မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ
diz_admin
November 4, 2020မွန်ပြည်နယ်တစ်ခုလုံးတွင်အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးရမည့် မဲဆန္ဒရှင်က လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။ ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အားလုံးကို ကြိုတင်မဲပေးရန် ကော်မရှင်က ခွင့်ပြုထားသည်။ ၎င်းတို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးရမည်ဖြစ်သည်။ Stay at home သတ်မှတ်ထားသည့် မြို့နယ်နှင့် လူဦးရေ ထူထပ်သည့်မြို့နယ်တို့တွင် နေထိုင်သည့် အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်တို့က နေအိမ်တွင် ကြိုတင်မဲပေးရမည်ဖြစ်သည်။ ကျန်မြို့ နယ်များရှိ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များက သက်ဆိုင်ရာ ကော်မရှင်ထံသို့ ကိုယ်တိုင်သွားရောက် ကြိုတင် မဲပေးရမည်ဖြစ်သည်။ အကယ်၍ ကျန်းမာရေးအခြေအနေအရ မဲရုံသို့ […]


