ရန်ကုန်ပြန်များ ပြည်နယ်အတွင်း ဝင်ခွင့်ကို ပြန်ကန့်သတ်
diz_admin
November 17, 2020မွန်ပြည်နယ်အတွင်းသို့ ရန်ကုန်မှ ပြန်ဝင်လာသူများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ကွာရန်တင်းစင်တာများတွင် ထားရှိစောင့်ကြည့်ပြီးမှသာ ပြည်နယ်အတွင်း သွားလာခွင့်ပြုသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် မဲပြန်ပေး နိုင်ရေးရည်ရွယ်ပြီး ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်မှ ပြန်လာသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကိုသာ စစ်ဆေးပြီး ကွာရန်တင်း မဝင်စေဘဲ နေရပ်ပြန်ရန် ခွင့်ပြုပေးခဲ့သည်။ သို့သော် ရွေးကောက်ပွဲပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှစကာ ရန်ကုန်မှ ပြန်ဝင်လာ သူများကို ကွာရန်တင်း ၁၄ ရက် ဝင်ရန် ပြန်ကန့်သတ်လိုက်ခြင်းဖြစ်သည်။ “ရန်ကုန်ပြန်တိုင်းကို ဝင်ခွင့်မပြုဘူး။ တကယ့်အရေးကြီးကိစ္စနဲ့ လာတာကိုပဲ ခွင့်ပြုထားတယ်ဆိုတော့ ပုံမှန် လူတွေဝင်ဖို့တော့ ခက်ခဲနေဦးမယ်” ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ […]


