ပဝကျေးရွာတွင် ရွာသားသုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး
diz_admin
February 19, 2022တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် ရွာသားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးသွားသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသွားသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ရှိသည့် ဦးလှတင်နှင့် ဦးမျိုးအောင်တို့ဖြစ်ကြပြီး ဒဏ်ရာရရှိ သည့် နောက်ထပ်အမျိုးသားတစ်ဦးမှာလည်း စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ပဝကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူ သုံးဦးမှာ ရွာတွင် စောင့်ရှောက်ကျန်ရစ်ခဲ့သူများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ရွာသားများ ထွက်ပြေးတိမ်းရှောင်သွားစဉ် စစ်ကောင်စီတပ် ရွာ အတွင်း ဝင်ရောက်လာပြီး ယနေ့ နံနက် အစောပိုင်းတွင် ပြန်လည်ထွက်သွားကြောင်း […]