မြိတ်တွင် ကြက်သွန်ဖြူဈေးတစ်ပိဿာ တစ်သောင်းကျပ်အထိမြင့်တက်လာ
Dawei Watch
July 7, 2023မြိတ်မြို့ရှိ စားသောက်ကုန်ဈေးကွက်တွင် ကြက်သွန်ဖြူဈေးတစ်ပိဿာလျှင် ကျပ်တစ်သောင်းအထိ မြင့်တက်လာနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်က ကြက်သွန်ဖြူ ထူး (၅) အမျိုးအစား တစ်ပိဿာလျှင် ၇၀၀၀ ကျပ်သာရှိခဲ့ပြီး ဇွန်လအကုန်တွင် ၉၀၀၀ ကျပ်နှုန်းဖြစ်လာကြောင်း ယင်းဈေးကွက်မှ စုံစမ်းသိရသည်။ ယင်းနောက် ဇူလိုင်လအစမှ ဇူလိုင်လ ၆ ရက်နေ့အထိ တစ်ပိဿာလျှင် တစ်သောင်းကျပ်အထိ ဖြစ်လာကြောင်း ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောပြသည်။ “အိတ်ဆွဲဈေးက ကိုးထောင်ဆိုတော့ ပိဿာလိုက်ပြန်ရောင်းရင် တစ်သောင်းပါ။ တချို့ဆို တစ်သောင်းကျော်အထိ ရောင်းနေတာလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။ ပိဿာ နှစ်ဆယ်၊ သုံးဆယ် စသဖြင့် အိတ်ဆွဲဈေးနှုန်း တစ်ပိဿာလျှင် ကိုးထောင်ကျပ်ဖြစ်ပြီး တစ်ဆယ်သား၊ တစ်ပိဿာ စသဖြင့် ပြန်လည်ရောင်းချသည့်ဈေးသည် တစ်သောင်းကျပ်နှုန်း ဖြစ်သည်။ […]


