မွန်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်ပါက ထောင်ဒဏ်တစ်လချပြီး အရေးယူ
diz_admin
October 13, 2020မွန်ပြည်နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို ထောင်ဒဏ် တစ်လစီ ချမှတ်ပြီး အရေးယူဆောင်ရွက် လျက်ရှိသည်ဟု သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများသည့် မော်လမြိုင်မြို့နယ်၊ ဘီးလင်းမြို့ နယ်နှင့် ကျိုက်ထိုမြို့နယ်တို့ကို စက်တင် ဘာ ၂၅ ရက်နေ့မှစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ညမထွက်ရအမိန့် ဖောက်ဖျက်သောကြောင့် မော်လမြိုင်မြို့နယ်မှ ကိုးဦး နှင့် ဘီးလင်းမြို့နယ်မှ နှစ်ဦး စုစုပေါင်း ၁၁ ဦးတို့အား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ “အလုပ်မဲ့ ထောင်ဒဏ် တစ်လစီပေါ့” ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေး မှူး […]


