ဖမ်းဆီးခံထားရသည့် လက္ကူးရွာသားအားလုံးပြန်လွတ်
diz_admin
March 1, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ရွာသားအားလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နံနက်က စစ်ကောင်စီတပ်များ လက္ကူးရွာသို့ ရောက်ရှိလာပြီး ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်ကို ဖမ်းဆီးကာ ဘုန်းတော်ကြီးကျောင်းတွင် စစ်ဆေးခဲ့သော်လည်း ယင်းနေ့ ညနေတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “မှတ်ပုံတင် အိမ်ထောင်စုတွေကို အဓိကစစ်တယ်။ ပြီးတော့အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်များသည် လက္ကူးရွာအနောက်ဖက် နတ်အိမ်တန်းဘက်မှ လယ်ကွင်းများဖြတ်၍ ရောက်ရှိလာခဲ့ပြီး မနေ့ညနေက ပြန်လည်ထွက်ခွါသွားသည်ဟု ဒေသခံနောက်တစ်ဦးကဆိုသည်။ “နယ်မြေရှင်းလင်းရေးလာလုပ်တဲ့ သဘောမျိုးပဲ။ ထိတွေ့တိုက်ပွဲဖြစ်တာတော့ မကြားရဘူး” ၎င်းကပြောသည်။ လက္ကူးရွာသည် အိမ်ခြေ ၈၀၀ နီးပါးရှိသည့် ကျေးရွာဖြစ်ပြီး ယမန်နှစ်က ယင်းရွာအုပ်ချုပ်ရေးမှူးအပါအဝင် အနီးအနားရွာများမှ ရာအိမ်မှူးအချို့နင့် […]


