ပုလောတိုက်ပွဲအတွင်း ကားသမားနှစ်ဦးထက်မနည်း သေဆုံး
diz_admin
October 4, 2022ပုလောမြို့အနီး မနေ့ကဖြစ်ပွါးခဲ့သည့်တိုက်ပွဲအတွင်း ကားသမားနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ သေဆုံးခဲ့သည့် ကားသမားမှာ ကြဲကျေးရွာနေ ကိုရန်ကျော်သူ အသက် ၂၈ နှစ်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ ပလမြို့၊ရေခဲစက်ပိုင်ရှင် ဦးစိုးပိုင်၏ ယောက်ဖတော်စပ်သူဖြစ်ကြောင်း ဒေသခံများကပြောသည်။ “သူတို့ကားတွေကို စစ်တပ်က ချောဆွဲလာတယ်လို့သိရတယ်။ ဒီမနက်လင်းမှ သူတို့အိမ်ကလိုက်လာပြီး အလောင်းလာကောက်သွားတယ်”ဟု ကဒဲကျေးရွာဒေသခံ အမျိုးသားကပြောသည်။ ကားနှစ်စီးစလုံးမှာ အမိုးဖွင့်ကုန်တင်ကားများဖြစ်ကြပြီး တစ်စီးသည် ကဒဲတံတား ကွန်ကရစ်လက်ရန်းတိုင်ကိုတိုက်ပြီး တံတားအောက် ကုန်းမှော်တွင် ပက်လက်လန်သွားကြောင်း၊ နောက်တစ်စီးမှာ တံတားအလွန်တွင် ပစ်ခတ်ခံရပြီး ဒရိုင်ဘာနှစ်ဦးစလုံးမှာ ကားအတွင်း သေဆုံးနေကြောင်း ဒေသခံများ ကပြောသည်။ “ပလ ကနေ ပုလောကို ပစ္စည်းသွားပို့ပြီး အပြန်မှာချောဆွဲခံရတာလို့ကြားရတယ်။ ကျွန်တော်တို့သိတာ နှစ်ဦးသေတယ်”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးကပြောသည်။ ကားနှစ်စီးစလုံးသည် စစ်ကောင်စီတပ်မှ ချောဆွဲလာသည့်ကား ဟုတ်မဟုတ်ကိုမူ Dawei Watch အနေဖြင့် […]


