ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

June 5, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကြဲချခဲ့ပြီး အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်စန်းဝေ ဆိုသူ ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “အိမ်မှာ ဘုရားပန်းအိုးလဲနေတုန်း လာထိတာ။ အခုအရေးပေါ် ဆေးကုသမှုခံယူနေပါတယ်”ဟု ကျောင်းနိမ့်ရွာ ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးပစ်ချခဲ့ပြီးနောက် လက်နက်ကြီး လေးလုံးလည်း ထပ်မံပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများ ကပြောသည်။ “ဘာတိုက်ပွဲမှလည်းဖြစ်တာမရှိဘဲ အလကားနေပစ်တာ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ နန်းတောင်၊ကျောင်းနိမ့်၊ မှော်မိ၊ဂျင့်ဂါ စသည့်ကျေးရွာ ဒေသခံအများစုသည် တိုက်ပွဲများကြောင့် မကြာခဏ ထွက်ပြေးနေကြရပြီး တိုက်ပွဲငြိမ်သက်သည့်အချိန်တွင် ရွာအတွင်း ပြန်လည်နေထိုင်နေကြရသည်ဟု ဒေသခံများကပြောသည်။ […]

ပုလော ပြင်းဖြူရွာကမ်းစပ်တွင် ဓားဒဏ်ရာဖြင့် အမျိုးသားအလောင်းတွေ့

Dawei Watch

June 5, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာကမ်းစပ်တွင် ဓားဒဏ်ရာဖြင့် သေဆုံးကာ ရေမျောလာသည့် အမျိုးသားအလောင်းတွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၄ ရက်နေ့က တွေ့ရှိခြင်းဖြစ်ပြီး ဝိုင်ယာကြိုးဖြင့် လက်ပြန်ကြိုးတုပ်ထားကာ အလောင်းကို တွေ့ရှိချိန်တွင်ပုပ်ပွနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “သေတဲ့လူက ဝေထွန်းလို့ခေါ်တယ်။ ပုလောအမှတ်(၁)ရပ်ကွက်မှာ နေတယ်လို့သိရတယ်။ဘာကြောင့် ဘယ်သူတွေသတ်တာလည်းတော့ မသိရသေးဘူး” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ရုပ်အလောင်းကို လက္ကူးရွာ သင်္ချိုင်းတွင် မြှုပ်နှံလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း တနင်္သာရီမြစ်ထဲတွင် လှေဖြင့်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။ နောက်တစ်ဦးမှာ ဒဏ်ရာဖြင့် လွတ်မြောက်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။

သိန္ဓောရွာ စစ်ကောင်စီတပ်ရှေ့တန်း ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

Dawei Watch

June 4, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန္ဓောရွာရှိ စစ်ကောင်စီရှေ့တန်းကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုများက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။ ဇွန်လ ၂ ရက်နေ့ နံက် ၁၀ နာရီက ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု SWDF အပါအဝင် မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦး ကျည်ထိမှန် လဲကျသွားသည်ကို မြင်တွေ့ရပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးသားထားသည်။ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် အနီးအနားကျေးရွာများသို့ ပစ်ခတ်မှုကြောင့် အနီးဝန်းကျင် ကျေးရွာတစ်ရွာက ဒေသခံနေအိမ်တစ်လုံး ပျက်စီးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သိန္ဓောကျေးရွာ စစ်ကောင်စီတပ်စခန်းကို ယခင်ကလည်း […]

တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်အချို့ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှော အဖြစ်များလာ

Dawei Watch

June 4, 2023

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အချို့တွင် ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ပိုမိုအဖြစ်များလာကြောင်း ကူညီကုသပေးနေသူအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်အောက်ခံ စစ်ကြောင်း ၂ နယ်မြေအတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါနယ်မြေအတွင်း စစ်ရှောင် ၁၀၀ ဦးခန့်ရှိနေပြီး ၎င်းတို့မှာ စစ်ဘေးရှောင်စခန်းအနေဖြင့် သီးခြားမရှိဘဲ နီးစပ်ရာ ဆွေမျိုးများနှင့် ဥယျာဉ်တောတောင်များအတွင်း ယာယီနေထိုင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်မေလအတွင်း ငှက်ဖျားဖြစ်ပွားသူ ၂၈ ဦး၊ တိုက်ဖွိုက်ဖြစ်သူ ၅ ဦး၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၂၁ဦး ရှိခဲ့ပြီး ကလေးများလည်း ပါဝင်ကြောင်း စစ်ကြောင်း၂ တွင် ဆေးမှူးတာဝန်ယူထားသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်လများကမူ တစ်လလျှင် ယင်းရောဂါများဖြစ်ပွားသူ ပျမ်းမျှ ၅ ဦးခန့်သာရှိကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် စားနပ်ရိက္ခာအခက်အခဲနှင့် ချောင်းရေ […]

မင်းထိန်တွင် လက်နက်ကြီးကျ၍ လူသေဆုံးပြီးနောက် နေရပ်စွန့်ခွါ ထွက်ပြေးသူများလာ

Dawei Watch

June 3, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာသို့ လက်နက်ကြီးကျကာ လူသေဆုံးပြီးသည့် နောက်တွင် နေရပ်(အိုးအိမ်)စွန့်ခွါထွက်ပြေးသူ များလာကြောင်း ဒေသခံများ ထံမှသိရသည်။ မင်းထိန်ကျေးရွာသို့ ပြီးခဲ့သည့် ဇွန်လ ၁ ရက် နေ့လယ်က ပုလောဘက်မှပစ်သည့် လက်နက်ကြီးကျည်လေးလုံး ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကာ အသက် ၉၀ အရွယ်မိခင်ဖြစ်သူလည်း ယင်းဖြစ်စဥ်ကြောင့် နှလုံးရပ်သေဆုံးခဲ့ရသည်။ ယင်းအပြင် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည့် ရွာသားတချို့လည်း ရှိခဲ့သည်။ လက်နက်ကြီးကျည် ရွာအတွင်း ထပ်မံကျရောက်မည်ကို စိုးရိမ်သဖြင့် လက်ရှိအချိန်တွင် ရွာသားများမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြပြီ ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။ “ရွာသားတွေက တအားကြောက်ကုန်ကြပြီး ပြေးတဲ့သူတွေ ပြေးကုန်ကြပြီ”ဟု မင်းထိန်ဒေသခံ အမျိုးသား ကပြောသည်။ မင်းထိန်ရွာတွင် အိမ်ခြေသုံးရာကျော်ရှိပြီး စစ်ကောင်စီက ဆန်အပါအဝင် […]

မြိတ်တွင် ပေါက်ကွဲမှုဖြစ်

Dawei Watch

June 2, 2023

မြိတ်မြို့တွင် ဗုံးဟုယူဆရသည့် အရာပေါက်ကွဲပြီး လူထိခိုက်မှုမရှိကြောင်း မြို့ခံများထံမှ သိရသည်။ ကလွင်နယ်မြေ၊ ပုလဲဒီပါရပ်ကွက်က လမ်းကြားတစ်ခုတွင် ယနေ့ ဇွန်လ ၂ရက် မွန်းလွဲ ၃ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပေါက်ကွဲမှုဖြစ်သည့် လမ်းကြားသည် လူအသွားအလာနည်းပြီး အနီးတွင် ဟော်တယ်တစ်လုံး၊ KTV ဆိုင်နှင့် ရေကူးကန်တစ်ခုရှိကြောင်း ရပ်ကွက်သားများထံမှ သိရသည်။ “မိုးမရွာခင်လေးမှာ ဒုန်းဆိုပြီး အသံကြားရတယ်။ အိမ်တောင်တုန်သွားတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကားများ ရောက်ရှိလာပြီး စစ်ဆေးခဲ့ကြောင်း ရပ်ကွက်နေသူ နောက်တစ်ဦးက ပြောဆိုသည်။ “ကားတွေနဲ့ အများကြီးပဲ ရောက်လာကြတာ။ လူထိခိုက်မှု မရှိဘူးလို့ ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ Dawei Watch က […]

မြိတ်ဒေသထွက် ဒူးရင်းသီးအစေ့ ယမန်နှစ်ဈေး၏ ထက်ဝက်သာရ

Dawei Watch

June 2, 2023

ထိုင်းသို့ တင်ပို့သည့် မြိတ်‌ဒေသထွက် ဒူးရင်းသီးအစေ့ဈေးမှာ ဇွန်လ ၁ရက်တွင် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်သာ ဈေးရှိသဖြင့် ယမန်နှစ် ပေါက်ဈေး၏ ထက်ဝက်ခန့်သာ ရရှိသေးကြောင်း ယင်းဈေးကွက်တွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် မေလအတွင်းက ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ကျော် ရှိခဲ့ပြီး ဇွန်လအစပိုင်းတွင် ၈၀၀၀ မှ ၈၅၀၀ ကျပ်အထိ ဈေးရှိခဲ့ကြောင်း ဒူးရင်းသီးအစေ့ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် ဒူးသီးအစေ့ စဝယ်သည့် ဧပြီလအတွင်းက တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ရှိခဲ့ပြီး မေလအစပိုင်းတွင် ၂၅၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ဒူးရင်းသီးအစေ့ အဝယ်ဒိုင်အချို့ထံမှ သိရသည်။ မေလ ၂ဝရက် နောက်ပိုင်းမှစပြီး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ဒူးရင်းသီးအစေ့အဝယ်ဒိုင်တစ်ဦးက ပြောသည်။ ယင်းနောက် ဇွန်လဆန်းတွင် ၄၅၀၀ […]

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ လယ်သစ်ရွာထဲ ကျည်ကိုးလုံးကျကွဲပြီး ရွာသားတစ်ဦးဒဏ်ရာရ

Dawei Watch

June 1, 2023

တနင်္သာရီမြို့နယ်၊ လယ်သစ်အပါအဝင် ကျေးရွာသုံးရွာဖက်သို့ စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁ရက် နံနက်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး လယ်သစ်ရွာသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က စန်းသစ်ရွာဘုန်းကြီးကျောင်းတောင်ပေါ်မှ လယ်သစ်ရွာဘက်သို့ အဓိကထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သလို မော်တုန်းရွာနှင့် တုံးဗျောလသာရွာများဖက်သို့လည်း ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ “လက်နက်ကြီး ပစ်နေသံကြားရတာ အချက်သုံးဆယ်လောက်ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လယ်သစ်ကျေးရွာတွင် အရှေ့ကမ်းနှင့် အနောက်ကမ်းရှိပြီး လက်နက်ကြီးကျည်မှာ ကမ်းနှစ်ခုစလုံးသို့ ကျရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “စောစော ၇ နာရီလောက်ကပစ်တာ ရွာထဲကို ကိုးလုံးလာကျတယ်။ အိမ် ငါးလုံးထိပြီး လူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မေလ ၃၁ ရက်က […]