ပလမြို့အနီး ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်
diz_admin
February 7, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့၊ အမှတ် (၁) အမှတ် (၂) ရပ်ကွက်ဖြစ်သည့် တိုရွာအနီး ပိကုန်းတောင်ဖက်တွင် ယနေ့ ဖေဖော်ဝါရီလ၇ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီကျော်သည် အထိတိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ည ၆ နာရီခွဲမှ ၇ နာရီခွဲအထိ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “မိုင်းတွေ ကွဲတာကလည်း တအုန်းအုန်းနဲ့ တောင်ယာမီးတိုက်နေသလိုပဲ။ မီးခိုးလုံးကြီးတွေ တက်နေတာ။ ပွဲက တော်တော်ကြမ်းတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးသလို လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့်လည်း ထိခိုက်ပျက်စီးမှု […]


