မုဒုံတွင် လက်နက်နှင့် မူးယစ်ဆေးဝါး တစ်သိန်းကျော် ဖမ်းမိ
diz_admin
January 6, 2021မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်း ကျေးရွာအနီးတွင် လက်နက်ခဲယမ်းများ နှင့်အတူ မူးယစ်ဆေးဝါး တစ်သိန်းကျော် ဖမ်းဆီးရမိသည်ဟု မုဒုံမြို့မရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ညက သံဖြူဇရပ်ဘက်မှ မော်လမြိုင်ဘက် သို့ မောင်းနှင်လာသည့် 1023 တပ် ခွဲ(၃)ယာဉ် နံပါတ်ပြားတပ်ထားသည့် မော်တော်ယာဉ်နှင့် ပရိုဘောက်မော်တော်ယာဉ်တို့ကို ရပ်တန့် စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ရပ်တန့်စစ်ဆေးရာတွင် ပရိုဘောက်ယာဉ်ပေါ်တွင် ယာဉ်မောင်း နှင့် အခြားအဖော်တစ်ဦးနှင့်အတူ WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂၆၀ဝ ပြား အလေးချိန် (၁၀၂၆၀) ဂရမ်၊ ထိုင်ဝမ်နိုင်ငံထုတ် ပစ္စတို သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်လေးတောင့်နှင့် ဖုန်းနှစ်လုံးတို့ကို ရှာဖွေ […]