စရဖ သတင်းပေးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်
diz_admin
March 8, 2023တနင်္သာရီမြို့တွင် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အတွက် မြေပြင်သတင်းထောက်လှမ်းပေးနေသူဟုဆိုသည့် အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ ကိုအောင်ဇော်ချစ် (ခေါ်) ကုလားချေးဆိုသူကို မတ်လ ၇ ရက်က ပြည်ထောင်စုလမ်းပိုင်း တစ်နေရာတွင် ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်းနှင့်အတူ လက်လုပ်သေနတ် တစ်လက်အပါအဝင် သတင်းထောက်လှမ်းရာတွင် အသုံးပြုသည့် ဖုန်းတစ်လုံးနှင့် ဆက်စပ်သတင်းအချက်အလက်များကို သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။ သိမ်းဆည်းရမိသည့် ဖုန်းပါအချက်အလက်များအရ နောက်ဆက်တွဲ ပုဂ္ဂိုလ်များကိုပါ ဆက်လက်ပြီး အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါအမျိုးသားမှာ စရဖအတွက် သတင်းပေးလုပ်နေသည်ဆိုသည့်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း တနင်္သာရီမြို့၊ ဆင်ခြေဖုံးကျေးရွာအုပ်စု […]


