မြိတ်တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်ဖမ်းဆီးမှုများလာ
diz_admin
August 29, 2022မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ် စစ်ဆေးဖမ်းဆီးမှုများလာကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်ကယ်များကို ဩဂုတ်လ နောက်ဆုံးအပတ်မှစ၍ စစ်ဆေးဖမ်းဆီးမှုများလာကြောင်း ၎င်းတို့က ပြောသည်။ “ဖမ်းနေတာက သုံးလေးရက်ရှိပြီ။ နေရာအစုံမှာ အဖွဲ့လိုက်ဖမ်းနေတာ။ တစ်နေရာမှာ ကြည့်လိုက် အစီးရေ သုံးလေးဆယ်ပဲ၊ အဖမ်းခံထားရတာ” ဟု ဆိုင်ကယ်ကယ်ရီမောင်းသည့် အမျိုးသားတစ်ဦးက ပြောသည်။ ယခင်က အမျိုးသားနှစ်ဦး (သို့မဟုတ်) သုံးဦးစီးလာသည့် ဆိုင်ကယ်များကိုသာ အဓိကထား စစ်ဆေးဖမ်းဆီးနေရာမှ လက်ရှိတွင် တစ်ဦးတည်း စီးလာသည့်ဆိုင်ကယ်များကိုလည်း စစ်ဆေးလာကြောင်း ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။ “ဦးထုပ်၊ မှန်ကိုင်း၊ မောင်းလိုင်စင်၊ ယာဉ်လိုင်စင် အကုန်စစ်တယ်။ ကျွန်တော်ကိုယ်တိုင် ဦးထုပ်မပါလို့ သုံးသောင်း ဒဏ်ကြေးဆောင်ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။ မြိတ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့က ဩဂုတ်လအတွင်းက ကားမိုင်းဆွဲတိုက်ခိုက်မှုနှင့် […]