တနင်္သာရီမြို့တစ်ဖက်ကမ်း ဘန်လောရွာအနီး တိုက်ပွဲဖြစ်
diz_admin
September 29, 2022မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာအနီးတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဘန်လောကျေးရွာနှင့် မိုင်ဝက်ခန့်အကွာတွင်ရှိသည့် ကျောက်ပုံတောင်အနီး ယနေ့ (စက်တင်ဘာ ၂၉) နံနက် ၁၁ နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားပြီး ပစ်ခတ်သံများကြားနေရဆဲဖြစ်ကြောင်း ယင်းရွာသားတစ်ဦးက နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေ ၅နာရီဝန်းကျင်ကလည်း ဘန်လောရွာနှင့် နှစ်မိုင်ခန့် အကွာတွင်ရှိသည့် ဗောဓိကမ်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ကတော့ လက်နက်ကြီးပစ်သံပါ ကြားရတယ်။ ဒီနေ့တော့ လက်နက်ငယ်အသံတွေပဲ ကြားနေရတယ်” ဟု တနင်္သာရီမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ […]


