သည်။ “မြိတ်တောင်ဘက်မှာ တစ်နှစ်တည်းကို နေရာသုံးခုမှာ အိမ်ရာကွက်တွေ ဖေါ်ရောင်းနေတာတွေ့တယ်။ အခုတလော ဖေါ်ရောင်းနေတာလည်း ရှိနေတယ်” ဟု မြိတ်တောင်ရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။ မြိတ်မြို့တွင်းဘက်ကျသည့် မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ မြိတ်တောင်ရပ်နှင့် ရပ်ကွက်အချို့၊ ကန်ဖျားရပ်ကွက်တို့တွင် အိမ်မြေကွက်များ ဖေါ်ထုတ်ရောင်းချနေကြကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ “ငွေသား လက်ထဲမကိုင်ထားချင်လို့ သိန်းလေးရာတန် တစ်ကွက်ဝယ်ထားတယ် မနှစ်နှစ်ကုန်တုန်းက ဝယ်တာပါ၊ အိမ်ဆောက်ပြီး ပြန်ငှားစားမလို့ အပိုဝင်ငွေလည်းရတာပေါ့” ဟု ပေ ၃၀၊ ပေ ၅၀ ရှိ အိမ်မြေကွက်တစ်ကွက် ဝယ်ထားသူတစ်ဦးက ပြောသည်။ အဆိုပါ ပေ […]


