ပြင်ဝန်းရွာပေါ် လက်နက်ကြီးကျသဖြင့် ဒေသခံများ ထွက်ပြေးနေရ
Dawei Watch
September 22, 2023မြိတ်ခရိုင်၊တနင်္သာရီမြို့အနီးရှိ ဇဝဲတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြင်ဝန်းကျေးရွာပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ပျက်စီးကာ ဒေသခံများလည်း ထွက်ပြေးထိမ်းရှောင်နေရကြောင်း တွဲလက်ညီညီစစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ ထံမှသိရသည်။ ယနေ့(စက်တင်ဘာ ၂၂) နံနက် ၁၀ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ဆန်သုံးလုံး ပြင်ဝန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း တွဲလက်ညီညီစစ်ရှောင်ကူညီရေးအဖွဲမှ တာဝန်ရှိသူကပြောသည်။ “ဒေသခံတွေကတော့ နီးစပ်ရာကို ထွက်ပြေးနေကြတယ်။ လက်ရှိ ကျွန်တော်တို့ဆီ ရောက်လာတာကတော့ လူဦးရေငါးဆယ်လောက်ရှိတယ်”ဟု ၎င်းကပြောသည်။ ပြင်ဝန်းရွာသည် တနင်္သာရီမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိပြီး ကျွန်းစုမြို့နယ်အပိုင် ကျေးရွာဖြစ်သည်။ ပြင်ဝန်းရွာနှင့် ဇဝဲတပ်ရင်းကြားတွင် တနင်္သာရီမြစ်ခြားထားပြီး ယင်းရွာသို့ လက်နက်ကြီးတစ်ကြိမ်မှ မကျရောက်ဖူးသေးဟု ဒေသခံတချို့ကပြောသည်။ “တော်တော်များများ ကကြောက်ပြီး ပြေးကုန်ကြပြီ။ ရွာမှာ အနည်းအကျဥ်းပဲကျန်ပြီ”ဟု ဒေသခံအမျိုးသား […]


