တနင်္သာရီတွင် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် အရပ်သားကို ပြန်ရှာမတွေ့သေး
Dawei Watch
August 19, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာတွင် ဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်ခံရပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၇ရက် ညဦးပိုင်းက တမုတ်ချုံးရွာလမ်းတနေရာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက အသက် ၃၅ နှစ်ရှိ ဦးထွန်းနိုင်ဝင်းအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ပစ်ခတ်ပြီးနောက် ဦးထွန်းနိုင်ဝင်းကို စစ်ကောင်စီတပ်သားများ သယ်ယူသွားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။ “သူက အရက်မူးပြီး ဒီလိုပဲ သွားနေတတ်တာ။ အဲဒီမှာ ကင်းပုန်းနဲ့တိုးပြီး ပစ်သတ်ခံရတာ။ ရုပ်အလောင်းကတော့ ဒီနေ့ထိ ပြန်မရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းမှာ တမုတ်ချုံးရွာမှ ထွက်ခွာသွားပြီဖြစ်သော်လည်း ဦးထွန်းနိုင်ဝင်းကို ပြန်လည်ရှာဖွေ မတွေ့သေးသဖြင့် သေဆုံးသွားပြီဟု ယူဆကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဦးထွန်းနိုင်ဝင်းတွင် သားသမီးနှစ်ဦး ရှိပြီး […]


