တနင်္သာရီမြို့ ရဲစခန်း ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရ
diz_admin
January 28, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့ ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီဝန်းကျင်က ရဲစခန်းကို ဒရုန်းဖြင့် ဗုံးချခံရပြီး အထိအခိုက်ရှိသည်ဟု သတင်းထွက်သော်လည်း သေသေချာချ မသိရသေးကြောင်း ဒေသခံများက ပြောသည်။ ဒရုန်းဖြင့် ဗုံးနှစ်လုံးချခဲ့ရာ တစ်လုံးသည် သစ်ပင်ထိမှန်ပေါက်ကွဲပြီး နောက်တစ်လုံးမှာ ရဲစခန်းသို့ ကျရောက်ကာ ရဲတပ်သားနှစ်ဦး ထိခိုက်သွားသည်ဟု ကြားသိရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ တနင်္သာရီမြို့ခံ အမျိုးသားနောက်တစ်ဦးကမူ “တချို့ကလည်း ထိခိုက်သွားတယ် ပြောသလို အထိအခိုက် မရှိဘူးလို့လည်း ပြောနေကြတယ်။ ကျွန်တော်တို့ကလည်း သွားကြည့်မရဲဘူး” ဟု ပြောဆိုသည်။ ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လုပ်ဆောင်သည်ဟု ကြားသိရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း […]


