ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပလောက်မြို့ ဝန်းကျင်တွင် ငလျင်လှုပ်

Dawei Watch

November 28, 2025

ပုလောမြို့နယ်၊ ပလောက်မြို့ဝန်းကျင်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်ည ၁၁ နာရီဝန်းကျင်တွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” အိမ်တွေတုန်သွားတာလောက်ပဲ။ သုံးလပိုင်း(မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင်) တုန်းကတော့ ဒီထက်နည်းနည်းကြမ်းတယ်။ အဲတုန်းက လူကြီးတွေဆိုခေါင်းမူးတယ်။ အခုတစ်ခါက ခေါင်းမမူးကြဘူး ” ဟု ပုလောမြို့နယ် ကျောက်လုံးကြီးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦး ကပြောသည် ။ ပလောက်မြို့ ၊ ပြင်ဘုကြီးကျေးရွာအုပ်စု နှင့် ကျောက်လုံးကြီးကျေးရွာအုပ်စုတို့ရှိ ကျေးရွာအချို့က ငလျင်လှုပ်ခတ်သွားသည်ကို သတိထားမိလိုက်ကြကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည် ။ အထက်ပါနေရာများသည် ဒီရေတောထိန်းသိမ်းဧရိယာ ကြိုးပြင်ကာကွယ်တော သတ်မှတ်ထားသည့် နေရာအချို့ပါဝင်ပြီး ပင်လယ်ထွက်ပေါက်ရှိသည့် ကမ်းရိုးတန်းဒေသများဖြစ်ကြသည်။ နိုဝင်ဘာလ ၂၇ ရက်ညက ငလျင်လှုပ်ခတ်ခြင်း နှင့်ပတ်သက်၍ တနင်္သာရီတိုင်း […]

ထိုင်းအာဏာပိုင်များက အချိန်သတ်မှတ်ကာ နောက်ဆုံးထားပြန်ခိုင်းသဖြင့် မောတောင် စစ်ရှောင်များ နေရပ်ပြန်လာရ

Dawei Watch

November 28, 2025

ထိုင်းနိုင်ငံဘက်ခြမ်းတွင် တိမ်းရှောင်နေကြသည့် မောတောင်ဒေသခံ စစ်ဘေးရှောင်များကို နိုဝင်ဘာလ ၂၆ရက် ညနေ ၅နာရီ နောက်ဆုံးထားပြီး ထိုင်းအာဏာပိုင်းများက နေရပ်ပြန်ခိုင်းသဖြင့် မြန်မာဘက်ခြမ်းသို့ ပြန်လာရကြောင်း စစ်ဘေးရှောင် များက ပြောသည်။ နယ်ခြားဂိတ်ဖြစ်သည့် အလယ်ဂိတ်တွင် တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ၁၈၀၀ ကျော်ကို ထိုင်းအဏာပိုင်များက နိုဝင်ဘာလ ၂၄ ရက်မှ စတင်ကာ နေရပ်ပြန်ခိုင်းခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်တွင် နောက်ဆုံးထား ပြန်ခိုင်းခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စတင် ပြန်ခိုင်းသည့် နိုင်ဘာလ ၂၄ ရက်မှစတင်၍ စစ်ဘေးရှောင်ရာနှင့်ချီ မြန်မာဘက်ခြမ်းသို့ စတင်ပြောင်းရွှေ့ခဲ့ကြပြီး နိုဝင်ဘာလ ၂၇ရက်တွင် စစ်ဘေးရှောင် အားလုံးပြန်လာကြရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။ “သူတို့က ပြောင်းခိုင်းနေတော့ ပြောင်းမှရမယ်။ အိမ်ကို ပြန်ဝင်သွားလည်း အိမ်တွေ […]

ထားဝယ်နှင့် မြိတ်ထောင်က အကျဉ်းသား ၁၀ဦးလွတ်မြောက်

Dawei Watch

November 27, 2025

ထားဝယ်နှင့် မြိတ်အကျဉ်းထောင်တို့က လွတ်ငြိမ်းခွင့်ဖြင့် ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် အကျဥ်းသား၊ အကျဥ်းသူ ၁၀ ဦး လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဥ်းသား အသိုင်းအဝိုင်းနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်အရသိရသည်။ ထားဝယ်အကျဥ်းထောင်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ငါးဦးလွတ်မြောက်လာကြောင်း ထားဝယ် အကျဥ်းထောင်ရှေ့တွင် သွားရောက်စောင့်ကြိုခဲ့သည့် နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။ “ပေါက်တိုင်းတံတားဂိတ်မှာ ဖုန်းထဲမှာ စာ (စစ်အာဏာရှင်ဆန့်ကျင်ရေး) တွေ့လို့ လူဝတ်လဲ အဖမ်းခံရတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ထားဝယ်အလှသစ် စျေးဝယ်စင်တာမှာ အဖမ်းခံရတဲ့ ရန်တောင်ရွာသူတွေ ပါတယ်။ အားလုံးငါးယောက်လွတ်တယ်။ ရဲစခန်းကို ခေါ်သွားပြီးမှ ခံဝန်ထိုးပြီး လွှတ်တယ်” ဟု ၎င်းက ဆိုသည်။ မြိတ်ထောင်တွင်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ငါးဦးလွတ်မြောက်ကြောင်း စစ်အုပ်စု […]

တနင်္သာရီ သစ်ပင်ခြောက်ရွာတွင် တပ်စွဲထားသည့်စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

November 26, 2025

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာအနီး သစ်ပင်ခြောက်ရွာတွင် တပ်စွဲသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း မြိတ်ခရိုင်တပ်ရင်း-၂ က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၅ရက် မွန်းလွဲ ၁နာရီဝန်းကျင် တော်လှန်ရေးပူပေါင်းတပ်များက သွားရောက်တိုက်ခိုက်ကြခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ မိနစ် ၄၀ ခန့်ကြာဖြစ်ပွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “တိုက်ပွဲအတွင်း လက်နက်ငယ်သံပဲ ကြားရတယ်။ လက်နက်ကြီးပစ်သံတော့ မကြားရဘူး။ ရှေ့တိုက်ပွဲတွေမှာဆို တနင်္သာရီဘက်က (စစ်အာရှင်တပ်က) အကူပစ်တာရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်မှာ တိုက်ပွဲဖြစ်သည့်နေရာတွင် ယနေ့ နိုဝင်ဘာလ ၂၆ရက် နေ့လယ်၁၂နာရီအထိ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ စစ်အာဏာရှင်တပ်ကို မြိတ်ခရိုင်တပ်ရင်း-၂နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက သွားရောက် တိုက်ခိုက်ခဲ့ကြပြီး တော်လှန်‌ရေးတပ်များဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ […]

မောတောင်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်၊ မိခင်နှင့် လသားအရွယ်ကလေးများ နေထိုင်ရေး၊ ကျန်းမာရေးအခက်ကြုံ

Dawei Watch

November 26, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သိမ်းတိုက်ပွဲ၌ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများတွင် ကိုယ်ဝန်ဆောင်များ၊ မီးဖွားပြီးစ မိခင်များ၊ ကလေးငယ်များပါဝင်နေပြီး နေထိုင်ရေး၊ ကျန်းမာရေးအတွက် အခက်အခဲများစွာကြုံနေရကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေးကူညီသူများက ပြောသည်။ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် နေအိမ်သို့ မပြန်နိုင်သေးသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် နို့တိုက်မိခင်တစ်ဦးက ဆိုသည်။ “ကလေးတွေမှာက ယားနာ‌တွေပေါက်လာတာရှိတယ်။ လသားကလေးတွေဆိုလည်း ခြင်ကိုက် ဖုတွေနဲ့။ အချို့မိခင်တွေ ကျတော့လည်း နို့မထွက်လို့ နို့စည်တွေကိုဖျော်ပြီးတိုက်နေတော့ ဝမ်းပူ(ဝမ်းဗိုက်ဖောင်းကားနေ)တယ်။ ကလေးတွေအတွက် ခြင်ထောင်နဲ့ နို့မှုန့်တွေ လိုအပ်နေတယ်။ ကလေးတွေအတွက် ဒိုင်ဗာတွေလည်း လိုအပ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း လ‌စေ့နေသည့် ကိုယ်ဝန်သည်များရှိပြီး အချိန်ခါမရွေး ဗိုက်နာနိုင်သည့်အတွက် စိုးရိမ်စိတ်နှင့် နေနေရကြောင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က […]

မောတောင်လမ်းတွင် ၁၀ ရက်ကျော်ကြာ တိုက်ပွဲ ဆက်တိုက်ပြင်းထန်

Dawei Watch

November 25, 2025

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီမြို့သို့ သွားသည့် လမ်းပိုင်းရှိ သိန်ခွန်းရွာနှင့် သဲဖြူရွာအနီးဝန်းကျင်တို့တွင် စစ်အာဏာရှင် တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ၁၀ရက်ကျော်ကြာ တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။ သိန်ခွန်းရွာနှင့် သဲဖြူရွာတွင် စစ်အာဏာရှင်တပ်က လေကြောင်းနှင့် ကားများကို အသုံးပြု၍ စစ်အင်အားထပ်ဖြည့်ကာ စစ်ကြောင်းထိုးလာသဖြင့် နိုဝင်ဘာလ ၁၅ရက်မှစ၍ ယနေ့ နိုဝင်ဘာလ ၂၅ရက်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က လေယာဉ်၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်သလို စစ်အင်အားအလုံးအရင်းဖြင့် ခြေလျင်စစ်ကြောင်းထိုးနေကြောင်း ၎င်းက ဆိုသည်။ “နှစ်ဖက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်။ တိုက်ပွဲမပြီးသေးလို့ အသေးစိတ်ပြောလို့ မရသေးဘူး။ သူတို့ဘက်က ထိခိုက်တာရော သေတာရောများတယ်။ သူတို့က နှစ်လအတွင်း မောတောင်ကို ပြန်လည်ရယူဖို့ ကြေညာထားတာလည်း တွေ့ရတယ်။ အဲဒါကြောင့် […]

မောတောင်ဒေသခံ စစ်‌ရှောင်တစ်ထောင်ကျော်ကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ခိုင်းသဖြင့် အခက်တွေ့

Dawei Watch

November 25, 2025

ထိုင်း-မြန်မာနယ်စပ်တွင် တိမ်းရှောင်နေကြသည့် မောတောင်မြို့က ဒေသခံ စစ်ဘေးရှောင် ၁၈၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက လက်မခံသဖြင့် စစ်ဘေးရှောင်များ အခက်ကြုံနေကြောင်း စစ်ရှောင်များထံမှ သိရသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် ထိုင်းအာဏာပိုင်များက နယ်စပ်တွင်ရှိနေသည့် စစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင်များက လက်မခံတော့ဘဲ ပြန်ခိုင်းနေကြောင်း စစ်‌ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ စစ်ဘေးရှောင်များသည် ယာယီတဲဆောက်ရန် သစ်ခုတ်ခြင်း၊ အမှိုက်များကို စနစ်တကျ မပစ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရှိခြင်း စသည့်အချက်တို့ကို အကြောင်းပြကာ ထိုင်းဘက်က လက်မခံကြောင်း ၎င်းက ပြောဆိုသည်။ “ထိုင်းဘက်က လက်မခံတော့ ပြန်တဲ့သူကလည်း ပြန်ကျတယ်။ မပြန်ဘဲ နေကျန်ခဲ့တဲ့ သူတွေလည်းရှိတယ်။ အချို့တွေကလည်း ရှေ့ရက်ကတည်းက ပြောင်းနေကြတယ်” ဟု အထက်ပါ စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။ […]

တနင်္သာရီ၊ ဖာနီရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချသဖြင့် ရွာသားငါးဦး ဒဏ်ရာရ

Dawei Watch

November 25, 2025

တနင်္သာရီမြို့နယ်၊ ဖာနီရွာကို ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် ဖာနီရွာသား ငါးဦးဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၂၃ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ဖာနီရွာကို ဒရုန်းဖြင့်ချသည့် ဗုံးတစ်လုံးသည် နေအိမ်တစ်ဆောင်ရှေ့ရှိ ကားနံဘေးတွင် ကျရောက်ပေါက်ကွဲပြီး ရွာသားများ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသူများသည် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားများဖြစ်ပြီး လေးဦးမှာ ဒဏ်ရာများသဖြင့် မြိတ်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားကာ တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “(ကုန်ကားရောက်ချိန်) ပစ္စည်းလာ(သယ်)တိုက်လို့ လူစုနေကြတယ်။ အိမ်ရှေ့မှာ လူတွေက များနေတယ်။ ထိတဲ့သူ ဒဏ်ရာပြင်းသမား လေးယောက်ကိုတော့ ဆေးရုံပို့လိုက်တယ်”ဟု အထက်ပါဒေသခံတစ်ဦးက ပြောဆိုသည်။ ဖာနီရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က […]