ဖမ်းဆီးခံရသည့် မွန်ဝန်ကြီး ၃ ဦး သုံးရက်မြောက်နေ့တွင် ပြန်လွတ်
diz_admin
February 8, 2021တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် မွန်ပြည်နယ် ဝန်ကြီး ၃ ဦးသည် သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီ ကျော်တွင် ပြန်လည်လွတ်မြောက်လာ ခဲ့သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပါအဝင် အစိုးရအဖွဲ့ဝန်ကြီး အချို့တို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက တပ်မတော်မှ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို ယင်းနေ့၌ပင် ပြန်လွှတ်ပေးခဲ့သော်လည်း သယံဇာတနှင့် သဘာဝထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ကို ထိုနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းမရှိပေ။ ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် နောက်ဆုံးကျန်နေသည့် ဝန်ကြီး ၃ ဦးစလုံးကို ဝန်ကြီး […]